St. John of Beverley (Bishop), စိန့်ဂျွန် (ဘီဗာလေ) #7 May 2021

St. John of Beverley (Bishop), စိန့်ဂျွန် (ဘီဗာလေ) #7 May 2021

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

သူသည် Yorkshire ဇာတိဖြစ်သည်။ ငယ်စဉ်က ကန်သာဘိုရီမြို့၌ ပညာသင်ယူခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော် တီအိုဒိုလက်ထက်၌ ပညာဆည်းပူးခဲ့သည်။ နောက်ပိုင်း၌ ဘက်နဒက်ဂိုဏ်းဝင်၍ စိန့်ဟေလာရီတပည့် ဖြစ်ခဲ့သည်။ အေဒီ ၆၈၇-ခုနှစ်၌ တာဟမ်း ဆရာတော်ကြီးအဖြစ် သိက္ခာခံယူသည်။ ၇၀၅-ခုနှစ်တွင် မွေးဇာတိ York ၌ ဂိုဏ်းချုပ်ဆရာတော် တာဝန်ယူသည်။ (၁၅)နှစ်တိုင် ဆရာတော်တာဝန် ထမ်းဆောင်ပြီး သူ့နေရာတွင် ညီတော်သူ စိန့်ဝီလ်ဖရီ ဆက်ခံသည်။ မကြာခင်မှာပင် ၎င်းနေရာ၌ ဘုရားသခင် ပြန်လည် သိမ်းပိုက်ခြင်း ခံရသည်။

ဘီလေဗာ၏ စိန့်ဂျွန်သည် တရားဟောပြော သွန်သင်ခြင်း ကျေးဇူးတော်၊ ဆင်းရဲသားများအား ဝေငှစွန့်ကြဲခြင်း စသည့် ပါရမီထူးချွန်သည်။ သူ့လက်အောက် ရဟန်းတော်များသည် ၎င်းပါရမီရှိရန် လမ်းညွှန်ခဲ့သည်။ သူ့တပည့်များထဲမှ စိန့်ဘက်ဒေးတစ်ယောက် နာမည်ကြီး၍ ထူးချွန်သည်။ ၇၀၂-ခုနှစ်၌ စိန့်ဘက်ဒေးအား သူကိုယ်တိုင် ရဟန်းသိက္ခာ ပေးခဲ့သည်။ စိန့်ဂျွန် (ဘီဗာလေ)၏ (Shrine) ရုပ်တုရှေ့၌ ဆုတောင်းသူများသည် ကမ္ဘာနှင့်အဝန်း ယုံကြည်၍ ကြည်ညိုသူများ မြောက်မြားလှသည်။

Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

1 + 0 =