St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021

St. Pius V (Pope), စိန့်ပီအူးစ် (၅) (1504-1572) 30 April 2021

မီချယ်လီကီစလက်ရီသည် ပီအေမွန်၌ ဂုဏ်ရှိသောမိသားစုမှ မွေးဖွားခဲ့သည်။ အသက် (၁၄)နှစ်အရွယ်၌ တရားဟောပြောခြင်း အဖွဲ့၌ဖြစ်သည်။ အသက်(၂၄)နှစ်၌ ရဟန်းသိက္ခာ ခံယူခဲ့သည်။ (၁၆)နှစ်အထိ ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီ ပညာသင်ကြားရေး၌ တာဝန်ယူ သင်ပေးသည်။ ရိုးသားဖြူစင်ခြင်း၊ မိမိကိုယ်ကို စည်းကမ်းသေဝပ်ခြင်း၊ ဆုတောင်းမေတ္တာ၌ ပျော်မွေ့ခြင်း၊ ဆင်းရဲခြင်း ပါရမီကျင့်၍ နယ်လှည့်ခရီးသွားပါက ခြေလျှင်ဖြင့်သွားခြင်း စသည့်ပါရမီများ ကျင့်ခဲ့သည်။ ၁၅၅၆-ခုနှစ်၌ စူထရီဆရာတော်ကြီး ဖြစ်လာသည်။ သူ၏ဇွဲလုံ့လနှင့် ယုံကြည်ထက်မြက်မှုကြောင့် ၁၅၅၇-ခုနှစ်၌ ရဟန်းအမတ် ဖြစ်လာသည်။ မျက်နှာလိုက်၍ ဆွေးမျိုးဘက်လိုက်ခြင်း ဖြစ်သည်။ “Sacred Collage” ကျမ်းစာသင်ကောလိပ်ကျောင်း၌ တာဝန်ပေးခြင်းအား ငြင်းပယ်လိုက်သည်။ ဧကရာဇ်မင်း မာစီမီနာ(၂)က အိမ်ထောင်မပြုဘဲ ဖြူစင်ခြင်း ထိန်းသိမ်းခြင်းအား ဖျက်စီးရန် ဖိအားပေးခြင်းအား ငြင်းပယ်သည်။ ၁၅၆၆-ခုနှစ်၌ ပီအူးစ်(၄) သေဆုံးသောအခါ ဆရာတော်ကီစလတ်ရီသည် ရဟန်းမင်းကြီး အတွင်းဝန် ဖြစ်သည်။ စိန့်ချားလ်စ်ဘရိုမေအိုက ရဟန်းမင်းကြီးနေရာ၌ တာဝန်ယူရန် အဆိုသွင်းခဲ့သည်။ ထိုအချိန်က ရဟန်းမင်းအသစ်သည် စည်းကမ်းသေဝပ်စွာနှင့် ယုံကြည်ခြင်း ထက်မြက်သူ ဖြစ်ကြောင်း လူသိများသည်။

ပုပ်ရဟန်းမင်းကြီး ပီအူးစ်(၅)သည် သူသည်ပါရမီနှင့် ပြည့်ဝသူ ဖြစ်သည်။ ကိုယ်တော်မြတ် စက္ကမင်တူးရှေ့မှာ တနေ့နှစ်ကြိမ် ဒူးထောက် ကမ္မဌာန်းရှုလေ့ ရှိသည်။ ဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲ၍ မကျန်းမာသူများနှင့် ဆေးရုံမှာနေသော လူနာအား ကြည့်ရှုလေ့ ရှိသည်။ ဆရာတော်ကြီးတို့အား ရဟန်းဖြစ်ကျောင်းများ ဖွင့်လှစ်ကြီးကြပ်ရန် ညွှန်ကြားသည်။ သရင်းမြို့ကောင်စီ၌ အသင်းတော်အား ပြန်လည်အသစ်တဖန် ရှင်သန်ပြုပြင်ပြောင်းလဲရေး လုပ်ကြသည်။ အသင်းတော်၌ မြူးစိများ၊ ဘုရားဝတ်ပြုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်စေသည်။ မစ္ဆားတရား ပူဇော်ရာ၌ သုံးသည်။ “Domine non sum dignus, the confineor, the placeat prayer often mass, and the blessing” တို့ကို သုံးစေသည်။

ဘုရားအလိုတော်နှင့်ညီအောင် လောကကြီး လက်ခံရန် ကြိုးစားသည်။ နိုင်ငံရေးအရ ရှုပ်ထွေးသောနေရာ အင်္ဂလန်ဘုရင်မ ဧလိဇဘက်ကို အသင်းတော် အပြင်၌ထား၍ အပြစ်ဒဏ်ပေးသည်။ အားလုံးစည်းလုံး ညီညွှတ်ရန် ဥရောပတိုက်ရှိ မင်းညီမင်းသားများအား တိုက်တွန်းခဲ့သည်။ သူ့ရည်ရွယ်ချက် အောင်မြင်ရန် ဘာသာသူတိုင်း ခြိုးခြံခြင်း၊ နောင်တရယူခြင်းနှင့် အလှူဒါနပြုရန် တိုက်တွန်းသည်။ ၁၅၆၇-ခုနှစ်၌ ရဟန်းမင်းကြီး ရည်ရွယ်ချက်အတွက် ရသေ့ကျောင်းများ၊ ကွန်ဗင့်ကျောင်းများ၏ ဝင်ငွေထဲက ဆယ်ဖို့တစ်ဖို့အား ပေးယူရသည်။ တူရကီများက ဆိုက်ပရာစ်အား တိုက်ခိုက်သောအခါ ဗင်နီချယ်၊ ကျဲနိုအား၊ စပိန်နှင့် Holy See တို့နှင့်အတူ ဒွန်ခွန်ခေါ် ဩစတေးလျနိုင်ငံသားက သင်္ဘောကပ္ပတိန်လုပ်၍ စစ်သည်များနှင့်အတူ ရောမမြို့၌ စိပ်ပုတီစိပ် ဆုတောင်းခြင်းဖြင့် အောင်မြင်ခြင်းသရဖူအား ရခဲ့သည့်အတွက် ရဟန်းမင်းကြီးက စိပ်ပုတီးသခင်မ ခရစ်ယာန်များအား မှိုင်းမသောသခင်မလီတနီအား “Loreto” ဆက်ဆိုကြေငြာသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

4 + 4 =