Social Media ကိုအကျိုးရှိရှိသုံးရင်း မကြာခင် သူတော်မြတ်တင်မြှောက်ခြင်းခံရမဲ့ ဆယ်ကျော်သက်လူငယ်လေး

Social Media ကိုအကျိုးရှိရှိသုံးရင်း မကြာခင် သူတော်မြတ်တင်မြှောက်ခြင်းခံရမဲ့ ဆယ်ကျော်သက်လူငယ်လေး

လွန်ခဲ့တဲ့ (၂၀၀၆) ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကာလူးစ် အခယိုတီးစ် (Carlos Acutis)ဆိုတဲ့ လူငယ်ချာတိတ်လေး.…..…

အမှန်မှာတော့ မိဘတွေက ဒီချာတိတ်လေးကို ဘုရားတရားရှိအောင် မသင်ပေးခဲ့တဲ့အပြင် ချာတိတ်လေးရဲ့ မိခင်ကိုယ်တိုင်ကလဲ ဘုရားတရားကို ကြိုးစားအားထုတ်တဲ့သူလဲမဟုတ်ခဲ့ပါဘူး...

ဒါဆို ဒီချာတိတ်ကလေးဘုရားတရားရှိအောင်၊ ယုံကြည်ခြင်းခိုင်မာအောင် ဘယ်သူလုပ်ခဲ့သလဲ?....

ဒီချာတိတ်ကလေးဟာ ငယ်ငယ်ကတည်းက နေ့တိုင်း မစ္ဆားတရားနာခဲ့တယ်။ နေ့တိုင်း ပုတီးစိတ်ခဲ့တယ်။ အပတ်စဉ် အာဘတ်ဖြေခြင်းစက္ကရမင်တူးကိုခံယူပြီး ဘုရားတရားကြည်ညိုလွန်းတဲ့ လူငယ်လေးပါ။

သူ့ရဲ့မိခင်ကိုယ်တိုင်တောင်မှ သားလေးကို အတုယူပြီး ဘုရားတရားကြိုးစားအားထုတ်ရတယ်လို့ဆိုပါတယ်။ ဒီချာတိတ်လေးဟာ ဆွေမျိုးတွေသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို ဘုရားတရားကို ကြည်ညိုလိုက်စားလာအောင်၊ ကိုယ်တော်မြတ်စက္ကရမင်တူးကို ချစ်မြတ်နိုးပြီး ကြည်ညိုတတ်အောင်သင်ပေးခဲ့တဲ့ လူငယ်လေးပါ။

လူတွေကို ကိုယ်တော်မြတ်စက္ကရာမင်တူးကို ယုံကြည်ကြည်ညိုတတ်လာအောင် ဒီလူငယ်လေးဘယ်လိုလုပ်ခဲ့သလဲ?

ချာတိတ်ကလေးက သာသနာပြုပုဂ္ဂိုလ်အဖြစ် ဆက်ကပ်တဲ့ ဘုန်းကြီးသီလရှင်တွေလို သင်္ကန်းဖြူရှည်ကြီး ဝတ်ပြီး မဟောပြောဘူး၊ မသွန်သင်ဘူး။

သူလုပ်သွားတာ ရှင်းရှင်းလေးပဲ။ ဒါကတော့ ခုခေတ် ကျွန်တော်ကျွန်မတို့နှင့်အရင်းနှီးဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် တစ်ကမ္ဘာလုံး ကိုယ်တော်မြတ်ကို ဖူးမျှော်နိုင်အောင် သူလုပ်ဆောင်ခဲ့တယ်လေ။ ကနေတစ်ဆင့် ကိုယ်တော်မြတ်အကြောင်းတွေကို သူအမြဲတင်ပေးတယ်။ သူ့ကျေးဇူးကြောင့်မို့ နေအိမ်တွေမှာ သွားလာ လှုပ်ရှားလို့မရတဲ့ လူနာတွေ၊ အဘိုးအဘွားတွေဟာလည်း ကိုယ်တော်မြတ်ကို ဖူးမြော်နိုင်တာပေါ့။

သူ့ဘဝရဲ့ရည်မှန်းချက်ကရော ဘာဖြစ်မယ်ထင်လဲ?

