July (1) စိန့်ဂျိုနီပယ်ရိုစဲရာ ပွဲနေ့ (St. Junípero Serra)

July (1) #စိန့်ဂျိုနီပယ်ရိုစဲရာ ပွဲနေ့ (St. Junípero Serra)

စိန့် ဂျိုနီပယ်ရို စဲရာသည် (၁၇၁၃)ခုနှစ်၊ နိုဝင်ဘာလ၊ (၂၄) ရက်နေ့တွင် စပိန်နိုင်ငံ၊ မာဂျိုကာကျွန်း၌ မွေးဖွားခဲ့သည်။ ပါဒရေ စဲရာဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ ဖရန့်စစ်ကင်အသင်းဂိုဏ်းကို (၁၇၃၀)ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ သူသည် ရဟန်းသိက္ခာ မခံယူခင်ကပင် ဒဿနိကဘာသာရပ်၏ စာချပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။

ပညာပါရမီပြည့်ဝသူ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် မျှော်လင့်အားထားရသောသူ တစ်ယောက်လည်း ဖြစ်သည်။ PhD ဘွဲ့ကို ရရှိသည့်နောက်ပိုင်းတွင် သူသည် စာများကို သင်ကြားပို့ချခဲ့ပြီး ဒန်းစ် စကိုတူးစ်၏ ဒဿနိက ပါမောက္ခ ရာထူးကို ရရှိခဲ့သည်။ သို့သော် အသက် (၃၆)နှစ်အရွယ်တွင် ရာထူးကိုစွန့် ၍ နယူးဝေါလ် (New World)၌ သာသနာပြုပုဂ္ဂိုလ်တစ်ဦး ဖြစ်ရန် ဆန္ဒရှိလာခဲ့သည်။

ပါဒရေ စဲရာသည် မက္ကစီကိုမှ စတင်၍ သာသနာပြုခဲ့သည် ပေးမီအင်ဒီးယန်းများကြားတွင် လှုပ်ရှားနေစဉ်သူတို့၏ ဘာသာစကားကို လေ့လာခဲ့ပြီး ဘာသာရေးဆိုင်ရာစာပေများအား သူတို့ဘာသာစကားဖြင့် နားလည်၍ရအောင် ဘာသာပြန်ပေးခဲ့သည်။ မက္ကစီကို၌ သာသနာပြုနေစဉ် နောင်တ တရားနှင့် ဒဏ်ဆပ်ဖြေခြင်းကို လေးလေးနက်နက် ကျင့်ကြံသော တရားဟောဆရာအဖြစ် ကျော်ကြားခဲ့လေသည်။ သူသည် မိမိပြုမိသောအပြစ်များအတွက် ဒဏ်ဆပ်ဖြေရာ၌ မိမိရင်ဘတ်အား ကျောက်ခဲဖြင့်ထု၍‌ ‌ မိမိကိုယ်ကို ချိုးနှိမ်အပြစ်ပေးခဲ့သူ ဖြစ်သည်။ သူပထမဦးဆုံးတာဝန်ကျခဲ့သည့် စိန့် ဖာရ်နန်ဒို ကျောင်းရှိ ယောက်ျားလေးများ၏ အလုပ်ဖြစ်သော သန့်ရှင်း‌ရေးကိုလည်း ဝိုင်းဝန်းကူညီ တတ်သူဖြစ်သည်။ နယူးဝေါလ်တွင် ရောက်ရှိပြီးနောက် မကြာခင် သူ၏ဒူးခေါင်း၌ အဆိပ်ပြင်းသော ပင့်ကူမှ ကိုက်သဖြင့် သူ့ဘဝတစ်လျှောက် ဒဏ်ရာတစ်ခုအဖြစ်ကျန်နေခဲ့သည်။ သို့သော်လည်း သူသည် မိမိတတ်နိုင်သမျှ နေရာတိုင်းကို သွားခဲ့သူဟု ထင်ရှားခဲ့သည်။

(၁၇၆၇) ခုနှစ်တွင် စဲရာသည် ကာလီဖိုးနီးယားပြည်နယ် အထက်ပိုင်း (Upper Carlifonia) တွင် တရားဒေသနာဟောကြားရန် တာဝန်ချခံရသည်။ ၎င်းနေရာတွင် သူသည် သာသနာများစွာ ဖွဲ့စည်းခဲ့ပြီး နာမည်ကျာ်ကြားခဲ့သည်။ ၎င်းသာသနာသည် ယနေ့ထိတိုင် ဆန် ဒီကို မှ ဆန်ဖရန့်စစ်ကို ထိတိုင် သာသနာ ပြန့်ပွားခဲ့သည်။

ပါဒရေ စဲရာ သည် (၁၇၈၄) ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ သူ၏ ဈာပန အခမ်းအနားတွင် သူနှင့်အတူ သာသနာတွင် လှုပ်ရှားခဲ့ကြသောသူများသည် ငိုကြွေးခဲ့ကြရသည်။ ကာလီဖိုးနီးယားနယ် တဝိုက်တွင် ယုံကြည်ခြင်းကို ယူဆောင်လာသူဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

 ကြယ်စင်လေး(SJA)
Ref; CNA

Add new comment

12 + 0 =