St. Oscar Romero

St. Oscar Romero (24 March 1980, El Salvador မှာ လုပ်ကြံခံခဲ့ရတဲ့ ကက်သလစ်ဆရာတော် ဓမ္မအာဇာနည်သူရဲကောင်း)Mission of the Church (against repression) 

အသင်းတော်ရဲ့ မစ်ရှင်တာ၀န်က ဆင်းရဲနွမ်းပါးသူများနှင့် ရပ်တည်ဖို့ဖြစ်ပြီး တရားမျှတမှုအတွက် သူတို့နှင့်အတူ တိုက်ပွဲ၀င်ဖို့ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသင်းတော်ဟာ သူ့ရဲ့ကယ်တင်ခြင်းကို ရရှိမှာပါ။

ယခုလို အသင်းတော်ရဲ့ မေတ္ကာရပ်ခံခြင်းဟာ ချမ်းသာပြီး သြဇာအာဏာရှိသူတွေရဲ့ နှလုံးသားတွေကို ပိုမိုခိုင်မာခြင်းမရှိစေဘဲ သူတို့ကို လမ်းမှန်ဘက်ပြောင်းလဲလာစေဖို့ ကျွန်ုပ်မျှော်လင့်ပါတယ်။ယခုပြောင်းလဲချိန်မှာ သင်တို့ဟာ အဓိကလုပ်ဆောင်နေတဲ့သူများဖြစ်ကြပါတယ်။ရက်စက်ကြမ်းကြုတ်မှုတွေရပ်တန့်သွားဖို့ သင်တို့နှင့် အဓိက သက်ဆိုင်ပါတယ်။ အတိတ်ကအရင်းရှင်စနစ်ကိုပဲ တွယ်ကပ်မနေပါနှင့်။ ယခုအချိန်ကာလဟာ ခောတ်သစ်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံး ဘုရားသားသမီးအနေနှင့် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ လူ့ဂုဏ်သိက္ခာနှင့် နေရမယ့်အချိန်ဖြစ်ပါတယ်။ စစ်တပ်ထဲကလူတွေကို အထူးမေတ္ကာရပ်ခံချင်ပါတယ်။ ညီအစ်ကိုတို့၊ သင်တို့တစ်ယောက်စီဟာလည်း ကျွန်ုပ်တို့တစ်ယောက်စီဖြစ်ပါတယ်။

ကျွန်ုပ်တို့ဟာ လူလူချင်းအတူတူဖြစ်ကြပါတယ်။သင်တို့သတ်လိုက်တဲ့ တောင်သူလယ်သမားတွေဟာ သင်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေပဲ ဖြစ်ကြပါတယ်။ လူတစ်ယောက်ကသင်တို့ကို သတ်မိန့်ပေးတာကိုကြားတဲ့အခါ ဘုရားရဲ့စကားတော်ကိုပဲ စဉ်းစားဆင်ချင်လိုက်ပါ - သင်သည် လူ၏အသက်ကို မသတ်ပါနှင့်။ ဘုရားရဲ့ဥပဒေနှင့်ဆန့်ကျင်တဲ့အမိန့်ကို ဘယ်စစ်သားမှ လိုက်နာစရာ မလိုပါဘူး။

သူ့ရဲ့နာမတော်နှင့် ညှင်းပမ်းနှိပ်စက်ခံရလို့ ငိုကြွေးအော်ဟစ်သံတွေ ကောင်းကင်ထိရောက်တဲ့လူတွေအားလုံးရဲ့အမည်နာမများ၌ကျွန်ုပ် အနူးအညွှတ် ပန်ကြားပါတယ်၊ ကျွန်ုပ်တောင်းပန်ပါတယ်၊ ကျွန်ုပ်အမိန့်ပေးလိုက်ပါတယ် - ဖိနှိပ်ချုပ်ချယ်မှုတွေကို ရပ်လိုက်ပါ။

အရှင် အော်စကာ ရိုမဲရို ကျွန်ုပ်တို့အဖို့ငှါဆုတောင်းပေးတော်မူပါ။

အမှောင်ထုဖုံးလျက်၊ ခံပြင်းဒေါသအတွင်းပိတ်မိနေသော အကျွန်ုပ်တို့အတွက် ဘုရားရှင်ထံ အသနားခံပေးတော်မူပါ။ အမှားအမှန်ကိုပြတ်သားစွာသိမြင်လျက် တရားမျှတမှူကို အမြော်အမြင်သတိကြီးစွာနှင့် ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ရယူနိုင်ရန် ခွန်အားကိုလည်းကောင်း၊ အချင်းချင်းအကြား ဝိဝါဒကွဲပြားလျက် ကစဉ့်ကလျားမဖြစ်စေဘဲ ဒေါသအလျောက်ပြုကျင့်ပြောဆိုမှူများကို ရှောင်လွှဲနိုင်ရန် ညဏ်ပညာအလင်းကျေးဇူးကိုလည်းကောင်း၊ ကုန်ဆုံးလုနီးပါးဖြစ်နေသော ကျွန်ုပ်တို့၏ စိတ်ရှည်သည်းခံခြင်းကို ဆက်လက်ထိန်းသိန်းနိုင်ရန် နည်းလမ်းကောင်းများကိုလည်းကောင်း ပေးသနားတော်မူရန် တောင်းလျှောက်ပေးတော်မူပါ။

Credit to the original writer.

Credit: Phyo Min

Add new comment

7 + 12 =