ဩဇာအာဏာ

ဒီကနေ့လူသားကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက် ဩဇာအာဏာဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာပေါ်ရှိလူ့အဖွဲ့အစည်းတိုင်း၊တိုင်းနိုင်ငံတိုင်းကိုအုပ်ချုပ်စီမံနေသူများမှာဩဇာအာဏာရှိသူများပင်ဖြစ်သည်။ထိုဩဇာအာဏာကိုပိုင်ဆိုင်ထားသူများသည်၎င်းလူ့အဖွဲ့အစည်းများနှင့်တိုင်းနိုင်ငံများကိုမေတ္တာစစ်ဖြင့်အုပ်ချုပ်ဉီးဆောင်ပါလျှက်အမှန်တကယ်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောစေမည်သာဖြစ်သည်။သို့သော်အုပ်ချုပ်သူများသည်ထိုဩဇာအာဏာကိုအလွဲသုံးစားပြုလုပ်မိပါကထိုတိုင်းနိုင်ငံ၊အဖွဲ့အစည်းအားပျက်စီးဆုံးရူံးဆုတ်ယုတ်သွားစေမည်သာဖြစ်သည်။" Authority " ဟူသောစကားသည်လက်တင်စကားလုံးမှတဆင့်အင်္ဂလိပ်စကားလုံးမှဆင်းသက်လာခြင်းဖြစ်သည်။အဓိပ္ပါယ်မှာတိုးပွားစေရန်၊များပြားစေရန်ဟူ၍ဖြစ်သည်။ထို့ကြောင့်ဤဩဇာအာဏာကိုအုပ်ချုပ်ခံလူသားများ၏ကြီးပွားချမ်းသာ၊တိုးတက်ရေးအတွက်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ကမ္ဘာပေါ်ရှိမည်သည့်အဖွဲ့အစည်းမဆိုဩဇာအာဏာဖြင့်စနစ်တျစီမံအုပ်ချူပ်မှုမရှိပါလျှင်ထိုအဖွဲ့အစည်းးသည်အချိန်တိုအတွင်းပြိုကွဲပျက်စီးသွားမည်သာဖြစ်သည်။ဩဇာအာဏာဟူသမျှသည်ဘုရားသခင်ထံမှရရှိခြင်းသာဖြစ်သည့်အလျောက်ထိုဆုလဒ်တော်ဖြင့်အများအကျိုးအတွက်လုပ်ဆောင်အစေခံရမည်ဖြစ်သည်။ကျွန်ုပ်တို့ခရစ်ံယာန်ယုံကြည်သူများအတွက်ဩဇာအာဏာအရှိဆုံးနှင့်အနှိမ့်ချဆုံးသောအစေခံကောင်းတစ်ဦးကိုဖော်ပြပါဆိုလျှင်သခင်ခရစ်တော်ကိုသာညွန်ပြရမည်ဖြစ်သည်။ဩဇာအာဏာပေးအပ်ခြင်းခံရသောသူတို့သည်သူတို့၏အုပ်ချူပ်ခံလူသားများအတွက်ဘုရားသခင်ခန့်အပ်ထားသောအစေခံများနှင့်အကျိုးတော်ဆောင်များသာဖြစ်ကြသည်။လောကသို့သခင်ခရစ်တော်ဆင်းကြွလာခြင်းမှာလည်းတပါးသူကိုစေခိုင်းရန်မဟုတ်ဘဲတပါးသူ၏အစေကိုခံရန်သာဖြစ်သည်။ထိုနည်းတူအဖွဲ့အစည်းတစ်ခု၏အကြီးအကဲခေါင်းဆောင်လုပ်သောသူသည်ထိုအဖွဲ့အစည်းအပေါ်အာဏာရှင်ဆန်သောသဘောနှင့်အုပ်ချုပ်မင်းလုပ်ရန်မဟုတ်ဘဲသခင်ခရစ်တော်၏ဘဝသက်တာကိုအတုယူပြီးအစေခံရန်သာဖြစ်သည်။ဩဇာအာဏာရှိသောအကြီးအကဲတစ်ဦး၏ကောင်းသောအကျင့်ပုံစံသည်