St.မက်ဆီမီလီယံမေရီကိုဘေ (Saint Maximilian Mary Kolbe)

ယ​နေ့သြဂုတ်​လ (၁၄) ရက်နေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် St.မက်ဆီမီလီယံမေရီကိုဘေ

St.မက်ဆီမီလီယံမေရီကိုဘေ (Saint Maximilian Mary Kolbe)

 

ယ​နေ့သြဂုတ်​လ (၁၄) ရက်နေ့ သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် St.မက်ဆီမီလီယံမေရီကိုဘေ ကို

မွေး - (၁၈၉၄၊ ဇန္နာဝါရီလ၊ ၈)၊ ပျံလွန် - (၁၉၄၁၊ သြဂုတ်​လ၊ ၁၄)၊ သူတော်စင်တင်မြောက် - (၁၉၇၁)၊ ရဟန္တာ - (၁၉၈၂)

 

‘မင်းဘယ်လိုဖြစ်လာမယ်ဆိုတာငါမသိဘူး’ ဟုမိမိတို့သားသမီး ၏အခြေအနေကိုကြည့်၍စိတ်ပျက်ခြင်းလော၊ သို့မဟုတ်ခန့်မှန်းရခက် သည့်အနေအထားဖြစ်နေ၍လော၊ ပြောဖူးသောမိဘများရှိကြပေမည်။ ယနေ့ပွဲနေ့ရှင်၏မိဘ ကသူ့အားထိုသို့ပြောခဲ့ဖူးသည်။ ထိုသို့ပြောခံ လိုက်ရသောသူက ‘ဟုတ်ကဲ့။ သားလည်းသားကြီးလာရင်ဘယ်လိုလူ စားမျိုးဖြစ်မလဲဆိုတာကိုသိခွင့်ပေးပါလို့အမိမယ်တော်ကို အမြဲဆု aတာင်းခဲ့တယ်’ ဟုပြန်လည်ဖြေကြားခဲ့သည်။ သူ၏ ဘဝ၌မယ်တော် ထံ မှရူပါရုံကိုခံခဲ့ရဖူးသည်။ ထိုရူပါရုံ၌အမိမယ်တော် သည်သရဖူနှစ်ခုကို ကိုင်ထားပါသည်။ တစ်ခုမှာအ ဖြူရောင်ဖြစ်ပြီး၊ ကျန်တစ်ခုမှာ အနီရောင် ဖြစ်သည်။ ထိုသရဖူနှစ်ခုကိုပြ၍အဘယ် သရဖူကိုရွေးမည် နည်းဟုမေး မြန်းခံခဲ့ ရပါသည်။ အကယ်၍အဖြူရောင်သရ ဖူကိုရွေးမည်ဆိုပါ ကဖြူ စင်ခြင်းဖြင့်အသက်ထက်ဆုံးရှင်သန်ရမည့်သင်္ကေတဖြစ် သကဲ့သို့၊ အ နီရောင်သရဖူမှာမူတရားတော်အတွက်ကွပ်မျက်ခံရမည့်သင်္ကေတဖြစ် ကြောင်းရှင်းပြပါသည်။ ပွဲနေ့ရှင် သည်ငယ်စဉ်ကတည်းက ဘာသာရေး အမြင်၊ ဉာဏ်ရွှင်သောကလေးဖြစ်လောက်သည်။ အဘယ်ကြောင့် ဆို သော်သူ သည်တစ်ခုကိုမျှမရွေးဟုလည်းမဖြေခဲ့။ တစ်ခုဆို၍တစ်ခုကို သာရွေးခဲ့သည်မဟုတ်။ ဖြူစင်စွာကျင့်ကြံရှင်သန်ရန်မှာ လည်းမလွယ်။ မိမိ၏ဆန္ဒ၊ ဝါသနာ၊ အကျင့်ဆိုးများကိုနေ့စဉ်ချုပ်တည်းရသည်။ ထို့ကြောင့်ခန္တီပါရမီရင့်သန်ကြံ့ခိုင်ရန် လိုပါသည်။ ထို့အတူကျန်တစ် ခုဖြစ် သည့်တရားတော်အတွက်ကွပ်မျက်ခံမည့်သရဖူတစ်ခုတည်းကိုလည်းသူမရွေး။ နှစ်ခုလုံးကိုရွေးမည်ဟုဖြေကြားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် တရားတော်အတွက်ကွပ်မျက်ခံရခြင်းသည်လည်းယုံ ကြည်ခြင်း၊ ခံယူ ချက်မှန်ကန်ပြတ်သားရန်လိုပါသည်။ တစ်ခုရွေးလိုက်လျှင် ကျန်တစ်ခု လည်းအလိုလိုပါလာမည်ကိုသူ သိနှင့်နေသည်။ သူ၏တုန့်ပြန်စကား ကိုအမိမယ်တော်ကကျေနပ်အပြုံးဖြင့်တုန့်ပြန်ပြီးနောက်၊ ပျောက်ကွယ် သွားခဲ့ပါ သည်။ ထိုရူပါရုံခံယူလိုက်ရသည့်နေ့မှစ၍ပွဲနေ့ရှင်သည် ထူး ခြားလာခဲ့ပါတော့သည်။

