November 1. ရဟန္တာအပေါင်းပွဲ

ရဟန္တာအပေါင်းပွဲနေ့ဆိုတာဟာ တနည်းပြောရမယ်ဆိုရင်အချစ်ကြိမ်လုံးနဲ့တို့ထိခံရတဲ့သူတွေရဲ့ပွဲလို့ဆိုချင်ပါတယ်။သို့ပေမဲ့သူတို့ထိတို့ခံရတဲ့အချစ်ကြိမ်လုံးကတော့လောကနဲ့မဆိုင်ဘဲဘုရားနဲ့သာဆိုင်တဲ့ဘုရားကိုချစ်တဲ့ကြိမ်လုံးပဲဖစ်ပါတယ်။

 

All Saints Day (Nov 1) 2020 

လို့ပြောတဲ့ ရဟန္တာအ ပေါင်းပွဲကို နို၀င်ဘာလမှာ ကျင်းပကြပါတယ်။

ဒီပွဲကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အသင်းတော်ထဲမှာ အထင်ကရ ရဟန္တာတွေ အများကြီးရှိပြီး သူတို့ရဲ့ ပွဲရက်အတိုင်း ဘာသာ၀င်များက ပွဲကျင်းပတယ်။ ကြည်ညိုလေးစားမှု၊ သဒ်ဓါ​ကြည်ညို မှု ကိုပြ ကြပါတယ်။ ဒါပေမယ့်လို့ ရဟန္တာတွေက များစွာရှိတော့ ရဟန္တာတစ်ပါးစီတိုင်းကို ရက်သတ်မှတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အသင်းတော်ကလည်း လူသိ ထင်ရှားမဟုတ်တဲ့ ရဟန္တာတွေ၊ လူတွေ မသိပေမယ့်လို့ ဘုရားသခင်သာသိတဲ့ ရဟန္တာပေါင်းများစွာနဲ့ နေ့စဉ် ပိုမိုများ ပြားလာတဲ့ ရဟန္တာ အားလုံးကို သတိရ ဂုဏ်ပြုဖို့နဲ့ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ဆုတောင်းပေးမှုကို တောင်းခံဖို့ ရဟန္တာအပေါင်းပွဲကို အေဒီ. . .( ၈၀၀)

က တည်းက နို၀င်ဘာလ ၁ ရက်နေ့မှာ ကျင်းပစေခဲ့တာ ယနေ့ထိ ပါပဲ။

ဒီပွဲ ကျင်းပခြင်းရဲ့ နောက်အကြောင်းအရင်း တစ်ခုကတော့ လောကမှာ အသက်ရှင်နေထိုင် ကြတဲ့သူ များ၊ လူ့ရဲ့ အားနည်းချက်တွေ၊ စုံစမ်းနှောက်ယှက်ခြင်းတွေ၊ ညှင်းပန်းနှိပ်စက်ခြင်းတွေ ကြားကနေ ခရစ်တော်အား နောက်ဆုံး တိုင်အောင် သစ္စာရှိ သွားရန် အားပေးဖို့ဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ရဟန္တာတချို့ဟာ ကျွန်တော်တို့ သိခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ကျွန်တော်တို့နဲ့ အတူ ကျွန်တော်တို့ အလယ်မှာ နေထိုင်သွားတယ်။ ကျွန် တော်တို့လိုပဲ သူတို့ရဲ့နေ့စဉ် ဘ၀အသက်တာမှာ တစ်ခါတစ်ရံ ကျဆုံးတာတွေလည်း ရှိခဲ့တာပါပဲ။ ဒါပေမယ့် ဘုရားသခင်ရဲ့ ကူညီစောင်မမှုနဲ့ သူတို့ရဲ့ ဝိညာဉ်ရေး၊ ဘာသာရေး အသက်တာကို အဆုံးထိအောင်လျှောက်လှမ်းနိုင်ခဲ့ကြသူ များဖြစ်ပါတယ်။

