St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021

St. Catherine of Siena (Virgin), စိန့်ကက်သရင်း (ကညာစင်) (1347-1380)  29 April 2021

သူမသည် စီအေနာ၌ မွေးဖွားခဲ့သည်။ ကလေး(၂၅)ဦး မိသားစုမှ ဖြစ်သည်။ မိသားစုများသည် သစ်သားများ ဆေးဆိုး၊ ဆေးချယ်လုပ်ငန်းဖြင့် အသက်မွေးသူ ဖြစ်သည်။ စိန့်ကက်သရင်းသည် ငယ်စဉ်ဘဝကစပြီး ဘုရားတရားဆိုင်ရာ ကြည်ညို ကျင့်သုံးခဲ့သည်။ အသက်(၁၆)နှစ်အရွယ်မှာ ဒေါမီနီကန်သီလရှင်ဂိုဏ်းဝင်ရန် မိမိအိမ်၌ (၃)နှစ်ကျင့်ယူရသည်။ ၎င်းနောက် အနူစွဲသူများနှင့် ကင်ဆာရောဂါသည်များအား ကြည့်ရှုစောင့်ရှောက်ရန် မိမိကိုယ်ကို ပူဇော်ခဲ့သည်။

ကိုယ်တော်မြတ် ရှေ့မှောက်မှာ နာရီအချိန်တန်ကြာ ဒူးထောက်၍ ပူဇော်ဆုတောင်း၍ အပြစ်မှာနစ်မွန်းသူများနှင့် ဆုတောင်းမေတ္တာ မလုပ်ချင်သူများ ပြန်နောင်တရရန် လုပ်ခဲ့ရသည်။ ဒေါမိနစ်ကန် ရသေ့ကျောင်း၌ ဘုရားတန်ခိုးတော်အားဖြင့် ပုလိပ်ရောဂါသည် နှစ်ယောက်အား စိန့်ကက်သရင်းက ၎င်းရသေ့နှစ်ပါးအား သူမဆုတောင်းပေး၍ ဘုရားထံပြန်လည် သင့်မြတ်ခြင်းရသူများ အာပတ်ဖြေ နားထောင်ပေးရန် ညွှန်ကြား၍ လူများစွာ အာပတ်ဖြေကြသည်။ နေရာအနှံ့အပြား စိန့်ကက်သရင်း၏ ဝိညာဉ်ရေးလမ်းညွှန် သွန်သင်မှုအား ခံယူရန် လာရောက်ကြသည်။ အသက် (၂၈)နှစ်၌ ဒဏ်ရာတော်(၅)ချက် ရရှိသည်။ သွေးယိုစီးမှုအား အပြင်အပ၌ မထင်ရှားစေပါ။

ထိုအချိန် နိုင်ငံရေး ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးစားခဲ့သည်။ ရဟန်းမင်းကြီးနှင့် မင်းညီမင်းသားများကြား၌ ဆက်စပ်ညှိနှိုင်းရန် သူမကြိုးစားပေးသည်။ ၁၃၇၇-ခုနှစ်၌ ရဟန်းမင်း ဂရေဂေါ်ရီ (၁၁)အား ရောမသို့ပြန်လာ၍ သီတင်းသုံးရန် အသနားခံခဲ့သည်။ ငြိမ်းချမ်းရေးအတွက် အမြဲကြိုးစား လုပ်ဆောင်ပေးသူ ဖြစ်သည်။ အသက်(၃၃)နှစ်၌ ဘုရားသခင် ပြန်လည်သိမ်းပိုက်ခြင်း ခံရသည်။ သူမရေးသော စာအုပ်များထဲမှာ “ဘုရားသခင်နှင့် ဝိညာဉ် စကားပြောခြင်း” ဟူသည့် စာအုပ်သည် အထင်ရှားဆုံး ဖြစ်သည်။ ဝိညာဉ်ခွန်အား ရစေသည်။

စိန့်ကက်သရင်း စီအေနာသည် အီတလီ ပြည်သူပြည်သားများ ကိုးစားရိုသေသည့် ရဟန္တာဖြစ်သည်။ မီးဘေးဒုက္ခ၊ ကပ်ရောဂါကျရောက်ချိန်နှင့် ခေါင်းကိုက်ရောဂါသည်များ ကိုးစားရာရဟန္တာ ဖြစ်သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

17 + 0 =