‘‘ဂွါဒါလုပေ မယ်တော်’’ The Virgin of Guadalupe

‘‘ဂွါဒါလုပေ မယ်တော်’’ The Virgin of Guadalupe

ဖလော်ရီဒါက မမျှော်လင့်တဲ့ အဖြစ်အပျက် တစ်ခုပါ။ မီးသတ်သမားတွေ အံ့အား သင့်စေခဲ့တာက ပေါ့ပလာသစ်ပင်တစ်ပင်မှာ မီးစွဲလောင်နေပြီး မီးကိုညိမ်းသတ်ဖို့ လုပ်နေစဉ် သစ်ပင်ပေါ်မှာ ခြယ်သရေးဆွဲထားတဲ့ ဂွါဒါလူပီ မယ်တော်ရဲ့ အဆင်းသဏ္ဌာန်ကို သူတို့ သတိပြုမိ ခဲ့ကြတယ်။ ထူးခြားတာက မယ်တော်ပုံရိပ် အနီးကို ရောက်တဲ့အခါ မီးငြိမ်းသွားတာကို တွေ့ခဲ့ကြရတယ်။ အရမ်းကို အံ့သြသွားတယ် လို့ဆိုပါတယ်။

မီးသတ်သမားရဲ့ နာမည်က Jose Manuel Rivera Valenzuela ဖြစ်ပြီး သူကဒီလိုပြောခဲ့ပါတယ်။ "ကျွန်တော်တို့က မီးမငြိမ်းခင် သူမ (မယ်တော်ပုံ)ကို ခဏစောင့်ကြည့် နေခဲ့ကြပါတယ်။ (CoolCatholics fb page)

ဂွါဒါလုပေမယ်တော်ရဲ့ သမိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး လေအို(၁၃)က ၁၈၉၅ ခုနှစ်၊​ အောက်တိုဘာ ၁၂ ရက်နေ့တွင် ‘‘ဂွါဒါလုပေမယ်တော်’’အား ‘‘ကျင့်ကြံအပ်သော သဒ္ဓါကြည်ညို ခြင်း’’အဖြစ် အမိန့်စာ (Papal Bull) ထုတ်ပြန်ခဲ့ပါတယ်။ (၁၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျူဘီလီနှစ်ကို ၂၀၁၉၊​ စက်တင်ဘာတွင် စတင်ခဲ့ပြီး (၂၁-၁၀-၂၀၂၀)တွင် အဆုံးသတ်ရန် ဆောင်ရွက်ခဲ့သော်လည်း ကပ်ရောဂါ အခြေအနေကြောင့် ဘာသာဝင်များ မက္ကဆီကိုရှိ ဂွါဒါလုပေမယ်တော် ရင်ပြင်တော်သို့ မလာရောက်နိုင်သဖြင့် ဂျူဘီလီနှစ်ကို (၂၁-၁၀-၂၀၂၁)အထိ သက်တမ်းတိုး ကျင်းပခဲ့ကြောင်း မျိုးကြဲသူမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ကြုံနေရတဲ့ မတရားမှုကို အောင်မြင်ကျော်လွှာနိုင်ဖို့ စိပ်ပုတီးစိပ်ရင်း မယ်တော်သခင်မ ကနေတဆင့် ဘုရားသခင်ထံ တောင်းလျှောက် ဆုတောင်းကြပါစို့။ ဂွါဒါလုပေမယ်တော် ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွက် အမြန်ဆုံး တရားမျှတမှုနဲ့ ဒီမိုကနေစီ ထွန်းကားလာအောင် ဆုတောင်း ပေးတော်မူပါ။ အာမင်။

Add new comment

9 + 9 =