St. Tarcisius - ဓမ္မအာဇာနည်။ (၃)ရာစု။ #အသက် (၁၂)။ အီတလီနိုင်ငံ၊ ရောမမြို့။

St. Tarcisius - ဓမ္မအာဇာနည်။ (၃)ရာစု။ #အသက် (၁၂)။ အီတလီနိုင်ငံ၊ ရောမမြို့။

(သူတော်မြတ် Carlo Acutis နှစ်သက်သဘောကျခဲ့သောရဟန္တာလေးဖြစ်သလို၊ သူတော်မြတ် Carlo Acutis ၏ Webpage တွင်ကူးယူဖော်ပြပါသည်။)

ပထမရာစုအစပိုင်းတွင်ရောမမြို့သည်မည်သည့်ပုံစံနှင့်တူသနည်းဆိုလျှင် ရောမတို့သည်ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသောလူများဖြစ်သည်။ အကြောင်းမှာသူတို့သည် အင်အားကြီးမားသော ရောမအင်ပါယာဟု လူသိများသကဲ့သို့ လူအမျိုးမျိုးတို့ကိုစိုးမိုး၊ အုပ်ချုပ်ခဲ့ကြသည်။ ရောမအုပ်စိုးရှင်များနှင့် သူတို့၏စစ်သားများသည် အလွန်ရက်စက်ကြမ်းကြုတ်ပြီး သူတို့လူမျိုးနှင့် အခြားလူမျိုးများက သူတို့ကိုအလွန် ကြောက်ရွံ့ကြသည်။

တာစီစီယပ်စ်ငယ်ရွယ်စဉ်က အင်ပါယာကို ဧကရာဇ် ဗာလေးရီယန်အုပ်စိုးချိန်​​​ ဖြစ်သည်။ ယေဇူးခရစ်တော်နှင့်သူ၏သွန်သင်ချက်များကို ခရစ်ယာန်များသည် ချစ်မြတ်နိုးသောကြောင့် ဧကရာဇ်ဗာလေးရီယန်သည် ခရစ်ယာန်များကို မုန်းခဲ့သည်။ သူတို့ကိုညစ်ညူးသည့်ထောင်များသို့ ပို့ဆောင်ခံရပြီး သူတို့၏ယုံကြည်ချက်ကြောင့် အခြေအနေအမျိုးမျိုးဖြင့် အများအပြား အသတ်ခံခဲ့ရသည်။

ခရစ်ယာန်များ အဘယ်သို့အသတ်ခံခဲ့ရသနည်းဟူမူ အချို့မှာသေသည့်အထိရိုက်နှက်ခြင်းခံရပြီး အချို့မှာမီးလောင်ကျွမ်းခြင်းခံခဲ့ရကာ အများစုမှာ ရက်စက်ကြမ်းကြုတ်မှုများစွာခံထမ်ကာအသတ်ခံးခဲ့ရသည်။ ၎င်းတို့ကို (ယနေ့တိုင်တည်ရှိနေသော) Coliseum ဟုခေါ်သည့်ကြီးမားသော လူသတ်ကွင်းထဲသို့ချပစ်လိုက်ရာ ထိုနေရာ တွင်ခြင်္သေ့များ စားခံခဲ့ရသည်။

၎င်းစက်ဆုပ်ဖွယ် ရက်စက်မှုသည် ဧကရာဇ်မင်းနှင့် သူ၏မိတ်ဆွေများအတွက် အပျော်တမ်းကြည့်ရှုစရာ အားကစားတစ်ခုနှင့်သာ တူလေသည်။ သို့သော်ခရစ်ယာန်များသည် ယေဇူးခရစ်တော်အပေါ် သူတို့၏ ယုံကြည်ခြင်းကိုစွန့်လွှတ်မည့်အစား ဤအရာအားလုံးကိုခံယူခဲ့သည်။