ကျွန်မတို့တတွေအရွယ်ရောက်လာသောအခါလောကဇာတ်ခုံဝယ်ဘဝဇာတ်ဆရာရဲ့လက်ထဲကအချစ်ကြိမ်လုံးဖြင့်တို့ထိခံလိုက်ရသူများမှာအပြောင်းလဲကြီးပြောင်းလဲသွားတာကို
ကြုံဖူးကြမှာပါ။ရိုမီယိုနဲ့ဂျုလီးယက်၊မုဆိုးမလေးကိုယူမိလို့ရွှေနန်းတော်ကိုစွန့်ခွါခဲ့ရတဲ့အိမ်ရှေ့မင်းသား၊ကိန္နရီကိန္နရာမောင်နှံစတဲ့သူတွေဟာအချစ်ကြိမ်နှင့်ထိတို့ခံရသဖြင့်သူတို့
ဘဝတွေအပြောင်းလဲကြီးပြောင်းလဲခဲ့ကြပါတယ်။အချစ်ကြောင့်အသက်စွန့်ကြတယ်၊စည်းစိမ်စွန့်ကြတယ်၊ရာထူးစွန့်ကြတယ်၊ယုံကြည်ချက်တွေစွန့်ကြတယ်၊ဒါ့အပြင်အချစ်ကြောင့်
ဘဝပျက်ကြရသလိုကောင်းစားသွားကြသူတွေလဲထုနှင့်ထေးပါ။ဘယ်လိုပဲဖြစ်ဖြစ်အချစ်နှင့်ထိတို့ခံရသူတိုင်းပြောင်းလဲသွားကြတာကတော့မငြင်းနိုင်တဲ့အမှန်တရားပါ။
ရဟန္တာအပေါင်းပွဲဆိုတာဟာတစ်နည်းအားဖြင့်ဆိုရရင်အချစ်ကြိမ်လုံးနဲ့ထိတို့ခံရတဲ့သူတွေရဲ့ပွဲလို့ဆိုချင်ပါတယ်။သို့ပေမဲ့သူတို့ထိတို့ခံရတဲ့အချစ်ကြိမ်လုံးကလောကနှင့်မဆိုင်
ဘုရားနဲ့ဆိုင်တဲ့ဘုရားကိုချစ်တဲ့ကြိမ်လုံးပဲဖြစ်ပါတယ်။မှန်ပါတယ်ဘုရားရဲ့အချစ်နှင့်ထိတို့ခံရတာကြောင့်သူတို့ဘဝတွေအပြောင်းလဲကြီးပြောင်းလဲခဲ့ကြပါတယ်။တစ်ခါတစ်ရံ
အများသူငှါကအရူးဆိုပြီးပုတ်ခတ်ကြပါတယ်။ဒီလိုအရူးလို့သမုတ်ကြရင်လဲဘုရားအတွက်ရူးနေကြတဲ့သူတွေပဲဖြစ်ပါလိမ့်မယ်။ဘုရားကိုချစ်တဲ့စိတ်ပိုခဲ့တဲ့အတွက်လည်းစိန်ဖရန်စစ်
အစီစီဟာစည်းစိမ်ဥစ္စာများကိုစွန့်ခွါပါတယ်။စိန်အာညက်စ်ကလဲတံခါး၌ပိတ်နေတဲ့ရင်သွေနှစ်ဦးကိုကျော်ပြီးရသေ့ကျောင်းကိုဝင်ခဲ့ပါတယ်။သံပေတရူးနဲ့သံပေါလူးတို့ဟာလဲမိမိတို့ရဲ့
အသက်တွေကိုစွန့်ခဲ့ကြပါတယ်။မာသာထရေဇားဟာလဲလူနာတွေကိုပြုစုခဲ့တယ်။ဒါကြောင့်လောကကြီးထက်ဘုရားကိုအချစ်ပိုခဲ့သူများကိုရဟန္တာလို့ခေါ်ကြပါတယ်။ဒါကြောင့်ရဟန္တာဖြစ်ဖို့ဆိုတာမခက်ပါဘူး၊သူတကာတွေထက်ဘုရားကိုပိုချစ်တတ်ဖို့ပဲလိုတာပါ။နေ့စဉ်နေ့ရက်တိုင်းကိုအသင်းတော်ကရဟန္တာတစ်ပါးပါးရဲ့ပွဲနေ့အဖြစ်ကျင်းပပါတယ်။သီးသန့်ပွဲနေ့မရှိတဲ့လူသိနည်းတဲ့ရဟန္တာတွေအများကြီးရှိနေပါတယ်။ဒါကြောင့်ရဟန္တာအပေါင်းပွဲနေ့ကျင်းပခြင်းအားဖြင့်ဒီရဟန္တာတွေကိုဂုဏ်ပြုခြင်းဖြစ်ပါတယ်။ရဟန္တာဆိုတာဟာ
ကွယ်လွန်ပြီးနောက်ကောင်းကင်နိုင်ငံတော်မှာဘုရားရှင်ရဲ့အနီးနားမှာခံစားခွင့်ရကြတဲ့ဝိညာဉ်တွေကိုဆိုလိုခြင်းဖြစ်ပါတယ်။ရဟန္တာတွေဟာကျွန်မတို့လိုအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူသားတွေဖြစ်ကြပြီးဆင်းရဲဒုက္ခ၊သောကကိုယ်စီရှိကြပါတယ်။ဒါပေမဲ့ဒီပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခစိတ်ထိခိုက်စရာတွေနဲ့ကြုံတဲ့အခါခရစ်တော်ဘုရားရှင်ထံ
ခွန်အားယူခဲ့ကြပါတယ်။ဒါကြောင့်လဲဒီလိုအရာတွေကိုကြံကြံခံပြီးအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ရဟန္တာပါဒရေပီအိုဟာအခက်အခဲဒုက္ခတွေနဲ့ကြုံတိုင်းကိုယ်တော််
မြတ်ဖူးခြင်းစိပ်ပုတီးစိပ်ခြင်းတွေအားဖြင့်ရင်ဆိုင်ကျော်ဖြတ်ခဲ့သလိုစိန်ဖရန်စစ်အစီစီကလည်းကားတိုင်ပေါ်ကခရစ်တော်ကိုတစိမ့်စိမ့်ကြည့်ပြီးဆုတောင်းခြင်းဖြင့်ဝမ်းနည်းမှုတွေကို
ရင်ဆိုင်ကျော်လွှာနိုင်ခဲ့ပါတယ်။ကျွန်မတို့ရဲ့နေ့စဉ်ဘဝအသက်တာမှာလည်းဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံရတဲ့အခါစိတ်အားမှုမရှိပဲဘုရားရှင်၌ခွန်အားယူရင်းရင်ဆိုင်အနိုင်ယူသင့်ပါတယ်။အမိကက်သလစ်အသင်းတော်ကနိုဝင်ဘာလ(၁)ရက်နေ့ကိုရဟန္တာအပေါင်းပွဲကိုကျင်းပစေပါတယ်။ကက်သလစ်ဘာသာဝင်တိုင်းဒီပွဲတော်ကိုပါဝင်ကျင်းပနိုင်ဖို့အသင်းတော်ကအစဉ်တစိုက်လှုံဆော်လျက်ရှိပါတယ်။ဒါကြောင့်လူတိုင်းပါဝင်လို့ရအောင်ပွဲတော်နေ့နိုဝင်ဘာ(၁)ရက်နေ့ဟာSUNDAYနေ့မကျရင်အနီးစပ်ဆုံးSUNDAYနေ့ကိုကျင်းပစေပါတယ်။ကက်သလစ်ဘာသာဝင်တိုင်းပါဝင်ဖို့ရည်ရွယ်ခြင်းဖြစ်ပါတယ်။ဒီပွဲတော်ကိုခရစ်သက္ကရာဇ်လေးရာစုမှာစတင်ခဲ့တယ်လို့ဆိုရမှာပါ။ယင်းအချိန်၌တရားတော်အတွက်အသေ
ခံခဲ့သူအားလုံးကိုဂုဏ်ပြုတဲ့အနေနဲ့နှစ်စဉ်အဆင်ပြေတဲ့တစ်ရက်ရက်ကိုရွေးချယ်ကျင်းပခဲ့ကြပါတယ်။နောက်ပိုင်းမှာရဟန်းမင်းကြီးစတုတ္ထမြောက်ဂရေဂေါ်ရီကတစ်ကမ္ဘာလုံးကို
နိုဝင်ဘာ(၁)ရက်နေ့ကိုရဟန္တာအပေါင်းပွဲကျင်းပဖို့အမိန့်ထုတ်ပြန်သတ်မှတ်ပေးခဲ့ပါတယ်။ဤပွဲတော်ကိုကျင်းပရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့(၁)ထင်ရှားသူမထင်ရှားသူ
ရဟန္တာအားလုံးကိုဂုဏ်ပြုဖို့ရန်(၂)လူတိုင်းလည်းရဟန္တာဖြစ်နိုင်ချေရှိသူများဖြစ်ကြောင်းသိနားလည်ရန်(၃)ရဟန္တာတို့သည်အသင်း‌တော်ကြီးနှင့်ဘုရားရှင်၏ချစ်ခြင်းမေတ္တာဂုဏ်ကို
ပိုမိုမြှင့်တင်ပေးနိုင်ကြသူများပင်ဖြစ်ကြောင်းနားလည်သဘောပေါက်စေရန်စသည့်ရည်ရွယ်ချက်တွေနဲ့ကျင်းပခြင်းဖြစ်ပါတယ်။ရဟန္တာမစကောလားစတီးကားကသူမရဲ့အစ်ကို
ရဟန္တာဘယ်နားဒက်ကိုရဟန္တာဖြစ်ချင်လို့ဘာလုပ်ရမှာလဲလို့မေးတော့ရဟန္တာဘယ်နားဒက်ကရဟန္တာဖြစ်ချင်ရင်ရဟန္တာဖြစ်ချင်တဲ့ဆန္ဒအမြဲရှိဖို့လိုပါတယ်လို့ဖြေကြားခဲ့ပါတယ်။
သင်ကောရဟန္တာဖြစ်ချင်သလား။သခင်ခရစ်တော်ရဲ့တရားတော်တွေကိုကျင့်ကြံအားထုတ်ခြင်းဖြင့်ဘုရားရှင်နှင့်အသင်းတော်ကြီး၏ဂုဏ်ကိုမြှင့်တင်သူများဖြစ်နိုင်ကြဖို့ရန်ကြိုးစား
ကြပါစို့လို့တိုက်တွန်းရင်တင်ဆက်ပေးလိုက်ပါတယ်။

