St. Benedict Joseph Labre, စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ (15 April )

St. Benedict Joseph Labre, စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ (15 April )

စိန့်ဘေနေဒစ် ဂျိုးဇက် လာဘရီ ကို ပြင်သစ်ပြည် ဘောကွန်မြို့၌ မွေးဖွားသည်။ ညီအစ်ကို မောင်နှမ(၁၅)ဦးအနက် အကြီးဆုံးဖြစ်သည်။ တောင်သူလယ်သမား၊ ဆိုင်ရောင်း အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။ ဦးလေးကျောင်းထိုင် ဘုန်းတော်ကြီးထံ ပညာသင်ကြားခဲ့သည်။ သို့သော် ရဟန်းဘောင်ဝင်ရန် ခေါ်တော်မူခြင်း မရကြောင်း သူနားလည်သည်။ သို့သော် ဘဝတမျိုးဖြင့် ဘုရားအတွက် အမှုထမ်းဆောင်ရန် သဘောပေါက်သည်။

ရသေ့ကျောင်းများ၌ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ ဤကဲ့သို့ ရသေ့ကျောင်းဝင်ရန် ကြိုးစားသောအချိန် အပြင်းဖျားခဲ့သည်။ အသက်(၂၂)နှစ်မှာ ရောမမြို့သို့ ခရီးထွက်ရန် နှိုးဆော်ခြင်း ခံရသည်။ ဤကဲ့သို့ ခရီးလှည့်လည်သွားရာ (၁၃)နှစ်ကြာသည်။ စပိန်ပြည်၊ ပြင်သစ်ပြည်၊ ဂျာမနီပြည်၊ ဆွီဇာလန်ပြည်နှင့် အီတလီပြည်သို့ သွားရောက်ခဲ့သည်။ အထူးသဖြင့် ခရစ်ယာန် Shrine များအား ဆုတောင်းလေ့လာသည်။ သူသည် အိတ်ထဲမှာ သမ္မာကျမ်းစာ၊ ပရိတ်ရွတ် ဆုတောင်းမေတ္တာစာအုပ်နှင့် သခင်ယေဇူးအား အတုယူစာအုပ်သာ ယူသွားသည်။

သူသည် အစာရှောင်ခြင်း၊ ဝါရှောင်ခြင်း ပါရမီအားကျင့်သည်။ ဆင်းရဲခြင်းပါရမီအား အထူးကျင့်ခဲ့သည်။ သူရရှိသောငွေအား ဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲလေ့ရှိသည်။ ငြိမ်သက်စွာ ဆုတောင်းခြင်းအား နေ့ညမပြတ် ပြုလုပ်ခဲ့သည်။ မေတ္တာတရားလုပ်ငန်းများ၌ အထူးကြိုးစား လုပ်ဆောင်ခဲ့သည်။ သူသည် ဒုက္ခအခက်အခဲ ကြုံတွေ့ရသော်လည်း ဘယ်သောအခါမျှ ငြီးတွားခြင်း မရှိပါ။ သူခံစားရသည့် ဝေဒနာအား ပြင်းပြလွန်းပါက တခြားသူများက အလိုအလျောက် ခံစားနိုင်ကြသည်။ သူသည် အစီစီမြို့၌ ဖရန်စစ္စကင် အကြီးအကဲတစ်ဦး ဖြစ်လာသည်။ ခရီးလှည့်လည်ပြီး (၇)နှစ်ကြာသောအခါ ရောမမြို့အား ဌာနချုပ်အဖြစ် နေရာယူခဲ့သည်။ သူသေခါနီးအချိန် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ ခံစားခဲ့ရသည်။

ခရစ်တော်သခင် လက်ဝါးကားတိုင်ရှေ့မှာ လက်များဆန့်တန်းလျက် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။ သူ၏ဘုရားကြည်ညိုခြင်းအား တိုးတက်ပြန့်ပွားစေသည်။ နာရီပေါင်း (၄၀) ဆုတောင်းမေတ္တာ ပြုလုပ်ခြင်းအား တိုးတက်စေသည်။ သူသည် အဆက်မပြတ် ဆုတောင်းခြင်းအတွက် နာမည်ကျော်ကြားသည်။ မယ်တော်သခင်မအား သဒ္ဒါကြည်ညိုခြင်း ထင်ရှားသည်။ ၁၇၈၃-ခုနှစ် သက်တော် (၃၅)နှစ်၌ (Holy Week) ဝါကြီးဝင်သည့်အပတ်မှာ ဘုရားသခင်၏ ပြန်လည်သိမ်းပိုက်ခြင်း ခံရသည်။ သူမှတဆင့် ဘုရားသခင်ထံ ဆုတောင်းသောသူများထဲမှာ (၃၅)ဦးသည် ပြန်လည်ကျန်းမာ ကုသပျောက်ကင်းကြောင်း တန်ခိုးတော်များ ရရှိကြသည်။ သူသေဆုံးပြီး (၃)လအတွင်း ဤကဲ့သို့ (၃၅)ခု တန်ခိုးလက္ခဏာ ထင်ရှားခဲ့သည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

1 + 8 =