St. Catherine of Sweden (Virgin), စိန့်ကက်သရင်း (ကညာစင်) (1331 – 1381)

St. Catherine of Sweden (Virgin), စိန့်ကက်သရင်း (ကညာစင်) (1331 – 1381)

#22 March 2021

ဆွီဒင်ဘုရင်၏ ကလေး (၄)ယောက် ကွန်ဗင့်ကျောင်း၌ ပညာသင်ကြားခဲ့ကြသည်။ ကက်သရင်းလည်း ရက်စ်ဘတ်ကွန်ဗင့်မှာ ပညာသင်ကြားခဲ့သည်။ အသက် ၁၄-နှစ်အရွယ်၌ လက်ထပ်ခဲ့သည်။ ဖခင်အား နာခံခြင်းအားဖြင့် ကက်သရင်းသည် လက်ထပ်ခြင်း လက်ခံခဲ့သည်။

၁၃၄၉ -ခုနှစ်၌ ကက်သရင်းယောင်္ကျားဆုံးသွား၍ မုဆိုးမဖြစ်ရရှာသည်။ ရောမမြို့မှာ ဘုရားအမှုတော် ထမ်းကြသည်။ ၁၃၇၂-ခုနှစ်တွင် စိန့်ကက်သရင်းနှင့် စိန့်ဘရစ်ဂျစ်တာတို့နှစ်ယောက် ဂျေရုဇလင်သို့ ဘုရားဖူးသွားကြသည်။ မကြာခင် (၂)နှစ်အကြာ စိန့်ဘရစ်ဂျစ်တာ သေဆုံးသည်။ စိန့်ကက်သရင်းသည် မိခင် ဘရစ်ဂျစ်တာအလောင်းအား ဆွီဒင်သို့ ပြန်ယူလာသည်။ ဘရစ်ဂျစ်တာကွန်ဗင့်၌ သင်္ဂြိုလ်မြုပ်နှံခဲ့သည်။ စိန့်ကက်သရင်းသည် ဘရစ်ဂျစ်တာကွန်ဗင့်၌ အကြီးအကဲဖြစ်လာ၍ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ခဲ့သည်။

၁၃၈၁-ခုနှစ်၌ ရောမသို့ ဘုရားဖူးကြာရှည်စွာ သွားခဲ့၍ Wadstena ၌ သေဆုံးခဲ့သည်။ သူမသည် “ဝိညာဉ်များ နှစ်သိမ့်ခြင်း” ခေါင်းစဉ်နှင့်စာအုပ် ရေးသားခဲ့သည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

1 + 1 =