သူ့အား (၁၈၉၄၊ ဇန္နာဝါရီလ၊ ၈) ရက်နေ့၊ ပိုလန်နိုင်ငံတွင်မွေးဖွား သန့်စင်ခဲ့သည်။ သူ၏ထူးခြားသောဘာသာ ရေးခံယူချက်၊ အကျင့်အကြံ များကြောင့်ဖရန်စ္စကင်အသင်းဝင်အဖြစ် Lviv ၌အစပျိုးခဲ့သည်။ ထို့နောက်ပိုလန်သို့ ပြောင်းရွေ့သွားခဲ့သည်။ သူသည် (၁၆) နှစ်သာရှိသေး သော်လည်းနောဗစ့်တစ်ဦးအဖြစ်လာနိုင်ခဲ့သည်။ ပုံမှန်အရထို အသက် အရွယ်ဖြင့်ယနေ့၌ပင်ထိုအဆင့်မျိုးကိုလက်မခံပေ။ သူသည်ဖီလောဆိုဖီ (ဒဿန) ဘာသာရပ်နှင့်သီသြ လော်ဂျီ (ဓမ္မသင်္ဂြိုလ်) ဘာသာရပ်များ ၌ဒေါက်တာဘွဲ့ကိုရရှိခဲ့သော်လည်း၊ သူအမှန်တကယ်စိတ်ဝင် စားသော ဘာသာ ရပ်မှာသိပံဘာသာရပ်ဖြစ်သည်။ အဘယ်မျှစိတ်ဝင်စား သနည်း ဟုမူရော့ခ်ကက်သဘောင်္ကိုပင်တည်ဆောက်ရန်ပုံစံကို ရေးဆွဲထား ပြီး ဖြစ်သည်။

သူသည်သက်တော် (၂၄) နှစ်တွင်ရဟန်းသိက္ခာကိုခံယူခဲ့ရပြီး၊ သူ ရဟန်းဖြစ်လာပြီးသည့်နောက်ပိုင်းတွင်၊ သူ တော်စင်တို့၏အသိုင်း အ ဝိုင်းထိဲသို့ထည်းထည်းဝင်ဝင်ရောက်ရှိလာသောအခါ၊ သူတော်စင်တို့၏ အသက်တာမှာဘာ သာရေး၌စိတ်အားထက်သန်မူမရှိဘဲ၊ မပူမအေးတ အုံအုံနွေးနွေးအခြေအနေမျိုးရှိနေသည်ကိုစတင်ကြုံတွေ့ခဲ့ရသည်။ ထို အခြေအနေကိုသူ့အနေဖြင့်သေစေလောက်သောခေတ် ကာလ၏အ ဆိပ်အတောက်ဟုသတ်မှတ်ခဲ့သည်။ ထို့ ကြောင့်သူ၏ပထ မဦးဆုံး လုပ်ဆောင်ရမည့်အမူမှာဘဝတူသူတော်စင်များကိုဘာသာရေး၌ပြန် လည်စိတ်ဝင်စားလာစေရန်၊ ဘာသာရေးလုပ်ငန်းများ ၌စိတ်အားထက် သန်မူရှိလာစေရန်လုပ်ဆောင်ရန်ဖြစ်ခဲ့သည်။ ထိုအခြေအနေမှလွှတ် မြောက်ရန်အတွက် ‘အပြစ်မဲ့သနွေယူတော်မူသောမယ်တော်၏တပ်သား’ (the Militia of the Immaculata) အဖွဲ့ ကိုပင်ဖွဲ့စည်းထားပြီးဖြစ်သည်။ ထိုအသင်း၏အဓိကလုပ်ဆောင်ချက်မှာမကောင်းမူကိုကောင်းသောပုံသက်သေ၊ ဆု တောင်းခြင်း၊ အလုပ်နှင့်သီးခံခြင်းဖြင့်အောင်နိုင် ရန်ဖြစ် ပါ သည်။ ထိုမှတဆင့် ‘အပြစ်မဲ့သနွေယူတော်မူသောမယ်တော် ၏သူရဲ ကောင်း’ (Knight of the Immaculata) အမည်ရသော ဘာသာရေး မဂ ဇင်းကိုအမိမယ်တော်၏ကာကွယ် စောင့်ရှောက်မူကိုခံ ယူကာရိုက်နှိပ် ထုတ်ဝေရန်၊ ဤနည်းအားဖြင့်ကမ္ဘာလူသားများ ကိုဧဝံဂေလိတရား တော် ဟောပြော ရန်ဖြစ်ပါသည်။ သူ၏ထူးခြားသောဖန်တီးမူအား လုံးကိုအမိ မယ်တော်၏ဘွဲ့နာမတော်ကိုဂုဏ်ပြု၍လုပ်ဆောင်ခြင်းသာ ဖြစ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော်ရိုက်နှိပ်ထုတ်ဝေမည့်ဘာသာရေးစာစောင်ကိုတာဝန်ယူသောအဖွဲ့ကိုလည်း ‘အပြစ်မဲ့သနွေယူတော် မူသောမယ်တော် ၏မြို့’ ဟုကဗျာဆန်စွာပေးခဲ့သည်။ စာပုံနှိပ်တိုက်ကိုမူNiepokalanow တွင် ဖွင့်လှစ်ခဲ့သည်။ ထိုလုပ်ငန်းများကိုလုပ်ဆောင်ရန်ဖရန်စ္စ ကင်အ သင်းသား (၇၀၀) ကိုလုပ်ကိုင်စေခဲ့ရသည်။ နောက် ပိုင်း၌ဂျပန်နိုင်ငံ၊ နာ ဂါဆာကီမြို့၌လည်းစာပုံနှိပ်တိုက်တစ်ခုကိုထပ်မံဖွင့်လှစ်ခဲ့ပါသည်။ အပြစ် မဲ့သနွေယူတော်မူသော မယ်တော်၏စစ်သားစာရင်းဝင်နှင့် စာစောင်ဝယ် ယူဖတ်ရူ့သောဦးရေတို့မှာသန့်နှင့်ချီတိုးလာခဲ့သည်။ ဘုရားသခင်နှင့် ပေါင်းစပ်သောသူ၏ဝိညာဉ်ရေးအသက်တာသည်အမိမယ်တော်အားအဓိကစံထားလုပ်ဆောင်ခဲ့ပါသည်။

