St. Angelo (Martyr), စိန့်အန်ဂျေလို (ဓမ္မအာဇာနည်) #5 May 2021

St.Angelo (Martyr), စိန့်အန်ဂျေလို (ဓမ္မအာဇာနည်) #5 May 2021

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

စိန့်အန်ဂျေလို၏ ဘဝအကြောင်းအား စိတ်ချယုံကြည်လောက်သည့် ကိုးကားချက် အတိတ်ကို မတွေ့ရပါ။ သူ၏မိဘများသည် ဂျူးလူမျိုးများ ဖြစ်ကြသည်။ မယ်တော်သခင်မ၏ ထင်ရှားပြခြင်း၊ ရူပါရုံအားဖြင့် ခရစ်ယာန် ဘာသာထဲသို့ ယုံကြည်ဝင်ရောက် လာကြသည်။ သခင်မ ပြောပြသည်မှာ စောင့်မျှော်နေသည့် မက်ဆီးယား ကယ်တင်ရှင်သည် လောက၌ ဆင်းကြွလာပြီး လူတို့အား ကယ်တင်ခြင်းပေးပြီး သူမက ထပ်၍ သူတို့အား ကတိပေးသည်မှာ သားနှစ်ယောက် ရှိမည်။ နှစ်ယောက်စလုံး ကြီးထွားလာပြီး တစ်ယောက်ကား သံလွင်ပင်များ ကာမာလ်တောင်မှာ ကြီးထွားသကဲ့သို့ မြင့်မား၍ တစ်ယောက်ကား ဘုရားတရား ကြည်ညိုပြီး တရားတော်အတွက် အသက် ပေးလှူလိမ့်မည်ဟု ပြောခဲ့သည်။

အမြွာပူးနှစ်ယောက်စလုံး ပညာပါရမီ ထူးချွန်သည်။ ဝိညာဉ်ရေး၌ စံနမူနာဖြစ်ကြသည်။ အသက် (၁၈)နှစ် အရွယ်တွင် ကာမယ်လိုက် အသင်းဂိုဏ်း၌ နှစ်ယောက်စလုံး ဝင်ရောက်ရာ လက်တင်၊ ဂရိနှင့် ဟီဘရူး ဘာသာစကားများ ကျွမ်းကျင်ခဲ့ကြသည်။ ကာမယ်လ်တောင်တွင် (၅)နှစ်ခန့် ပညာဆည်းပူး နေထိုင်ပြီး ခရစ်တော်သခင်က သူ့အား ရူပါရုံ ထင်ရှားပြသည်။ စီဆီလီသို့သွား၍ ဘုရားသခင်၏ ဒေသနာတော် ဟောကြားရမည်။ ၎င်းမှာ ဘုရားကျေးဇူးတော် ခံစား၍ တရားတော်အတွက် အသေခံမည် ဖြစ်သည်။

ခရစ်တော်ခေါ်သံကို နားထောင်၍ ကာမယ်လ်တောင်အား ထားခဲ့၍ စီဆီလီသို့ ချက်ချင်း ထွက်ခွာသည်။ စီဆီလီသို့ ရောက်ပြီး လူမြောက်များစွာ နောင်တရ၍ ဘာသာထဲသို့ ဝင်ရောက် လာကြသည်။ သူ၏ဟောပြော သွန်သင်ခြင်းနှင့် တန်ခိုး လက္ခဏာတော်အားဖြင့် ခရစ်တော်အား ယုံကြည် လာကြသည်။ သူ၏ ဟောပြောခြင်းကြောင့် ပါလာမို့ရှိ ဂျူးလူမျိုး (၂၀၀)ခန့် ဆေးကြောခြင်း စက္ကမင်တူး ခံယူကြသည်။ လေအိုကာတာ မြို့တွင်လည်း ဆေးကြောခြင်း ခံကြသည်။ သို့သော် ဘာရင်းကာရီအူးစ်အား တုန်လှုပ်စေသည်။ သူဟောသောတရားမှာ ဘာရင်းကာရီအူးစ်၏ ရက်စက်မှု၊ အားနည်းချက်များအား ဆုံးမခဲ့သည်။

တစ်နေ့လူထုအား တရားဒေသနာ ဟောကြားစဉ် လူတစ်စုသည် ကြမ်းတမ်းစွာ ဝင်လာ၍ တိုက်ခိုက်ကြသည်။ အန်ဂျေလိုသည် မြေကြီးပေါ်တွင် လဲကျခဲ့သည်။ ဒဏ်ရာ ပြင်းထန်သော်လည်း လူများအတွက် ဆုတောင်းခဲ့သည်။ အထူးသဖြင့် သူ့အား သတ်ဖြတ်သူများအတွက် ဘုရားထံ ဆုတောင်းပေးရင်း အသက်ထွက်သွားသည်။

#Fr.ဒေါမိနစ်ကုန်ကုန် (ဘာသာပြန်)

Add new comment

1 + 5 =