ဒီနေ့ သူတို့က ကောင်းကင်ကနေပြီး ကျွန် တော်တို့ကိုပြောနေတဲ့ သတင်းစကားကတော့ မ ကြောက် ကြနဲ့၊ စိတ်ဓာတ် မကျနဲ့။ ငါတို့ဟာလည်း မင်း တို့လိုပဲ အပြစ်ရှိခဲ့တဲ့၊ အားနည်းခဲ့တဲ့ သူတွေပါ။ ဒါ တောင်မှ ဘုရားရဲ့ တန်ခိုးတော်နဲ့ ချစ်ခြင်းမေတ္တာတော် အားဖြင့်တို့ဟာ ကယ်တင်ခြင်း ခံခဲ့ရတယ်။ ဆက်လက် ရုန်းကန် တွန်းလှန်ပါ။ ငါတို့က ကောင်းကင်ဘုံကနေ ဘုရားသခင်ဆီကို မင်းတို့အတွက် ဆုတောင်းပေးရင်း၊ မင်းတို့ကို ကူညီနေပါတယ်။ အံ့သြစရာကောင်း လောက်တဲ့ ဆုကျေးဇူး၊ ဆုလဒ်ဟာ မင်းတို့အတွက် ဒီ နေရာမှာ အဆင်သင့် ရှိနေပါတယ်

