Matteo Rici, တရုတ်ယဥ်ကျေးမှုနှင့် ဧ၀ံ‌‌ဂေလိတရား

Matteo Rici

Matteo Rici, တရုတ်ယဥ်ကျေးမှုနှင့် ဧ၀ံ‌‌ဂေလိတရား

===================================

Matteo Rici ဆိုသည်မှာ အီတလီလူမျိုး Jesuits အသင်းဂိုဏ်း၀င် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး ၁၆ ရာစုတွင် တရုတ်နိုင်ငံသို့သာသနာပြုခဲ့သော ထင်ရှားသည့်သာသနာပြုဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။


ကာလအတန်ကြာသောအခါ Matteo Rici သည် တရုတ်လူမျိုး ကွန်ဖြူးရှပ်အတွေးခေါ်ပညာရှင်တစ်ဦးဖြစ်သူ Qu Taisu နှင့် မိတ်ဆွေ ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တွင် Matteo Rici မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီး၏သင်ကန်း၀တ်ရုံကို၀တ်ဆင်ရာ Qu Taisu မှ ထိုသို့မ၀တ်ဆင်ဘဲ တရုတ်စာပေပညာရှင်များကဲ့သို့သာ၀တ်ဆင်ရန် အကြံပေးသဖြင့် Matteo Rici လည်း ထိုအကြံပေးချက်အတိုင်းသာ ၀တ်ဆင်ခဲ့လေသည်။

Matteo Rici ၏ တရုတ်သာသနာပြုလုပ်ငန်းကြောင့် ထင်ရှားသည့်တရုတ်ပညာရှင်သုံးဦးဖြစ်သည့် Li Zhizao, Xu Guangqi, and Yang Tingyun တို့မှာ ကက်သလစ်ဘာသာယုံကြည်ခြင်းသို့ကူးပြောင်းခဲ့လေသည်။ ထို တရုတ်ပညာရှင်သုံးဦးသည် နောင်တွင် Three Pillars of the Early Catholic Church in China (တရုတ်နိုင်ငံရှိ ရှေးဦးကက်သလစ်အသင်းတော်၏ မှန်တိုင်သုံးရပ် ) အဖြစ် လူသိများလာခဲ့လေသည်။

Matteo Rici ၏ သာသနာပြုလုပ်ငန်းအား လက်မခံသည့်သူများမှာ Franciscan အသင်းဂိုဏ်းပုဂ္ဂိုလ်များ, Dominican အသင်းဂိုဏ်းမှ ပုဂ္ဂိုလ်များ, နှင့် Jesuits အသင်းဂိုဏ်းမှ အနည်းငယ်သောပုဂ္ဂိုလ်များဖြစ်လေသည်။ အထူးသဖြင့် Chinese Rites controversy ဟုခေါ်သော တရုတ်လူမျိုးများ၏ ရိုးရာယဥ်ကျေးမှုအား ခရစ်ယာန်ယုံကြည်ခြင်းအတွက် အသုံးပြုလျှင်ရသလော မရသလောဆိုသည့်အချက်နှင့်ပတ်သက်၍ဖြစ်သည်။ ဥပမာ - တရုတ်လူမျိုးတို့၏ ရိုးရာတစ်ခုဖြစ်သည့် သေလွန်သော ဘိုးဘွားတို့၏ အုပ်ဂူသို့သွားရောက်၍ ဂါရ၀ပြုရိုသေခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့်ဆန့်ကျင်ခြင်း ရှိမရှိ စသည့်အချက်များဖြစ်သည်။ ၁၆၄၅ ခုနှစ် တွင် Vatican ရှိ ပုပ်ရဟန်းမင်းကြီး၏ သာသနာပြန့်ပွားခြင်းဆိုင်ရာရုံး (Propaganda Fide) မှလည်း ထိုကဲ့သို့ တရုတ်ရိုးရာများအား ခရစ်ယာန်ယုံကြည်ခြင်းအတွက်အသုံးမပြုရန်တားမြစ်ခဲ့လေသည်။ သို့သော်ထူးခြားသည့်အချက်မှာ Dominican အသင်းဂိုဏ်း၀င် တရုတ်လူမျိုး Bishop Gregory Lopez မှာ Matteo Rici ၏ လုပ်ဆောင်ချက်ကို အပြည့်အ၀ထောက်ခံခဲ့လေသည်။

Matteo Ricci သည် ၁၆၁၀ ခုနှစ်တွင် တရုတ်ပြည် ဘေကျင်းမြို့တွင် ပျံလွန်တော်မူခဲ့ပြီး၊ သူပျံလွန်တော်မူပြီး နှစ်ပေါင်း ၃၂၉နှစ်အကြာ ၁၉၃၉ ခုနှစ်တွင် Vatican မှ တရုတ်ရိုးရာဖြစ်သည့် သေလွန်သောဘိုးဘေးများအား ရိုသေဂါရ၀ပြုခြင်းအား အတည်ပြုပေးခဲ့ပြီး တရုတ်ကက်သလစ်များလည်း ထိုရိုးရာတွင်ပါ၀င်နိုင်ကြောင်း တရား၀င်ကြေ ငြာချက်ထုတ်ပြန်ပေးခဲ့သည်။

မည်သို့ပင်ဆိုစေ ပုပ်ရဟန်းမင်းကြီး John Paul II သည် တရုတ်နိုင်ငံနှင့် ကက်သလစ်အသင်းတော် အကြားဆက်ဆံရေးပြန်လည်တည်ဆောက်ရန် သမိုင်း၀င်ပန်ကြားချက်တွင် တရုတ်နိုင်ငံနှင့် ကက်သလစ်အသင်‌တော်အကြား ဆက်ဆံရေးနှင့် ပတ်သက်၍ ကက်သလစ်အသင်းတော်၏ အတိတ်မှမှားယွင်းသော လုပ်ဆောင်ချက်များအတွက်တောင်းပန်‌‌ကြောင်း မိန့်ကြားခဲ့သည်။ ထိုသို့မိန့်ကြားရာတွင် Matteo Rici အားထောက်ခံခဲ့ပြီး သူ၏သာသနာပြုလုပ်ဆောင်ချက်များကို ကိုးကားဖော်ပြခဲ့ခြင်းအားဖြင့် Matteo Rici ၏ လုပ်ဆောင်ချက်များသည် မမှားယွင်းခဲ့ ‌ကြောင်း သိမြင်နိုင်ပါသည်။

Credit: Henry Brang Mai Lazing‎

References:

Billington, Michael. “Matteo Ricci, the Grand Design, and the Disaster of the 'Rites Controversy'.” Executive Intelligence Review 28, no.43 (November 9, 2001):37-41.

The Editors of Encyclopaedia Britannica, “Chinese Rites Controversy,” https://www.britannica.com/event/Chinese-Rites-Controversy [Accessed November 13, 2019].

Hsing-san Shih, Joseph. “Matteo Ricci Italian Jesuit missionary(October 2, 2019),” https://www.britannica.com/biography/Matteo-Ricci[Accessed November 11, 2019].

Add new comment

4 + 0 =