St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622)

St. Fidelis of Sigmaringen (Martyr), စိန့်ဖီဒဲလစ် (ဓမ္မအာဇာနည်) (1577-1622)

24 April 2021

မာဒ်ရောသည် ဂျာမဏီတောင်ပိုင်း စီမာရီဂျင်မြို့၌ မွေးဖွားသည်။ သူ့ဖခင်သည် ၎င်းမြို့၌ မေဂျာတစ်ဦးဖြစ်သည်။ (၆)နှစ် ဥပဒေပညာ သင်ယူဆည်းပူးသည်။ သူ၏ခြိုးခြံ၍ ရိုးသားစွာကျင့်ခြင်းဖြင့် နာမည်ကျော်သည်။ သူ့ကိုသူဆင်းရဲသားများ၏ ကရုဏာရှင်ဟု ထင်ခဲ့သည်။ ၁၆၁၁-ခုနှစ် အသက် ၂၄-နှစ်တွင် ဥပဒေဆိုင်ရာ အကျင့်များ လူတွေပျက်ပြားသည့်အတွက် ဘုရားအတွက် သာသနာအမှုထမ်းရန် ဆုံးဖြတ်သည်။ သူ့လုပ်ငန်းများကို ထားခဲ့သည်။ ရဟန်းဘောင်သို့ဝင်၍ သိက္ခာခံယူပြီး ဆင်းရဲသားများအား သူပိုင်ပစ္စည်းများ ဝေငှခဲ့သည်။ ဖီဒဲလစ်နာမည်ယူ၍ ဖရီဘတ်ရှိ ကာပူချန်ဂိုဏ်းသို့ ဝင်ခဲ့သည်။

ကာလ်ဗင်အသင်းနှင့် ယွင်းဂလင်းအသင်းသို့ ဝင်ရောက်သူများ ပြန်လည်နောင်တယူ ပြန်လှည့်ရန် သူသည်ကြိုးစား၍ အများကြီးပြန်ဝင်လာသည်။ ဟောပြောခြင်းထက် စာပေအားဖြင့် နာမည်မပါဘဲ သွန်သင်ခဲ့သည်။

၁၆၂၁-ခုနှစ်၌ ရဟန်းမင်းကြီး၏ သံတမန်အဖြစ် ရွေးခြင်းခံရသည်။ ဘက်နဒီတင်းရသေ့ဂိုဏ်း ပြန်လည်ပြုပြင်ရန် တာဝန်ရှိသည်။ မကြာခင် သူ့အကြီးအကဲက ဆွီဇာလန်ပြည်သို့သွားပြီး ယွင်းဂလင်းများအား တရားဟော၍ အမှန်တရားပြန်မြင်ရန် သာသနာပြုစေလွှတ်သည်။ ၁၆၂၂-ခုနှစ် ရောမ၌ သာသနာပြန့်ပွားရေးလုပ်ငန်းအား ၎င်းလုပ်ငန်းကို အကြောင်းပြု၍ ရဟန်းမင်းကြီး ဂရေဂေါ်ရီက စတင်ခဲ့သည်။

စိန့်ဖီဒဲလစ်သည် ဘုရားအတွက် လုပ်ငန်းစတင်သည်။ ကားတိုင်၊ ကျမ်းစာ၊ ပရိတ်ရွတ်ဖတ်စာအုပ်နှင့် ကာပူချန် ဥပဒေစာအုပ်များသာ ယူသွား၍ ဆင်းရဲခြင်းပါရမီ အပြည့်အဝနှင့် သာသနာပြုသွားခဲ့သည်။ အသင်းတော်အား ဆန့်ကျင်တိုက်ဖျက်သူများအား ဘုရားကျောင်းများ၊ လဟာပြင် ကွင်းပြင်၌ ဖြေရှင်းတရားဟောခဲ့သည်။ သူဟောပြောသွန်သင်ခြင်းအားဖြင့် အသင်းတော်ထဲသို့ များစွာဝင်ရောက်လာကြသည်။

ပရော်တက်စတန် အသင်းခေါင်းဆောင်များက သူ့အားဆန့်ကျင်ကြ၍ ၁၆၂၂-ခုနှစ် ဧပြီလ ၁၄-ရက်နေ့တွင် ဘုရားသခင်ထံမှ ဆွဲထုတ်ကြ၍ ပရော်တက်စတန်များက ဓါးနှင့်ထိုးသတ်ကြသည်။ စိန့်ဖီဒဲလစ်သည် ကာပူချန်ဂိုဏ်းမှ သာသနာပြန့်ပွားရန် စေလွှတ်ခြင်း ခံရသူအနက် တရားတော်အတွက် ပထမဦးဆုံး အသေခံသူဖြစ်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

 

Add new comment

3 + 2 =