St. Augustine of Canterbury (Bishop), သံဩဂုတ်စတင်း (ကန်တာဘူရီ) (ဆရာတော်) #27 May 2021

St. Augustine of Canterbury (Bishop), သံဩဂုတ်စတင်း (ကန်တာဘူရီ) (ဆရာတော်) #27 May 2021

ကန်တာဘူရီ (Canterbury)၏ ပထမဦးဆုံး ဆရာတော်ဖြစ်သော သံဩဂုတ်စတင်းသည် ရောမမြို့ရှိ အနြူးရသေ့ကျောင်းတွင် ရသေ့တစ်ပါး ဖြစ်သည်။ သက္ကရာဇ် ၅၉၆-ခုနှစ်တွင် သံဩဂုတ်စတင်းသည် အဖော်အယောက် ၃၀နှင့်အတူ အင်္ဂလန်သို့ သာသနာပြုရန် ပုပ်သံမဟာဂရေဂေါ်ရီမှ စေလွှတ်ခြင်း ခံရသည်။ သူတို့သည် ကင့် (Kent)ခရိုင်ကို အခြေချသည့်အခါ ဘုရင်အေသယ်ဘတ် (Ethelbert)က သူတို့ကို ဝက်သစ်ချပင်အောက်တွင် လက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဂါထာမန္တရားများ၊ မျက်လှည့်အတတ်များကို အသုံးပြုမည်ကို စိုးရိမ်သည့်အတွက် ဖြစ်သည်။

သူတို့၏ကောင်းသော ရည်ရွယ်ချက်များကို ယုံကြည် လက်ခံလာပြီးသော ဘုရင်သည် ကန်တာဘူရီ (Canterbury)တွင် မြေနေရာအချို့ကို သူတို့အားပေးပြီး သူတို့လိုလား နှစ်သက်သော မည်သည့်နေရာတွင်မဆို ဟောပြောနိုင်သောအခွင့်ကို ပေးခဲ့သည်။ ထောင်ပေါင်းများစွာသော သူတို့သည် ခရစ်ယာန် ယုံကြည်ခြင်းကို လက်ခံလာကြပြီး သက္ကရာဇ် ၅၉၇-ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော် ပွဲနေ့တွင် ရှင်ဘုရင်ကိုယ်တိုင် ဆေးကြောခြင်းကို ခံယူခဲ့သည်။

သာသနာပြု ပုဂ္ဂိုလ်များသည် ရဟန်းမင်းကြီးနှင့် အစဉ်မပြတ် ဆက်သွယ်မှုရှိပြီး “မွန်မြတ်သော အမြင့်ဆီသို့ တက်ချင်သောသူသည် တဆင့်ချင်း သွားရမည်၊ ခုန်ကျော်၍ သွားလို့မရ” ဟူသော ရဟန်းမင်းကြီး၏ အကြံပြုချက်ကို လိုက်နာ ကျင့်သုံးကြသည်။ သူတို့သည် မိစ္ဆာဒိဌိတို့၏ နတ်ဘုရားကျောင်းများကို မဖျက်ဆီးကြဘဲ ၎င်းတို့ကို ခရစ်ယာန် ဝတ်ပြုမှုများအတွက် နေကဇာတင်သည်။ ဒေသန္တရ ထုံးတမ်းဓလေ့များကို တတ်နိုင်သမျှ ရှိမြဲရှိစေပြီး ဒိဌိတို့၏ ပွဲလမ်းသဘင်များတွင် ရဟန္တာတို့၏ ပွဲနေ့များနှင့် အစားထိုးကျင်းပသည်။ သံဩဂုတ်စတင်းသည် ကန်တာဘူရီ (Canterbury)တွင် ဘုရားရှိခိုးကျောင်း တစ်ကျောင်းနှင့် စိန့်ပီတာနှင့် စိန့်ပေါလ်အား ဆက်ကပ်ပူဇော်သော ရသေ့ကျောင်း တစ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ တိုင်းပြည်တခွင်တွင် သာသနာအသစ်များကို ဖွင့်လှစ်ခဲ့သည်။ သက္ကရာဇ် ၆၀၅-ခုနှစ်တွင် ပျံလွန်တော်မူပြီး ထိုအချိန်မှစ၍ အင်္ဂလန်နိုင်ငံ၏ တမန်တော်အဖြစ် ကြည်ညိုလေးစားခြင်း ခံရလေသည်။

#စိန့်ဖရန်စစ်ဇေးဗီးယားဘရာသာရ်များ (Press)

Add new comment

1 + 16 =