သို့သော် (၁၉၃၉) ခုနှစ်၌၊ ပိုလန်နိုင်ငံကိုနာဇီလက်ဝေ ခံများအချိန် တိုအတွင်းသိမ်းပိုက်ခဲ့သည်။ Niepokalanow မြို့သည်ဗုံးဒဏ် ကိုဆိုးရွား စွာခံခဲ့ရပြီး၊ ပွဲနေ့ရှင်နှင့်သူ၏ဘဝတူရသေ့များသည်လည်းအဖမ်းခံခဲ့ကြရ သည်။ သုံးလအကြာပြန်လည်လွှတ်ပေးခဲ့ပါသည်။ ထိုလွှတ်ပေးခဲ့သော နေ့သည်လည်းတိုက်ဆိုင်စွာဖြင့်အပြစ်မဲ့သနွေ ယူတော်မူသောပွဲနေ့၌ဖြစ်ခဲ့သည်။ (၁၉၄၁) ခုနှစ်တွင်ပွဲနေ့ရှင်သည်တဖန်အဖမ်း ခံခဲ့ရပြန် သည်။ သူ့အားဖမ်းဆီးခဲ့ သည့်ရည်ရွယ်ချက်မှာဘာ သာရေး၌လွှမ်းမိုး မူရှိသူများကိုဖမ်းဆီးလိုက်ခြင်းဖြင့်၊ ဘာသာရေးအင်အားစုများအားနည်း သွားရန်ရည်ရွယ်ခဲ့သည်။ သူဖမ်းဆီးခံပြီး (၃) လအကြာတွင်၊ အောက် ဆွီချ်၌အလွန်ဆိုးရွားသောရိုက်နက်ညှဉ်းပမ်း ခြင်း၊ လူမဆန်စွာဆက် ဆံပြုမူခြင်းတို့ကြောင့်အကျဉ်းသားတစ်ဦးမှာ မခံမရပ်နိုင်ဖြစ်ကာ ထွက်ပြေးလွှတ်မြောက်သွား ခဲ့သည်။ ထိုလွှတ်မြောက်သွားသော အ ကျဉ်းသား၏အစား (၁၀) ယောက်အသေခံရမည်ဟုထောင်မှူးကအမိန့်ချ ခဲ့ပါ သည်။ ထိုသို့အမိန့်ချပြီးနောက်အကျဉ်းသားများ ၏အပါး၌ခြေ သံပြင်းပြင်းဖြင့်လျှောက်ရင်း ‘မင်း၊ မင်း၊ မင်း …..’ ဟု လက်ညိုးတစ်ထိုးထိုး၊ အသံဆိုးကြီးတဝုန်းဝုန်းဖြင့် ဌက်ဆိုးထိုး သံထက် ကျက်သရေမဲ့စွာအမိန့်ပေးနေပါတော့သည်။ ထို သို့စီရင်ချက်ချပြီး နောက်၊ အမိန့်ချခံများသည်အစာရေစာအငတ်ထားမည့်အခန်းဆီသို့ချီတက်သွားနေစဉ်တွင်၊ အ ကျဉ်းသားကိုယ်ပိုင်နံပါတ် (၁၆၆၇၀) က တန်းမတ်စွာရပ်၍၊

