St. Nicholas De Flue, စိန့်နီကောလာစ်ဒေဖလူး (1417 – 1487)

St. Nicholas De Flue, စိန့်နီကောလာစ်ဒေဖလူး (1417 – 1487)

#21 March 2021

စိန့်နီကောလာစ်သည် ဆွီဇာလန်ပြည်၌ မွေးဖွားသည်။ သူ့ဘဝ၌ ခရစ်ယာန်ကောင်းဖြစ်ကြောင်း ထင်ရှားစေသည်။ စစ်တပ်ဘဝ၌ ခရစ်တော်အား သက်သေခံသည်။ ကန်တွန်အတွက် စစ်တိုက်ရာ၌ အောင်မြင်မှုရသဖြင့် ကပ္ပတိန်ရာထူးပေးအပ်ခြင်း ခံရသည်။ သူသည် ဒေါရတီနှင့် လက်ထပ်ပြီး ကလေး(၁၀)ယောက် ရသည်။ နိုင်ငံတော်အတွက် အမှုထမ်းရာ လူများစိတ်ချ ယုံကြည်အားကိုးသူ ဖြစ်သည်။ ညတိုင်း ဘုရားထံ ဆုတောင်းမေတ္တာပြုလုပ်သည်။ လူများချစ်ခင်ခြင်းခံရသည်။

၁၄၆၇ -ခုနှစ် သက်တော် (၅၀) ရောက်သောအခါ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ “holy Trinity” ထင်ရှားပြ၍ သူ့ဘဝအား ဘုရားသခင်ထံ အပ်နှံပူဇော်ရန်ဖြစ်သည်။ ထို့ကြောင့် မိသားစုအတွက် လိုအပ်တာတွေ စီစဉ်ပေးပြီး ဘုရားကျောင်းငယ် တစ်ကျောင်းရှိသည့် တောင်ပေါ်တက်၍ တရားအားထုတ်ခဲ့သည်။ နှစ် (၂၀)လောက် ဆုတောင်းမေတ္တာပြု၍ ဘဝအပ်နှံ၍ အစာရှောင်၊ အသားရှောင်၊ ခြိုးခြံခြင်းကျင့်သည်။ တခါတလေ ရေတောင်မသောက်ဘဲ ခြိုးခြံခဲ့သည်။ အစားအစာမစားဘဲ ကိုယ်တော်မြတ်အားဖြင့်သာ အသက်ရှင်ခဲ့သည်။

နာမည်ထင်ရှား ကျော်ကြားလာသောအခါ သူ့ဘဝအား လာရောက်လေ့လာ ကြည့်ရှုကြသည်။ အထက်တန်းလွှာ လူတန်းစား၊ အောက်တန်းစားစသည့် လူတိုင်း သူ့အခန်းသို့ လာရောက်လေ့လာကြသည်။ သူ၏ဆုတောင်းမေတ္တာ ကျင့်ကြံပုံကို လူတိုင်း လေ့လာကြည့်ရှုကြသည်။ ၁၄၈၁ -ခုနှစ် ဆွီဒင်ကိုယ်စားလှယ် နယ်အသစ်က ဆာတန်မှာ စုဝေးနေကြသည်။ (ကိုရင်) ဘရာသာရ် ကလောခ် ထွက်လာပြီးမှ ယခုဆွီဆာလန်ပြည် တည်ထောင်ကြသည်။ နယ်အသစ်သစ် ခွဲခြားထားသည်။ ကိုယ်စားလှယ်အသီးသီးက သဘောတူကြ၍ ပေါင်းစည်းကြ၍ ဆွီဆာလန်ပြည် တည်ထောင်ကြသည်။ သူ့အား ၁၉၄၇ - မေလ ၁၅-ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးပီအူးစ် (၁၂)က ရဟန္တာတင်မြောက်ခဲ့သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

16 + 3 =