#St. Timothy (စိန့်တီမောတေ), (Bishop and Martyr) , Titus (စိန့်တီတူးစ်)

#St. Timothy (စိန့်တီမောတေ), (Bishop and Martyr)

#26 January 2021

 

သူသည် စိန့်ပေါလ်၏အချစ်ဆုံးတစ်ယောက်ဖြစ်သည်။ ယုံကြည်ရာ၌ စိန့်ပေါလ်၏အချစ်ဆုံးသားဖြစ်သည်။ အာရှမိုင်းနား လစ်တြာမြို့မှာမွေးဖွားသည်။ ဖခင်သည် ဇင်ဒေဦးလူမျိုးဖြစ်ပြီး မိခင်မှာဇေဒေဦးဂျူးလူမျိုးဖြစ်သည်။ အေဒီ (၄၇)ခုနှစ်၌ စိန့်ပေါလ်၏တရားဒေသနာဟောကြားခြင်းကြောင့် အသက်(၁၅)နှစ်အရွယ်ကစ၍ ဝါသနာပါခဲ့သည်။ သူ၏ဝါသနာကို စိန့်ပေါလ်ကသိရှိရာ သူ၏ခရီးသွားဖော်အဖြစ် ရွေးချယ်သည်။ ဖီလားစ်မြို့ကို တာဝန်ယူပြီး ဂျေရုဇလင်မြို့သို့ အမြဲသတင်းပို့ရန်ဖြစ်သည်။ ဂျူးနှင့်ဇင်ဒေဦးလူမျိုးပေါင်းသော (ကပြား) မိဘမှမွေးဖွားခြင်းကြောင့် ယုဒလူမျိုးများအား ဟောကြားရန် စိန့်ပေါလ်ကရွေးချယ်ခြင်းဖြစ်သည်။ (၁၃)နှစ်ကြာသော် ရောမအကျဉ်းထောင်မှာကျခဲ့သည်။ အကျဉ်းထောင်မှ ထွက်လာသောအခါ မိုင်ပေါင်း(၄၀၀၀)ကျော် ခြေလျင်ဖြင့်လာရသည်။ (၁၈)လကြာသော် သူ့အား ကောရိန္တု၌ တာဝန်ယူစဉ် သက်သာလောနိမြို့သားတို့အား ညှင်းပန်းနှိပ်စက်ခြင်းကို သွားရောက်၍အားပေးခဲ့သည်။ (၃၇)နှစ်မှာသူသည် ဧဖက်ဆရာတော်ကြီးအဖြစ် စိန့်ခရစ်စောစတုန်းက ရောမနယ်ပယ်ရှိ အာရှတိုက်တာဝန်ခံအဖြစ် ခန့်ထားသည်။ အေဒီ (၆၄)ခုနှစ်တွင် အယူဝါဒကွဲပြားသူတို့အား ပြုပြင်တိုက်ခိုက်ရန် စိန့်ပေါလ်က တီမောတေထံပထမစာကို ဂရင်းမြို့မှ ရေးသားပေးပို့သည်။ ဒုတိယစာစောင်ကို အေဒီ (၆၆)ခုနှစ်တွင် စိန့်ပေါလ်အကျဉ်းထောင်ကျခံရချိန်မှာ ခရစ်တော်အတွက် အသတ်ခံရန်နီးလာကြောင်းကိုသိသော် ရောမားမြို့မှရေးသားသည်။ သူ့အား ဒိဌိအယူဝါဒ(ဘုရားမဲ့)သူများက ကျောက်ခဲနှင့် ပစ်သတ်ကြသည်။ ဧဖက်ဆုမြို့မှာ တရားတော်အတွက်အသတ်ခံသည်။ ဗိုက်နာသောသူများကိုးစားရသော ရဟန္တာဖြစ်လာခဲ့သည်။

Titus (စိန့်တီတူးစ်)

စိန့်ပေါလ်၏အချစ်တော် တမန်တော်ဖြစ်သည်။ တမန်တော်(၇၂)ဦးအနက် တစ်ယောက်အပါအဝင်ဖြစ်သည်။ ဇင်ဒေဦးလူမျိုး၊ အန္တီအုတ်မြို့သားဖြစ်သည်။ ဂျေရုဇလင်သို့ ခရစ်တော်၏တန်ခိုးလက္ခဏာအား သတင်းပေးပို့သူဖြစ်သည်။ စိန့်ပေါလ်၏ကောရိန္တုမြို့သားတို့ထံ ရေးသောစာများအား စိန့်တီတူးစ်က အဓိပ္ပါယ်ဖွင့်ပေးခဲ့သည်။ (၅)နှစ်ခန့်ကြာသောအခါ ဧဖက်မြို့မှ ကောရိန္တုမြို့သို့ စေလွှတ်ခံရသည်။ ၎င်းနေရာမှ ဂျေရုဇလင်ရှိ ဆင်းရဲသားများအတွက် အလှူဒါနများကို စုဆောင်းပေးပို့သည်။ ဂရင်းမြို့တွင် သက်တော်(၉၄)နှစ်၌ ခရစ်တော်၌အိပ်ပျော်လေသည်။ (၈၂၃)ခုနှစ်တွင် သူ၏အရိုးများ အားဗင်းနစ်မြို့ရှိ စိန့်မာရ်ကူးဘုရားကျောင်းသို့ ပြောင်းရွေ့ကြသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

1 + 0 =