‘ကျွန်ုပ်ဟိုအကျဉ်းသားအတွက်အစားထိုးပြီး အသေခံချင်ပါတယ်။ သူ့မှာပြန်ပြီးစောင့်ရှောက်ဖို့၊ မိန်းမနဲ့ကလေး တွေရှိသေး တယ်။’

‘မင်းကဘယ်သူလဲ’

‘ကျွန်ုပ်ကကက်သလစ်ရဟန်းတစ်ပါးပါ’

ထိုစကားကိုကြားလိုက်ရသောအခါ၊ ထောင်တစ်ခုလုံးသည်တိတ်ဆိတ်သွားပါတော့သည်။ အပ်ကျသံပင်ကြား နိုင်လောက်အောင်ဖြစ်သွားပါသည်။ ထောင်ဦးစီးလည်းမည်သို့ပြောဆိုရ မည်ကိုမသိ။ ကြောင်အံအံဖြစ်သွားပါသည်။ ခဏအကြာတွင်ပွဲနေ့ရှင် တောင်းဆိုသည့်အတိုင်းအလဲအလည်လုပ်လိုက်ပါသည်။ ပွဲနေ့ရှင်နှင့် လဲလည်လိုက်သောသူ မှာ Sergeant Francis Gajowniczek ဖြစ် ပါသည်။ ထို (၁၀) ဦးကိုသတ်မှတ်ထားသောအခန်းထဲသို့ပို့လိုက်သည်။ ထိုအခန်းသည်အလင်းမရှိ။ ကိုယ်ဗလာဖြင့်အစာငတ် ခံထားကာ တမြေ့မြေ့ခံစားရင်းသေရသောပြစ်ဒဏ်ကိုခံယူကြရ သည်။ ထိုသို့စီရင် ချက်ချထားကြသော်လည်းအခန်းထဲသို့ဝင်လိုက်သည်နှင့်အော် ဟစ်ဆဲ ဆိုသံများဖြင့်မဟုတ်ဘဲ၊ ဓမ္မ သီချင်းများသီဆိုနေကြသည် ကိုအတိုင်းသား ကြားနေရပါသည်။

အမိမယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံရမည့်ပွဲနေ့အဖိတ် ည၌ (၄) ယောက်မှာအသက်ရှင်လျှက်ရှိနေခဲ့ သေးသည်။ ထို့ကြောင့် မသေနိုင်သေးသောထိုသူများကို (၁၉၄၁၊ သြဂုဏ်လ၊ ၁၄) ရက်နေ့တွင်၊ အာဏာသားတို့ ကလာရောက်ဖမ်းဆီး၍အဆိပ် ရည်ထိုးသွင်း ကာအ ရှင်လတ်လတ်မီးတင်ရှို့သတ်ပစ်လိုက်ပါတော့သည်။ ထိုအဆိပ် ရည်များ မှာကာဘော်လစ်အက်ဆစ်များဖြစ်ပါသည်။

ယနေ့ပွဲနေ့ရှင်ကို (၁၉၇၁) ခုနှစ်တွင်သူတော်စင် (Blessed) အဖြစ်လည်းကောင်း၊ (၁၉၈၂) ခုနှစ်တွင်ရဟန္တာ အဖြစ် လည်းကောင်း တင်မြှောက်ခြင်းခံခဲ့ရပါသည်။ ပွဲနေ့ရှင်သည်တမြေ့မြေ့ ခံစားရင်း ပျံ လွန်သွားခဲ့ရသောအ သက် ထွက်သည့်အချိန်ထိဝေဒနာ ကိုခံစားခဲ့ရ သောသူရဲကောင်းဖြစ်သည်။ သူ၏သန့်ရှင်းစင်ကြယ်ခြင်းသည်စာဖွဲ့မ ကုန်နိုင် ပေ။ ထို့အတူကမ္ဘာလူသားများအားဘုရား သခင်ထံပြောင်း လဲ လာရန်ကြိုးစားအားထုတ်လိုသောပြင်းပြသည့်ဆန္ဒမှာ လည်း လူသာသေ သွားခဲ့သည်။ ထိုဆန္ဒကားမငြိမ်းနိုင်ခဲ့ပေ။ သူတည်ထောင်ခဲ့သောအဖွဲ့ သည်သူ့အတွက်အားအင်ဖြစ်ခဲ့ပါသည်။

Credict to : Cle Pike

 

Add new comment

1 + 1 =