ကျွန်တော်တို့ လောကထဲမှာ အသက်ရှင်နေတဲ့ အချိန် တစ်ဦးနဲ့ တစ်ဦးက မတူညီကြတာ ရှုထောင့် မျိုးစုံဖြစ်ပါတယ်။ တချို့က စိုက်ပျိုးရေးလုပ်တယ်။ တချို့ကတော့ ကုန်သည်၊ တချို့က အစိုးရ အမှုထမ်း၊ တချို့ကျ တော့ ငယ်သေးပေမယ့် အသက်အရွယ်ကြီးတဲ့ လူတွေလည်း များစွာ ရှိနေပါတယ်။ အိမ်ထောင်သည်တွေလည်း ရှိသလို၊ လူလွတ်တွေလည်း များစွာရှိပါတယ်။ ဒီလို တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့်လို့ ခရစ်ယာန်တွေမှာ တူညီတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါက တော့ အားလုံးဟာ သန့်ရှင်းမွန်မြတ်တဲ့သူဖြစ်ဖို့၊ တစ်နည်းအားဖြင့်ပြောရရင် လူသားအားလုံးဟာ ရဟန္တာ ဖြစ်ဖို့ ခေါ်တော်မူခြင်း ခံရပါတယ်ဆိုတဲ့ အချက်ပါပဲ။