ခရစ်ယာန်များသည် ဆုတောင်းခြင်းနှင့်ယုံကြည်ခြင်း အကြောင်းလေ့လာဝေမျှရာ၌ ဖမ်းဆီးခြင်းကို မခံရစေရန်အတွက် မိမိတို့အိမ်တွင်လျှို့ဝှက်စွာ တွေ့ဆုံကြရသည်။ အခြေအနေအလွန်အန္တရာယ် များလာသည့်အခါ သူတို့သည်လုံခြုံမှုရှိသော catacombs ဟုခေါ်သော မြေအောက်ခန်းများတွင် အတူတကွစုဝေး ဆုတောင်းကြရသည်။ သန့်ရှင်းသောမစ္ဆားတရားတော်မြတ်ကို လျှို့ဝှက်စွာ ကျင်းပနိုင်ရန်အတွက် မြေအောက်တွင် crypts ဟုခေါ်သောကြီးမားသော အခန်းများကို တည်ဆောက်ရသည်။

မြိုပြင်တွင့် အဆိုပါ catacombs ၏ဝင်ပေါက်ကို ဖုံးအုပ်ပြီးသည်နှင့် များသောအားဖြင့် ခရစ်ယာန်များသာသိသော သီးခြားအမှတ်အသားကို ထားရှိကြ၏။ ဤကဲ့သို့သော catacombs များသည်ယနေ့ခေတ်တွင်တည်ရှိဆဲဖြစ်ပြီး ရောမသို့လာရောက်လည်ပတ်သူများက တွေ့မြင်နိုင်သည်။

သူတို့သည်စုရုံး၍ ဆုတောင်းခြင်း၊ ယုံကြည်ခြင်းကို လေ့လာဝေမျှခြင်း၊ သန့်ရှင်းသောမစ္ဆားတရား တော်မြတ်ကိုကြားနာခြင်းနှင့် ကိုယ်တော်မြတ် ပင့်ယူခြင်းတို့ကို ပြုလုပ်ကြသည်။

ထိုနေရာအတွင်းသို့ စိတ်အားထက်သန်၍ ခွန်အားသတ္တိနှင့်ပြည်ဝသော ရဟန်းတော်များ၊ ဆရာတော်များသည် မိမိလူတို့အား သခင်ယေဇူး၏ အသွေးအသားတော်မြတ်ကိုပင့်ယူနိုင်ရန်အတွက် အသက်စွန့်ကာ လုပ်ဆောင်ကြသည်။

ထိုနေရာများသို့ ခရစ်ယန်များကိုရှာဖွေ တွေ့ရှိကြသောအခါ သူတို့အားဖမ်းစီး၍ ထောင်ချခဲ့ကြသည်။ ဤနေရာတွင် ခရစ်ယန်များကိုသတ်သည့် လူသတ်ပွဲကိုပြုလုပ်ရန် နေ့တိုင်း မျှော်လင့်ခဲ့ကြသည်။ သူတို့သည်ဆင်းရဲဒုက္ခများစွာခံရသော်လည်း ကိုယ်တော်မြတ်ကိုပင့်ယူနိုင်ရန်သာ စိတ်ဆန္ဒရှိကြလေသည်။

တစ်နေ့တွင်ဆရာတော်ကြီးသည် မစ္ဆားတရားတော်မြတ်ကို သူတို့၏ပုန်းအောင်းရာ မြေအောက်ခန်းတစ်ခုတွင် ပူဇော်ရန်ရှိနေစဉ် အကျဉ်းသားများထံမှစာတစ်စောင်ရရှိခဲ့ပြီး ထိုအကျည်းသားများတွင်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများနှင့် ယဇ်ပုရောဟိတ်အချို့လည်းပါရှိသောကြောင့် သူတို့ထံသို့ ကိုယ်တော်မြတ်ကို ပို့ပေးပါရန်တောင်းဆို ခဲ့သည်။

သခင်ယေဇူးသည်သူတို့နှင့်အတူရှိပါက သူတို့သည်ကြောက်ရွံ့မှုနည်းပါးကာ၊ ခွန်အားများပြည့်ဝပြီး သခင်ယေဇူးကိုချစ်သောကြောင့် အာဇာနည်များကဲ့သို့ အသေခံခြင်းကို ဝမ်းမြောက်စွာလက်ခံလိမ့်မည်ကို သူသိလေသည်။ သို့ရာတွင် အကျဉ်းသားများနှင့်ဖျားနာသူများထံသို့ ကိုယ်တော်မြတ်ကိုပို့ဆောင်ခြင်းသည် အလွန်အန္တရာယ်ရှိသည်ဟု ဘိရှော့ပ်ကသိလေသည်။

