St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021

St. Cletus (Martyr), စိန့်ကလေတူးစ် (ဓမ္မအာဇာနည်)  26 April 2021

ကလေတူးစ်နာမည်သည် အာနာကလေတူးအား အတိုကောက်အားဖြင့် ခေါ်ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးမျာစာရင်းမှာ (၂)ရာစုမှ (၄)ရာစုနှစ်အတွင်း ရှေးဘာသာသူများက ရေးမှတ်ကြသည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ကလေတူးစ်နှင့် အာနာကလေတူးစ်တို့သည် တယောက်မဟုတ်ဘဲ တခြားစီဖြစ်ကြောင်း ဖော်ပြကြသည်။ ထို့ကြောင့် ဧပြီလ ၂၆-ရက်နေ့နှင့် ဇူလိုင် (၁၃)ရက်နေ့အား ရဟန္တာများအား ဂုဏ်ပြုကြသည်။

စိန့်ကလေတူးစ်သည် စိန့်လီနူးစ်အား ဆက်ခံသည်။ အေဒီ (၇၆)ခုနှစ်၌ ရဟန်းမင်းတာဝန် ယူသည်။ ရာစုနှစ် (၆)တွင် ဗာတီကန်တောင်ကုန်း၌ ဘုရားကျောင်းနှင့် စိန့်ပေါလ်သင်္ချိုင်း၌ ဘုရားကျောင်းငယ် တည်ဆောက်ခဲ့သည်။

ဧကရာဇ်မင်း ဒေါမီရှားလက်ထက်၌ တရားတော်အတွက် အသေခံခဲ့သည်။ နေရိုးဘုရင် ဤသို့ခရစ်ယာန်များအား နှိပ်စက်သတ်ဖြတ်သည်။ သူ့အား ဗာတီကန်သင်္ချိုင်းဂူမှာ သင်္ဂြိုလ်ကြသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

19 + 0 =