St. Joseph Cottolengo, စိန့်ဂျိုးဇက် ကောတိုလေဂို (1786 – 1842) (9 April)

St. Joseph Cottolengo, စိန့်ဂျိုးဇက် ကောတိုလေဂို (1786 – 1842) (9 April)

သူ့အား အီတလီ စိန့်ဗင်းဆင်းဒီပေါလ်၏ သူငယ်ချင်းနှင့် စိန့်ဂျွန်ဘောစကို၏ ရှေ့ပြေးဟုခေါ်ကြသည်။ အီတလီပြည် တူရိန်မြို့၌ ဘုရားအမှုထမ်းခဲ့သည်။ တနေ့သေခါနီး အမျိုးသမီးအား ပရိတ်တော်ဆီလူးရန် သူ့အားခေါ်ကြသည်။ သူမအား ထားစရာနေရာအိမ် မရှိသည့်အတွက် ဒုက္ခသည်များ နေစရာအိမ်လိုကြောင်း သတိထားမိသည်။ အိမ်ခန်းလေးတစ်ခု ငှားခဲ့သည်။ လူနာများအိပ်ရန်ကုတင်များ အမျိုးသမီးတစ်ဦးက လှူဒါန်းသည်။ ဆရာဝန်၊ ဆရာမများအား ပထမခြေလှမ်းအနေဖြင့် စေတနာဝန်ထမ်းဖြင့် စတင်လုပ်ခဲ့သည်။ တဖြည်းဖြည်း အခန်းများတိုးချဲ့ကာ မကြာခင် ဖါသာရ်ဂျိုးဇက် ကောတိုလေအို (ဘုန်းတော်ကြီး ဂျိုးဇက်ကောတိုလေဂို) သည် သူနာပြုများအား လူနာများပြုစုရန် ဖွဲ့စည်းတည်ထောင်သည်။

သူသည် တူရိန်မြို့ကို အခြေခံ၍ “The Little House of Divine Providence” ဘုရားသခင် စီမံကိန်းအိမ်ငယ်လေးအား မျိုးစေ့ကြဲတည်ထောင်သူဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးပီအူးစ်(၁၀)က “The House of the Miracle” ဘုရားတန်ခိုးတော်အိမ်ဟု နာမည်ပေးသည်။ မြေဧက (၂၀)အတွင်း ရဟန်းဖြစ်သင်ကျောင်းများ၊ ကွန်ဗင့်ကျောင်း (Convents) အလုပ်သင်၊ လက်မှုပညာဌာန (Workshops) စာသင်ကျောင်းများ၊ ဆေးရုံများတည်ထောင်သည်။ လူပေါင်း (၉၀၀၀) ကျော်အား မေတ္တာစေတနာနှင့် ကြည့်ရှုပြုစုရာနေရာဖြစ်သည်။ ကာယ၊ဝိညာဉ်နှစ်ဖြာ အကျိုးပေးခဲ့သည်။ အထူးသဖြင့် မရှိဆင်းရဲသူများ၊ အင်္ဂါချို့တဲ့သူများ၊ မိဘမဲ့ကလေးများ၊ လူထုံလူအ၊ နောင်တရအမျိုးသမီးဂေဟာ၊ ရောဂါမျိုးစုံကုသရာဌါနများ တည်ထောင်သည်။ သာသနာ့ဝန်ထမ်း (၁၄)ဂိုဏ်းက ကြည့်ရှုတာဝန်ယူကြသည်။ ၎င်းလုပ်ငန်းအား စေတနာအလှူရှင်များအားဖြင့် တည်ထောင်လုပ်ကိုင်ခဲ့သည်။

တခါတလေ လုပ်ငန်းအတွက် ငွေလိုပါက ဘုန်းတော်ကြီးဂျိုးဇက် ကောတိုလေဂိုသည် သူ့အင်္ကျီများ၊ ပစ္စည်းများရောင်းပြီး ဆင်းရဲသားများအား ကျွေးမွေးခဲ့သည်။ အခြေခံဝင်ငွေ မရှိပေမဲ့ ဘုရားအားကိုးခြင်းဖြင့် လုပ်ငန်းစခဲ့သည်။ အလှူရှင်များအား ဘုရားသခင်ကစီမံပေးသည်။ သူသည် စိတ်နှလုံးကောင်းရှိသူဖြစ်သည့်အတိုင်း မိမိအတွက် ဘာမှမရည်ရွယ်ပါ။ ဘုရားအတွက် လူများအကျိုးရှိစေဘို့ လုပ်ကိုင်သည်။ ကလေးသူငယ်များ၊ ဒုက္ခိတများနှင့်အတူ ကစားတတ်သည်။

သူသည် ၁၈၄၂ ခုနှစ် ဧပြီလ ၂၉-ရက်နေ့တွင် (Chieri) ချီရီ၌ (typhrid) အူရောင်ငန်းဖျားရောဂါဖြင့် ကွယ်လွန်သည်။ ၁၉၁၇-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဘက်နဒစ် (၁၅)က သူတော်မြတ် တင်မြောက်သည်။ ၁၉၃၄-ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီအုစ် (၁၁)က ရဟန္တာအဖြစ် တင်မြောက်သည်။

FR. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

6 + 7 =