ကျွန်တော်တို့ အားလုံးက ဟ - ငါလို လူက ရဟန္တာဖြစ်မလား၊ သန့်ရှင်းမြင့်မြတ်နိုင် ပါ့မလား လို့ စောဒက တက်၊ မေးခွန်း ထုတ်ကြပါလိမ့်မယ်။

အဖြေကတော့ ကျွန်တော်တို့ ဖြစ်နိုင်ရုံ တင်မကဘူး။ ဖြစ်ကိုလည်းဖြစ်ရပါမယ်။ ကောင်းကင် ထာ၀ရ သုခ ချမ်းသာ၌ ဘုရားရှင်၏ ဘ၀ အသက်တာတွင် ပါ၀င်ဝေမျှရန် သန့်ရှင်းမြင့်မြတ်သူ (သို့) ရဟန္တာဖြစ်ရန် ဆိုတဲ့ အချက်အတွက် ဘုရားသခင်ကလောကထဲတွင် ကျွန်တော်တို့ကိုထား တာဖြစ်ပါတယ်။ အရှင် သူတော်မြတ်၊ ရဟန္တာအပေါင်းပွဲ ကျင်းပနေချိန် အဲဒီ ပုဂ္ဂိုလ်တော်မြတ်တွေဟာ ဘာကြောင့်၊ ဘယ် ပါရမီကြောင့်၊ သူတော်မြတ် ရဟန္တာများဖြစ် သွားကြတာလဲဆိုရင် ခရစ်တော်ဟောခဲ့တဲ့ မင်္ဂလာ တရားတော်ကြောင့် ပါပဲလို့ ဖြေရ ပါလိမ့်မယ်။ ဒီတရား တော်ဟာ ခရစ်ယာန် တရားတော်ရဲ့ အနှစ်သာရ သို့မဟုတ် ဓမ္မအမြုတေ ဖြစ်ပါတယ်။

တစ်နည်းပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ ပွဲကျင်းပတဲ့ ရဟန္တာတွေက ကျွန်တော်တို့ လူသား တွေဟာလည်း ရဟန္တာအဖြစ်ကို ရရှိအောင် ကြိုးစားကြဖို့ ဘုရားသခင်က အလိုရှိတယ်။ သတ်မှတ် ထားတယ်။ ခေါ်ထားတယ်ဆိုတဲ့ အချက်ကို သတိပေးနေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဘ၀အသက်တာဟာ သေပြီးတဲ့ အခါမှာ ထာ၀ရသုခ ချမ်းသာကို ခံစားရရှိမယ်ဆိုတဲ့ အခြေအနေမျိုး၊ ဘ၀ အသက်တာမျိုးနဲ့ နေထိုင် အသက်ရှင်ရမယ်ဆိုတဲ့ အချက်ကို သတိပေး ခြင်းပင်ဖြစ်ပါတယ်။

RVA ထုတ်လွှင့်ချက်မှ

Crd(RVA-Myanmar)

Add new comment

1 + 2 =