St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်)

St. George (Martyr), စိန့်ဂျော့ (ဓမ္မအာဇာနည်)

#23 April 2021

စိန့်ဂျော့သည် ဒေအိုကလေရှား လက်ထက်၌ ဒီအိုပိုလစ်၊ ပါလက်စတိုင်းနိုင်ငံ၌ တရားတော်အတွက် အသေခံခဲ့သည်။ သူ၏ကိုးကွယ်ယုံကြည်ခြင်းသည် ရှေးကျလှသည်။ ဂါလီလေအိုင်အရှေ့ဘက် ထရာခေါနီခရိုင်၌ တရားဟောခဲ့သည်။ ၁၈၆၈-ခုနှစ်၌ သူ၏အုတ်ဂူသင်္ချိုင်းကို တွေ့ခဲ့ကြသည်။ ဂရိတ်လူမျိုးများ၏ကိုးစားရာ ရဟန္တာကြီးဖြစ်၍ အထူးသဖြင့် တပ်မတော်၊ စစ်မှုထမ်းများ ကိုးစားရာ ရဟန္တာဖြစ်သည်။

အနောက်နိုင်ငံများ၌ စစ်သည်သူရဲကောင်းများ၏ စံနမူနာနှင့် မိန်းကလေးများ ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်ရှားကျော်ကြားသည်။ ပုပ်ရဟန်းမင်းကြီး ကယ်လာစီအုစ်က အေဒီ ၄၉၅-ခုနှစ်၌ စိန့်ဂျော့အား ဘုရားသခင်နှင့် သက်ဆိုင်ရာ ဂုဏ်ပြုခြင်းတစ်ခု ပြုခဲ့သည်။

နဂါးကြီးနှင့်ဆိုင်ရာ ဝတ္တုဇာတ်လမ်းတစ်ခု ရှိခဲ့သည်။ ရာစုနှစ် (၁၂-၁၃) ပတ်ဝန်းကျင်မှာ တရားတော်အတွက် အသေခံခဲ့သည်။

စိန့်ဂျော့သည် သန့်ရှင်းသူ (၁၄)ပါးအနက် တစ်ပါးအပါအဝင် ဖြစ်သည်။ အထူးသဖြင့် အင်္ဂလန်ပြည်အတွက် ကိုးစားရာ ရဟန္တာကြီးဖြစ်သည်။ ပေါ်တူဂီ၊ ဂျာမဏီနှင့် ဗင်နီချယ်မြို့နှင့် ကာနိုအာမြို့တို့၏ ကိုးစားရာ ရဟန္တာလည်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဘက်နဒက်(၁၄)က စိန့်ဂျော့အား အင်္ဂလန်ပြည်၏ ကိုးစားရာ ရဟန္တာဖြစ်ကြောင်း တရားဝင်ကြေငြာသည်။ ယောကျ်ားကလေးများ၊ တောင်သူလယ်သမားများ၊ ကုန်းနှီးကကြိုးတန်ဆာ လုပ်ကိုင်ရောင်းချသူများနှင့် အဖျားကြီးသူများ ကိုးစားရာလည်းဖြစ်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

3 + 2 =