မစ္ဆားတရားအဆုံးမသတ်ခင် ဘိရှော့ပ်က မစ္ဆားတက်လာသူများအား သခင်ယေဇူး၏ အသွေးအသားကို အကျဉ်းသားများထံသယ်ဆောင်ရန် အကောင်းဆုံးပုဂ္ဂိုလ်ကိုရွေးချယ်နိုင်ဖို့ ဆုတောင်းကြ ရန်တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် ရဟန်းတော်များ အတွက်ထိုသို့ပြုလုပ်ရန်အန္တရာယ်များလွန်းသဖြင့် သံသယမဖြစ်စေရန်အခြားသာမာန်လူတစ်ဦးကို ရွေးချယ်ရန်အရေးကြီးလေသည်။

မစ္ဆားတရားပြီးသည်နှင့်ဆရာတော်က ဤအရေးကြီးသည့်အလုပ်ကို သတ္တိရှိရှိလုပ်ဆောင်ရန် မည်သူထမ်းဆောင်လိုသနည်းဟုမေးမြန်းခဲ့သည်။ မစ္ဆားတရားတွင် တရားထောက်လူငယ်ကလေး Tarcisius သည်ထပြီး “ကျွန်တော့ကိုပို့ပါ” ဟုပြောလိုက်သည်။ ဘိရှော့ပ်ကထိုလူငယ်သည် အလွန်ငယ်လွန်းပြီးအန္တရာယ်ဖြစ်စေနိုင်သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် တာစီယပ်စ်က သူသည်ငယ်ရွယ်သေးသောကြောင့်မည်သူမျှသူ့ကို သံသယဝင်မည်မဟုတ်ဟု ယုံကြည်ခဲ့သည်။ သခင်ယေဇူး၏အသွေးအသား ကိုယ်တော်မြတ်အပေါ် ထားရှိသော နက်ရှိုင်းသောတာစီးယပ်စ်၏ ချစ်ခြင်းမေတ္တာကို ခရစ်ယာန်အားလုံးသိသောကြောင့် ဘိရှော့ကထိုသူငယ်၏ကမ်းလှမ်းမှုကိုလက်ခံခဲ့သည်။

ပိတ်ချောထည်နှင့်ရစ်ပတ်ကာထုပ်ပိုးထားထည့် အိတ်ငယ်လေးကို တာစီယပ်စ်သည် သူ၏နှလုံးသားရှိရာရင်ပတ်ထဲကို သေသေချာချာ၊ ဂရုတစိုက်ထည့်ထားလိုက်သည်။ ဘိရှော့ပ်က ကောင်းကင်၏အဖိုးထိုက်လှသောရတနာကို စောင့်ရှောက်ရန် သင့်အားယုံကြည်စိတ်ချစွာ အပ်နှင်းထားသကဲ့သို့ လူထူထပ်သောလမ်းများကို ရှောင်ရှားရန်နှင့် ကိုယ်တော်ရှင်၏ ခန္ဓာသွေးသားတော်ကို ထိခိုက်ပျက်စီးခြင်းမှ လွတ်ကင်းရအောင် သစ္စာရှိစွာစောင့်ရှောက်ရန်များကို မှတ်မိရန်ပြောခဲ့လေသည်။

ဤမြင့်မြတ်သောနက်နဲသောအရာဖြစ်သည့် သခင်ယေဇူးကိုသစ္စာရှိစွာနှင့်လုံခြုံစွာကာကွယ်ရန် အတွက် တာစီယပ်စ်က သူ့ကိုထိခိုက်ဆုံးရှုံးစေမည့်အစား၊ အသေခံမည်ဟု ပြန်ဖြေခဲ့သည်။ သူ၏မြင့်မြတ်သောရတနာတော်ကို ရင်ထဲမှာသိမ်းကာပိုက်လျှက် ထောင်သို့ထွက်ခဲ့သည်။

