St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054)

St. Leo IX (Pope), စိန့်လေအို (၉) (ဆရာတော်) (1002-1054)

19 April 2021

ဘရုနုသည် ဧကရာဇ်မင်း ကုန်ရတ်နှင့် ဆွေမျိုးတော်သူဖြစ်သည်။ ဘရုနုသည် အသင်းတော် ဥပဒေဆိုင်ရာပုဂ္ဂိုလ် (၁၅)ဦးအနက် (Toul)တိုလ်အတွက် တစ်ဦးဖြစ်သည်။ ဆရာတော်များ (၂၅)ပါးလည်းပါသည်။ ၎င်းအချိန်မှာ အသင်းတော်သည် နှစ်ပေါင်း(၂၀)အတွင်း ဒုက္ခအခက်အခဲ ကြုံတွေ့ချိန်ဖြစ်သည်။ ၁၀၄၉-ခုနှစ်၌ ရောမမြို့သို့ ခရီးလှည့်သည့်အချိန်မှာ ရဟန်းမင်းကြီးအဖြစ် တင်မြောက်တော်မူခြင်းအား လက်ခံသည်။ (၅)နှစ်အတွင်းသာဖြစ်သည်။ သူသည် အချိန်တိုတောင်းလှသော အုပ်ချုပ်ချိန်မှာ ကြိုးစားစွာ ပြုပြင်ပြောင်းလဲရေးအား ခရီးထွက်ဟောကြားခြင်းဖြင့် လုပ်ခဲ့သည်။ ဂျာမဏီ၊ ပြင်သစ်၊ အီတလီစသည့် နိုင်ငံဒေသ အနှံ့အပြားရောက်ခဲ့သည်။

သူရောက်သည့်နေရာတိုင်းမှာ ကောင်စီအစည်းအဝေးခေါ်သည်။ မကောင်းသတင်းများနှင့် ဘုရားအားဆန့်ကျင်သော အယူဝါဒများအား ပြုပြင်ပြောင်းလဲသည်။ သာသနာအမှုထမ်းများ၊ ရဟန်းတော်များအား ကျင့်ဝတ်သိက္ခာနှင့်အညီ ဆောင်ရွက်ကြိုးစားရန် ပြုပြင်သွန်သင်ခဲ့သည်။

အကြံပေး ပုဂ္ဂိုလ်များအနက် ဟီလ်ဒေဘရန် နောင်ဂရေဂရီ (သတ္တမမြောက်) သည် ဥရောပနိုင်ငံများ၌ စိတ်အားထက်သန်စွာလုပ်သူ ဖြစ်သည်။

ပြင်သစ်အစည်းအဝေးကြီး၌ စိန့်ပီတာဒါမီးယာန်း ရေးသားသည်မှာ အင်္ဂလန်ဆရာတော်များ၊ ရသေ့များ၊ စပိန်ဆရာတော်များ၊ ဘရေတွန်များ၊ ဖရင့်(ခ်)များနှင့် စကောလူမျိုးများသည် ခရီးအမြဲလှည့်သည်။ ပုပ်ရဟန်းမင်းကြီးအား လာရောက်တွေ့ဆုံ ဩဝါဒခံယူကြကြောင်း ရေးသားမှတ်တမ်းတင်သည်။ ရဟန်းမင်းကြီး လေအိုအချိန်၌ စကော့တလန် ဘုရင်မင်းမြတ်သည် ရောမသို့အလည်လာခဲ့သည်။ မိစ္ဆာဒိဌိ အယူရှိသူများအား အပြစ်ပေးကြသည်။ အိုင်ယာလန်ဇာတိ ဆရာတော်ကြီး တစ်ပါးအား သိက္ခာတင်ပေးကြသည်။ ဘရစ်မင်းအား ဆရာတော်တာဝန် ထမ်းဆောင်စေ၍ စကန့်ဒီနာဗီ၊ ကရင်လန်၊ အိုင်ယာလန် အသင်းတော်အား အုပ်ချုပ်ရန် တာဝန်ပေးအပ်ကြသည်။ အရှေ့ဘက်အသင်းတော်၌ လေအိုသည် ကွန်စတန်တင်နိုပါလ် အုပ်ချုပ်သူ မိုက်ကယ်ဆေရိုအာရီအိုစ် ရောမအသင်းတော်အား ရက်စက်စွာအတိုက်အခံပြုလုပ်၍ လက်တင်ဘာသာသုံး ဘုရားရှိခိုးကျောင်းအား ခဏပိတ်ထားသည်။ ဤသို့အားဖြင့် အရှေ့ပိုင်းအသင်းတော် ကွဲထွက်ရန် အစပြုကြသည်။

ပုပ်ရဟန်းမင်းကြီးက ဤကဲ့သို့သောအနှောက်အယှက် ခက်ခဲချိန်မှာ ကြိုးစားခုခံကာကွယ်ခဲ့သည်။ တောင်ပိုင်း အီတလီနိုင်ငံ၌ (Norman) နောမံဒီအား တိုက်ခိုက်နှင်ထုတ်ရန် ကြိုးစားစေသော်လည်း မအောင်မြင်ခဲ့ပါ။ သူကိုယ်တိုင်အဖမ်းခံပြီး (၉)လ ထောင်ချခံရသည်။ ကျန်းမာရေးလည်းချို့တဲ့လာသည်။ ၁၉-ဧပြီလ ၁၀၅၄-ခုနှစ် သက်တော်(၅၂)နှစ်၌ စိန့်ပီတာ ဘာဆီလီကာကျောင်းတော်၌ ဘုရားစင်ရှေ့မှာ အသက်ထွက်ခဲ့သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

13 + 3 =