St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်)

St. Galdinus (Bishop), စိန့်ကားလ်ဒီနူးစ် (ဆရာတော်)

18 April 2021

စိန့်ကားလ်ဒီနူးစ်သည် မီလန်မြို့၏ကိုးစားရာ ရဟန္တာအဖြစ် သတ်မှတ်ကြသည်။ သူ့နာမည်အား လီတာနီဆုတောင်းရာ၌ စိန့်အာမ်ဘရုစ်နှင့် စိန့်ချာလ်စ်ဘရိုမေရိုတို့ပြီးရင် အမြဲတမ်း သူ့နာမည်က ပါဝင်ရသည်။ သူသည် မီလန်ဆရာတော်၏ အတိုင်ပင်ခံသူလည်းဖြစ်သည်။

၁၁၅၀-ခုနှစ် ပုပ်ရဟန်းမင်းကြီး အလက်ဇန္ဒြား(၃) ရွေးကောက်သည့်အချိန်မှာ တချို့ကာဒီနယ်များက အတိုက်အခံ ပြုလုပ်ကြသည်။

မီလန်မြို့က အာဏာပိုင်အစိုးရအား အာခံခဲ့ပြီးဖြစ်သည်။

ဖရက်ဒီများက မြို့အားဝင်ရောက်သိမ်းပိုက်၍ ဆရာတော်ဟူးဘတ်နှင့် ဦးပဉ္စင်းကြီး ကားလ်ဒီနူးစ်အား ပြည်နှင်ဒဏ်ပေးကြသည်။ ဆရာတော်ဟူးဘတ်သည် ပျံလွန်တော်မူသည်။ သူ့နေရာမှာ ကားလ်ဒီနူးစ်အား ဆရာတော်တာဝန်ပေးအပ်ကြသည်။

၁၁၆၆-ခုနှစ် ဆရာတော် ပျံလွန်တော်မူပြီး ကားလ်ဒီနူးစ်အား အလက်ဇန္ဒြား(၃)က သိက္ခာတင်မြောက်ပေးသည်။ သို့သော် တချို့ကဆန့်ကျင်ကြသည်။ စိန့်ကားလ်ဒီနူးစ်သည် ဘုရားအားပူဇော်၍ လုံဘာများက ကူညီထောက်ပံ့၍ မီလန်မြို့အား ပြုပြင်ရန် ဆုံးဖြတ်ကြသည်။

သူသည် မနားမနေ တရားဟောသည်။ ဆင်းရဲသားများအား ကူညီစောင့်ရှောက်ခဲ့သည်။ ရဟန်းဘုန်းတော်ကြီးများအား စည်းကမ်းဥပဒေများကို တိကျစွာလိုက်နာစေသည်။

နောက်ဆုံးသောအချိန်မှာ မစ္ဆားတရားဟောရန် အားနည်းလှသော်လည်း အသင်းတော်ယုံကြည်ရာ (Doctrine)အား ဟောပြောရန် ကြိုးစားနေဆဲဖြစ်သည်။ မစ္ဆားတရားဟောပြီး ချက်ခြင်းအားအင်ချို့နဲ့၍ စဉ်းစားဉာဏ်လည်း ပျောက်ကွယ်ပြီး ဘဝအဆုံးသတ်ခဲ့သည်။ ဘုရားသခင်ထံ ငြိမ်သက်စွာ အနားယူခဲ့သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

2 + 1 =