ကျွန်ုပ်တို့၏မြတ်စွာဘုရားသခင်အားနှလုံးသားနှင့် နီးကပ်စွာသယ်ဆောင်လာစဉ် တာစီယပ်စ် အလွန်ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ သူဖြတ်သန်းခဲ့ရသည့်နေရာများ၊ လူများအတွက် စိတ်မကောင်းဖြစ်စရာအကြောင်းမရှိပါ။ သူသယ်ဆောင်သွားသည့်ယေဇူးသခင်၏ အကြောင်းကိုသာ သူစဉ်းစားလာခဲ့သည်။

သူက“အိုချစ်လှစွာသောယေဇူးဘုရား၊ မင်းကို ငါဘယ်လိုချစ်တာလဲ” ဟုတိုးတိုးပြောလိုက်သည်။ “ငါ့ကိုမင်းရဲ့တမန်တော်ကလေးအဖြစ်ရွေးချယ်တာက ဘယ်လောက်ကောင်းသလဲ။ ထောင်ထဲမှာရှိတဲ့ ဤလူကောင်းများကဲ့သို့ သင့်အတွက် ကျွန်ုပ်မည်မျှ စိတ်လိုကိုယ်လျောက်ဆင်းရဲဒုက္ခခံ၊ အသေခံလိုပါ သနည်း။ တစ်နေ့ကျလျှင် မင်းအတွက်၊ ငါ့အသက်ကိုစွန့်လွှတ်ခွင့်ရသူ ဖြစ်ချင်လှပါ၏။”

ဤချစ်ခြင်းမေတ္တာစကားများဖြင့်တိုးတိုးလေး ပြောလိုက်ပြီး မြန်မြန်ဆန်ဆန်ပြေးသွား၏။ catacombs အလွန် လမ်းမကြီးပေါ်တွင် ကစားနေသည့် လူငယ်အဖွဲ့တစ်ဖွဲ့ကိုတွေ့ကာ သူဖြတ်ကျော်သွားခဲ့သည်။ တာစီယပ်စ်ကိုတွေ့လျှင် လူတစ်ယောက်လိုနေသဖြင့်သူတို့နှင့်အတူ လိုက်ပါကစားရန်ပြောခဲ့သည်။

သူက “တောင်းပန်ပါတယ်၊ ကျွန်တော်ကအရေးကြီးတဲ့ သတင်းစကားပို့ရန်ရှိပါသည်” ဟုပြောသည်။ သူသည်အလျင်အမြန်ပြေးသွားသော်လည်းသူငယ်တို့သည်သူ့ကိုဖမ်းကာ မလွှတ်ဘဲနေကြ၏။

“မင်းအဲဒီမှာဘာရှိလဲ” Tarcisius ၏လက်များသည် ရင်ဘတ်ပေါ်တွင်မည်မျှ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြောင်းကို တစ်ယောက်ကပြောလိုက်သည်။

တာစီယပ်စ်က “ခွင့်ပြုပါ။” “ မဟုတ်ဘူး၊ မဟုတ်ဘူး” ဟုအော်ဟစ်ကာသူ့ကိုယ်သူ လွတ်မြောက်ရန် ရုန်းကန်နေရသည်။ သူ၏စိုးရိမ်ပူပန်သည့်အသွင် ကြောင့် သူတို့အားလုံးသိလိုကြကာ သူ၏လက်များကို တွဲထုတ်ရန်အတူတကွကြိုးစားခဲ့ကြသည်။

“သခင်ယေဇူး၊ ကျွန်ုပ်ကိုခွန်အားပေးပါ” ဟု တာစီယပ်စ်ကသူ၏အသက်ရှူသံနှင့်တမျှတိုးတိုးလေးပြောလိုက်သည်။ သို့သော်ယောက်ျားလေး တစ်ဦးသည်သူ၏စကားကိုကြားပြီးအခြားသူများအား“သူကခရစ်ယာန်တစ်ယောက်ပါ။ သူကအဲဒီမှာ ခရစ်ယာန်တို့ရဲ့နက်နဲသောအရာအချို့ကိုဖုံးကွယ်ထားတယ်။”

