St. Severin of Noricum (စိန့်ဆေဗာရိန် နိုရီကွန်း) Abbot (AD-482)

St. Severin of Noricum (စိန့်ဆေဗာရိန် နိုရီကွန်း) Abbot (AD-482)

8 January

သူ၏ဇာတိကိုတိကျစွာ မသိသော်လည်း လက်တင်ဘာသာရေးသားခြင်းကို ကြည့်ပါက ရောမလူမျိုးဖြစ်ကြောင်းကို ခန့်မှန်းရသည်။ တစ်ချိန်က ရသေ့တောထွက်ဘဝ၌ နေခဲ့ပြီးမှ နိုရီကွန်းလူတို့အား တရားဟောကြားရန် တောထွက်ရသေ့ဘဝမှ ပြောင်းလာသည်။ ပထမ (Astura)တို့ဆီ ဟောကြား၍ အခက်အခဲများစွာ ကြုံတွေ့ရသည်။ ”မင်း“ တို့အား အပြစ်ဒဏ်ပေးရန် ဘုရားသခင်အမျက်သင့်ကြောင်းကို ကြိုတင်ဟောထားသည်။ ဘုရားသခင်က ဟန့်ဘားလူတို့လက်မှာ ”မင်း“ တို့အားအပ်ထားသည်ဟု ကြိုတင်ဟောထားသည့်အတိုင်း မကြာခင် ဒုက္ခရောက်ကြလေသည်။ ဟန့်ဘားတို့က အမှန်တိုက်ခိုက်၍ မြို့ကြီးများကို ဖျက်ဆီးခြင်း၊ လူတို့အား သတ်ဖြတ်ခြင်းများကိုပြုပြီးမှ စိန့်ဆေဗာရိန်အား ရိုသေကြသည်။

ဒါနူးရှိ ဗက်တီနာမြို့အား ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒုက္ခမှလွတ်ရန် သူ့အား နောင်တနှင့်ဆိုင်သောတရားများကို ဟောကြားရန် ဖိတ်ခေါ်ကြသည်။ သူသည် အလွန်ချမ်းသာသော သူဌေးမကြီးတစ်ယောက်အား အလှူဒါနပေးရန် မေတ္တာရပ်ခံသောကြောင့် ငတ်မွတ်ခြင်းဘေးသို့ ကျရောက်နေသောဆီနာလူတို့အား ကယ်တင်နိုင်ခဲ့သည်။ သူသည် အခြားသောတန်းခိုးများစွာကိုလည်း ပြုလုပ်ခဲ့သည်။ အဖမ်းခံရသောသူအား ကယ်တင်လွှတ်ပေးခြင်း၊ လူနာအားကျန်းမာစေခြင်း၊ အဖိနှိပ်ခံလူတို့အား လွတ်ငြိမ်းမှုရစေခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမှ ကယ်ဆယ်ခြင်း၊ ငြိမ်းချမ်းရေးရစေခြင်းစသည့် လူ့စွမ်းအားဖြင့် မတတ်နိုင်သောတန်ခိုးများ၊ သူရောက်၍သွန်သင်သောနေရာမှာ ဘုရားကျောင်းကြီး ထင်ရှားစေသည်။ လူထုကသူ့အား ဆရာတော်ကြီးဖြစ်စေလိုသော်လည်း သူသည် လက်ရှိဘဝအခြေအနေနှင့် လုပ်ငန်း၌သာ ပို၍နှစ်သက်ခဲ့သည်။

(Biotro near Passau) ဘိုင်အိုထရိုနှင့် ဗက်ဗီနားတွင် ရသေ့ကျောင်းများ ဖွင့်လှစ်သည်။ နေဝင်သည့်အချိန်အထိ ဘာမှမစားဘဲလည်း နေလေ့ရှိသည်။ ခြေနင်း(ဖိနပ်) မပါဘဲလျှက် သဘာဝအတိုင်း လမ်းလျှောက်သည်။ သူ၏အခန်းငယ်သည် နိမ့်လွန်းသည့်အတွက်ကြောင့် ဘာဘဲရီးယားဘုရင်နှင့် မိဖုရားတို့လာသည့်အခါ မတ်တပ်ရပ်၍ မရကြပါ။ နေရာအခန်းသည်လည်း သနားစရာ ဆင်းရဲစွာနေခဲ့သည်။ သူကွယ်လွန်မည့်အကြောင်းကို ကြိုတင်၍ ဟောထားခဲ့သည်။ သူသည် ဇန်နဝါရီလ(၁၂)ရက်နေ့တွင် နေမကောင်းဖြစ်ပြီး (Let every Spirit praise the Lord) ဝိညာဉ်တိုင်း ဘုရားအားချီးမွမ်းစေသတည်းဟု ထပ်ခါထပ်ခါရွတ်ဆိုရင်း အသက်တော်ထွက်သွားရှာသည်။

အင်ဒိုဆာတို့ ရောမတွင် ပြန်လည်အုပ်စိုး၍ အကြီးအကဲဖြစ်လာသောအခါ ရသေ့များသည် သူ၏အလောင်းအား နီပေါနားက (Luculanum) လူကူလာနူသို့ ရွေ့ပြောင်းကြသည်။ သူ၏ဓာတ်တော်မွေတော်များကို ဘက်နဒီတင်း ရသေ့ကျောင်းတွင် ထား၍ သူ့နာမည်ကိုပေးကြသည်။

Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

1 + 1 =