St. Martin (I), စိန့်မာတင်း (၁)

St. Martin (I), စိန့်မာတင်း (၁)

13 April 2021

စိန့်မာတင်း၏ (၆)နှစ်တာ အသင်းတော် အုပ်ချုပ်သည့် ကာလတွင် (Latesan Council) လာသရင်းကောင်စီ ကျင်းပပေးခဲ့သည်။ ဆရာတော် (၁၀၅)ပါး ပါဝင်စည်းဝေးကြသည်။ ရောမမြို့၌ ကျင်းပသော ဤအစည်းအဝေး၌ ခရစ်တော်၏ လူ့ဇာတိအဖြစ် ယူခြင်းအားဖြင့် ငြင်းပယ်သူများအား ချေပကြသည်။

ကောင်စီ၏ ပြဌါန်းချက်အား ဧကရာဇ်မင်း ကွန်စတန်တင်(၂)က ဆန့်ကျင်သည်။ ပုပ်ရဟန်းမင်းကြီးအား အသက်အန္တရာယ်ပေးရန် ကြိုးစားသည်။ ဘုရင်မင်းကြီး ပုပ်ရဟန်းမင်းနေရာသို့ တိတ်ဆိတ်ဝင်ရောက် ဖမ်းစေသည်။ လပေါင်းများစွာ ပုပ်ရဟန်းမင်းကြီးအား အကျဉ်းချထားသည်။ အမျိုးမျိုး ညှင်းပန်းနှိပ်စက်ပြီး ရက်စက်ခဲ့သည်။ အစာမကျွေးဘဲထားခြင်း၊ ရိုက်နှက်ခြင်းများဖြင့် ကွန်စတန်တင်နိုပယ်၌ အကျဉ်းချသည်။ သူ့အား ချဲဆွန်ကျွန်းသို့ ပို့သည်။ တရားတော်အတွက် အသေခံသော ပုပ်ရဟန်းမင်းကြီး မာတင်(၁)သည် နောက်ဆုံးဖြစ်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

2 + 18 =