ဤသည်ယောက်ျားလေးများကိုပိုပြီး သိလိုစိတ်ပြင်းထန်လာစေ၏။ သူတို့သည်မိမိကိုယ်တိုင် စစ်ဆေးကြည့်ရှုရန်စိတ်ပိုင်းဖြတ်ကာ သူ့ကိုရိုက်နှက်ခြင်း၊ ကျောက်ခဲနှင့်ပစ်ပေါက်သတ်ခြင်း၊ ကန်ကျောက်ခြင်းနှင့်လက်များကိုဆွဲထုတ်ရန်အတင်းကြိုးစားကြလေတော့သည်။

လမ်းမှာဖြတ်သွားသောလူတစ်ယောက်က ဘာဖြစ်တာလဲ ဟုမေးသည်။ ယောက်ျားလေးတစ်ယောက်က “သူကခရစ်ယာန်တစ်ယောက်ပါ။ နက်နဲသောအရာ အချို့ကိုသယ်ဆောင်လာတယ်။ ငါတို့ကသူ့ဆီကနေ ရယူဖို့ကြိုးစားနေတယ်။”

“မင်းပြောတာ ခရစ်ယာန်တစ်ယောက်လား” ထိုသူသည်တာစီယပ်စ်အားရက်စက်စွာ ပြင်းထန်သော လက်သီးဖြင့်ထိုးနှက်လိုက်ရာ သူသည်မြေပေါ်သို့ ပုံကျသွားလေသည်။

ဤအချိန်၌ပင်စစ်သားတစ်ဦးသည် အုပ်စုဆီသို့ အလျင်အမြန်ရောက်လာပြီးသူတို့ကို ဘယ်ညာဖြန့်ကျက်လျှက် ဦးညွှတ်ကာ တာစီယပ်ကို သူ၏လက်များဖြင့်ဆွဲထူလိုက်သည်။

"မင်းတို့.. သူရဲဘောတွေကွာ၊ အားလုံးက လူကလေးလေးတစ်ယောက်ကို….” သူကလမ်းပေါ်မှအမြန်ပြေးပြီးတိတ်ဆိတ်တဲ့လမ်းကြောထဲကိုခေါ်သွားခဲ့သည်။

"Tarcisius, လူလေး" ဟု သူခေါ်သည်။ ”ချောမွေ့နေတဲ့ကျောပြင်လေး။ ဖျော့တော့နေတဲ့မျက်နှာပေါ်ကျနေတဲ့ ဆံပင်ကောက်ကောက်လေး။”

တာစီယပ်စ်သည်သူ၏မျက်စိကိုဖွင့်၍ စစ်သားကို ကြည့်ကာ သူသည် catacombs တွင်မကြာခဏ တွေ့ဆုံလေ့ရှိသည့်ခရစ်ယာန်တစ်ယောက်ဖြစ်ကြောင်းအသိအမှတ်ပြုခဲ့သည်။

သူက “ငါသေတော့မယ်၊ ဒါပေမဲ့ဘုရားသခင်ကို သူတို့လက်က ငါကာကွယ်ပေးပြီ” လို့ပြောတယ်။ ထို့အပြင်သူသည်မိမိ၏အဖိုးထိုက်သောရတနာဘဏ္ဍာလေးကိုစစ်သားအားပေးခဲ့သည်။

ကာစီယပ်စ်က “သူ့ကိုထောင်ထဲကိုသယ်ဆောင်သွားပေးပါ။” နူးညံ့သိမ်မွေ့စွာဖြင့်သူသည် စစ်သား၏လက်ထဲသို့ပေးအပ်လိုက်လေသည်။

မိမိ၏အသက်တာကိုလိုလိုလားလားပေးခဲ့သော သူ့စိတ်ဝိညာဉ်သည် ဘုရားသခင်နှင့်အတူရှိပြီးဖြစ်သည်။ တစ်ချိန်ကယေဇူးကိုယ်တိုင်က “လူသည်အဆွေခင်ပွန်းအတွက်မိမိအသက်ကိုစွန့်ခြင်းထက် ဤမျှလောက်ချစ်ခြင်းမေတ္တာမရှိ” ဟုမိန့်ဆိုခဲ့သည်။

တာစီယပ်စ်သည်သူငယ်ချင်း၏မိတ်ဆွေယေဇူးခရစ်တော်အတွက်သူ၏အသက်ကိုပေးခဲ့သည်။

kyesemyanmar

 

Add new comment

2 + 4 =