St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109)

St. Anselm of Canterburi (Bishop), စိန့်အန်းဆဲလ် (ဆရာတော်) (1033-1109)

21 April 2021

သူသည် အီတလီပြည် အာအိုစတာ၌ မွေးဖွားသည်။ မြင့်မြတ်သောမှူးမတ် အမျိုးအနွယ်ဖြစ်သည်။ မိခင်သည် ကောင်းမြတ်သိမ်မွေ့ရုံသာမက ဘုရားတရား ကြည်ညိုလေးစားသူလည်း ဖြစ်သည်။ ထို့ကြောင့် သူ့သား အန်းဆဲလ်အား ဘုရားတရား ကြည်ညိုယုံကြည်ရန် သွန်သင်ခဲ့သည်။ အန်းဆဲလ်သည် မိခင်သေဆုံးပြီးနောက်ပိုင်း ဖခင်က အန်းဆဲလ်အား ရက်စက်စွာ ပြုမူဆက်ဆံသည့်အတွက် ပြင်သစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နှစ်အတန်ကြာ လျှောက်သွားလာပြီး ၁၀၆၀-ခုနှစ် ဘက်နော်မံဒီတွင် ဘေနဒီတင်းရသေ့ကျောင်း၌ ဝင်ရောက်ပညာ ဆည်းပူးသည်။ သူတော်မြတ် လန်ဖရန်က စတင်ဖွင့်လှစ်ခဲ့သည်။ ၎င်းကျောင်း၌ သူသည် စံပြနမူနာယူစရာ ကျောင်းသားဖြစ်ခဲ့သည်။ (၃)နှစ်ကြာသောအချိန် သူသည် ကျောင်းထိုင်အကြီးအကဲ ဖြစ်လာသည်။ (၁၅)နှစ်ကြာသောအချိန် အုပ်ထိန်းသူ ကျောင်းအုပ်ရသေ့ကြီး ဖြစ်လာသည်။

သူသည် (ဒဿနိက) ကျိုးကြောင်းဆင်ခြင်တုံပညာနှင့် (ဓမ္မသင်္ဂြိုလ်ပညာ) ဘုရားတရားဆိုင်ရာ၊ ပညာများဆိုင်ရာ စာအုပ်များ ရေးသားပြုစုခဲ့သည်။ သတ္တဝါတို့ဖြစ်စဉ်ဆိုင်ရာ စဉ်းစားတွေးခေါ်စရာများဖြင့် ဘုရားသခင် တည်ရှိကြောင်းအား ထင်ပေါ်စေရန် စာအုပ်များ ရေးသားခဲ့သည်။ ရသေ့ဘဝ၌ အင်္ဂလန်ပြည်သို့ သွားရောက်၍ တရားဒေသနာအတွက် ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ အမှန်တရားအား လမ်းပြခဲ့သည်။ သူ၏ဇွဲထက်သန်မှုကို စိတ်ချ၍ ကန်သန်ဘူရီ ဆရာတော်ကြီးက သူ့အား ဘုရင်ဝီလျံ (အနီ) အား သူမှားယွင်း ကျူးကျော်ခြင်းအား ပြုပြင်ရန် ငြင်းခုံစေခဲ့သည်။

လန်ဖရန် သေဆုံးပြီး (၄)နှစ်ကြာ သူ့နေရာ၌ လူလိုအပ်နေသည်။ သူ့အား ပြည်နှင်ဒဏ်ပေးခံရသည်။ ဝီလျံဘုရင်ဆက်ခံသည့် ဟင်နရီ(၁)က (၁၁၀၀)ခုနှစ်တွင် သူ့အားပြန်ခေါ်သည်။ သို့သော် မကြာခင်အချိန်မှာ သူ့အားပြည်နှင်ဒဏ် ပြန်ပေးကြသည်။ ကန်တာဘိုရီ၌ စိန့်အန်းဆဲလ်သည် သေဆုံးသည်။

အရေးကြီးသည့် ကိစ္စများအား စာအုပ်မြောက်မြားစွာ ရေးသားခဲ့သည်။ ဂိုဏ်းအုပ်ဆရာတော်အား ထိုခေတ်အခါ၌ ဘုရားတရားဆိုင်ရာ ရေးသားသူများ၏ဖခင်ဟု ခေါ်ကြသည်။ ၁၇၂၀-ခုနှစ်၌ ကျမ်းတတ်ပညာရှင်များ၏ ဖခင်ကြီးဟု နာမည်ပေးကြသည်။ Doctor of Universal Church သုခမိန်ပညာရှင်များ၏ ဖခင်ကြီးဟု အသင်းတော်၌ ဂုဏ်ပြုခံရသည်။ သူ၏စဉ်းစားဉာဏ်နှင့် ရေးသားသောစာပေများသည် ဖီလော်ဆော်ဖီနှင့် သီအော်လော်ဂျီပညာများ၌ နက်နဲလှသည်။

Fr. ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

2 + 4 =