လက်အောက်ငယ်သားများကသူ၏ဦးဆောင်လမ်းညွန်မှုကိုလိုလိုလားလားလိုက်နာနိုင်ရန်အတွက်အလွန်ပင်အရေးပါလေသည်။အုပ်ချူပ်ခံငယ်သားများ၏လိုအပ်ချက်များကိုသိရှိနားလည်ရန်သူတို့နှင့်တရင်းတနှီးဆက်ဆံရမည်ဖြစ်သည်။သူတို့၏အသံ၊ခံစားချက်များကိုနားထောင်၊မျှဝေခံစားပေးနိုင်ရမည်။အဖွဲ့အစည်း၊အသိုင်းအဝိုင်းတစ်ခု၏အုပ်ချူပ်ပုံစည်းစနစ်များလည်းထိုအသင်းအဖွဲ့၌ပါဝင်နေသူများ၏ရှုပ်ထွေးလှသောလူ့အခြေအနေအပေါ်မူတည်၍များစွာပြောင်းလဲလာတတ်သည်။လူတစ်ဦး၏အကြောင်းစိတ်တေစိတ်ထားကိုသိလိုလျှင်သူ့ကိုနေရာ၊အာဏာ၊လုပ်ပိုင်ခွင့်ကိုပေးကြည့်ပါဟူသောပညာရှိဆိုရိုးစကားကိုကြားဖူးကြပေလိမ့်မည်။ပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များအားလုံးသည်ပုံမှန်အခြေအနေအတိုင်းသူ့ဘောင်နှင့်သူစီးဆင်းနေလျှင်အလွန်ပင်တင့်တယ်လှပသည့်အပြင်ကမ္ဘာလူသားများနှင့်သက်ရှိသတ္တဝါ၊သစ်ပင်ပန်းမာလာများအားလုံးအတွက်မရှိမဖြစ်လိုအပ်၍အကျိုးပေးသောအရာလည်းဖြစ်ပေသည်။သို့သော်ထိုပင်လယ်၊မြစ်ချောင်း၊အင်းအိုင်များသည်ထိုပုံမှန်အခြေအနေထက်များပြားပြည့်လျှံကာသူ့ဘောင်ကျော်လာပါကအရာရာကိုဖျက်ဆီးပြီးအကျိုးယုတ်ဆုံးရူံးစေသောအရာတစ်ခုဖြစ်လာပြန်သည်။ထိုနည်းတူတိုင်းနိုင်ငံနှင့်လူ့ဘောင်အဖွဲ့အစည်းအသီးသီးကိုဦးဆောင်အုပ်ချူပ်နေကြသောဩဇာအာဏာရှိသူတို့သည်အထက်တွင်ဖော်ပြခဲ့သောဩဇာအာဏာ၏သဘောသဘာဝနှင့်ရည်ရွယ်ချက်များထက်ကျော်လွန်၍အာဏာရှင်ဆန်၊အတ္တ၊မာန၊လောဘဆန်နေပါလျှင်ဖွံ့ဖြိုးတိုးတက်၊သာယာဝပြောရေးအတွက်အစေခံမဟုတ်ပဲခေတ်နောက်ပြန်ဆွဲကာအကျိုးယုတ်ဆုံးရူံးစေသောသေမင်းတမန်များပင်ဖြစ်နေကြပါလိမ့်မည်။ဤကဲ့သို့အာဏာရှင်ဆန်သောခေါင်းဆောင်များကိုမည်သည့်နိုင်ငံမည်သည့်အဖွဲ့အစည်းမျှမလိုလားကြပေ။မည်သည့်ခေါင်းဆေင်မဆိုသူအုပ်ချူပ်နေသောထိုတိုင်းပြည်၊ထိုအဖွဲ့အစည်းအတွက်အကျိုးရလဒ်ဖြစ်ထွန်းရန်ရည်ရွယ်ကာချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ဆိုလိုသည်မှာထိုကဲ့သို့ချမှတ်ထားသောစည်းမျဥ်းစည်းကမ်းအောက်၌သာနေရမည်။ချမှတ်ထားသောတရားဥပဒေမူဝါဒစည်းမျဥ်းစည်းကမ်းများအားလုံးကိုမိမိကိုယ်တိုင်လည်းလိုက်နာရမည်။

Add new comment

10 + 3 =