သူပြောဖူးတဲ့စကားတွေထဲက လူတွေရဲ့နှလုံးသားကို ထိရှစေတာက "ကျွန်ုပ်ဘဝရဲ့ တစ်ခုတည်းသော မျှော်မှန်းချက်ဟာ သခင်ခရစ်တော်နှင့်နီးစပ်ဖို့ပါ။ ကျွန်တော်သေရမယ်ဆိုလဲပျော်တယ်။ ဘာလို့လဲ‌ဆိုရင် ဘုရားရှင်ကို ထိ‌ခိုက်စေမဲ့အရာကို လုပ်ဖို့ တစ်မိနစ်လေးကိုတောင် အချိန်မဖြုန်းခဲ့ဖူးဘူး။ ကျွန်ုပိဆို့ရဲ့ ရည်ရွယ်ချက်ဟာ အဆုံးမရှိ၊ ကန့်သတ်ချက်မရှိ၊ အနန္တ၊အဆုံးမဲ့သုခချမ်းသာခံစားရာ ကောင်းကင်နိုင်ငံဖြစ်တာကြောင့်မို့ ကျွန်ုပ်တို့ရဲ့မွေးရပ်ဌာနေဟာလဲကောင်းကင်နိုင်ငံပဲဖြစ်ပါတယ်။ ကိုယ်တော်မြတ်စက္ကရမင်တူးဟာ ကောင်းကင်နိာင်ငံကို ပို့ဆောင်ပေးတဲ့ လမ်းဖြစ်တယ်။ " လို့သူပြောခဲ့ဖူးတယ်။

သူ့ရဲ့ ကွန်ပျူတာကို သူဘယ်လိုအသုံးပြုခဲ့သလဲ?

အခယိုတီးစ်ဟာ ကွန်ပျူတာပိုင်းဆိုင်မှာ ကျွမ်းကျင်တဲ့ကလေးတစ်ယောက်ဖြစ်လဲဖြစ်တာကြောင့်မို့ ကိုယ်တော်မြတ်စက္ကရမင်တူး၏ တန်ခိုးတော်များဆိုတဲ့ Websites အစီအစဉ်တစ်ခု သူစတင်တည်ထောင်ခဲ့ပါတယ်။ ဒီ Website က ကမ္ဘာကြီးရဲ့ ကိုယ်တော်မြတ်စက္ကရမင်တူး၏ တန်ခိုးတော်များ အစီအစဉ်ရဲ့ အရင်းမြစ်၊ မူလအစပြုတဲ့ Website တစ်ခုဖြစ်ပါတယ်။

လူသားအားလုံး ကိုယ်တော်မြတ်စက္ကရမင်တူးကို သဒ္ဓါကြည်ညိုစေချင်တဲ့ စိတ်ရှိတာကြောင့်မို့လဲ သူ့ရဲ့ Website ကို ဒီရည်ရွယ်ချက်နဲ့ပဲ တည်ထောင်ခဲ့ပါတယ်။

ပြင်းပြတဲ့သူ့ရဲ့ဆန္ဒတစ်ခုကရောဘာဖြစ်နိုင်လဲ?

အခယိုတီးစ် ဟာ ကိုယ်တော်မြတ်ကို အင်မတန် ကြည်ညိုသူပီပီ၊ သူမသေဆုံးခင်၊ နွေရာသီမှာ ပထမရှေးဦးခရစ်ယာန်အချိန်တွေကစပီုး ယနေ့တိုင် အသင်းတော်က အသိအမှတ်ပြုထားတဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးရဲ့ တန်ခိုးထင်ရှားပြခဲ့တဲ့နေရာကို သူသွားခဲ့တယ်။ အဲဒီမှာ ဘုရားကျောင်းနဲ့ဝေးသွားပြီဖြစ်တဲ့ လူတွေအပေါ်မှာ ကိုယ်ချင်းစာနာမိပြီး သူတို့ရဲ့စိတ်နှလုံးသားတွေကို ပြန်လှည့်စေချင်တဲ့ဆန္ဒ ပိုမိုပြင်းပြခဲ့ပါတယ်။

အခယိုတီးစ်ရဲ့ ကွန်ပျူတာ

ချာတိတ်ကလေး အခယိုတီးစ်သေဆုံးပြီးတဲ့နောက်မှာ သူသုံးခဲ့တဲ့ ကွန်ပျူတာကို စစ်ကြည့်တော့ သူရှာဖွေခဲ့တဲ့ Website တွေဟာ လူသားတွေကောင်းကျိုးအတွက် သူ့နှလုံးသားရဲ့အနီးစပ်ဆုံးမှာ ရှိတဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးအကြောင်းကို လိုက်လံရှာဖွေဖို့အတွက်သာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

အခုချိန်မှာ အခယိုတီးစ်ကို ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် အရှင်သူမြတ်ကိုယ်တိုင်ဦးဆောင်ပြီး အောက်တိုဘာလ လာမည့်အောက်တိုဘာလမှာ အီတလီနိုင်ငံ၊ အစီစီမြို့မှာ သူတော်မြတ်တင်မြှောက်မှာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကိုအသုံးပြုနေကြတဲ့ ယုံကြည်သူဘာသာတူတွေလဲ လူသားကမ္ဘာ ကောင်းကျိုးဖြာဖို့အတွက် အသုံးပြုနိုင်ကြပါစေလု့ ဆန္ဒပြုရင်း....

#ProDeoEtEcclesia မှ ဘာသာပြန်ဆိုချက်။

# ကြယ်စင်လေး(SJA)

Add new comment

8 + 1 =