အ သေးစားနဲ့အလတ်စားစက်မှုလက်မှုလုပ်ငန်းရှင်ကိုခင်မောင်လတ်

 

ဖွံ့ဖြိုးစနှင့် ဖွံ့ဖြိုးဆဲတိုင်းပြည်တစ်ခုမှာ ှနြ  လို့ခေါ်တဲ့ ှောူ ညေိ နြိငကာ နညအနမစမငျန အသေးစားနဲ့အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေဟာ တိုင်းပြည်တိုးတက်ရေးအတွက် အရေး ကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်။ ကမ္ဘာမှာ စက်မှုလုပ်ငန်းကြီးတွေနဲ့ ရပ်တည်နေပြီး ချမ်းသာနေတဲ့ တိုင်းပြည်တွေဟာလည်း ှနြ ကနေ အကြီးစား စက်မှုလုပ်ငန်းကို ကူးပြောင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ အရည်အသွေးမှီ အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေကို တိုင်းပြည်အတွင်းမှ တည် ထောင်နိုင်ပြီဆိုရင် ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပါတယ်။ ွီဏ လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာလည်း အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေ အမျိုးမျိုးလုပ်ကိုင်နေတာရှိပါတယ်။ ှနြ တွေကြောင့် သက်ဆိုင်ရာ ဒေသကလူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေကို ရရှိစေခဲ့ပါတယ်။ ကျွန်တော်တို့ဆီက အသေးစားနဲ့ အလတ်စား စက်မှုလက်မှု လုပ်ငန်းလုပ်ဆောင်သူတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ အားနည်းနေပါတယ်။ တစ်ပိုင်တစ်နိုင် လုပ်ငန်းမျိုးတွေကိုသာ လုပ်တဲ့လုပ်ငန်းတွေက များပြီး စားသုံးသူကို အဓိကထားပြီးထုတ်လုပ်တဲ့ လုပ် ငန်းတွေ များပါတယ်။ ကိုယ့်ရဲ့ ထုတ်ကုန်မှာ အခြားလုပ်ငန်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်နေတဲ့ ပစ္စည်းမျိုးကို ထုတ်လုပ်တဲ့ လုပ်ငန်းမျိုးကို လုပ်ဆောင်သူတွေဟာ အောင်မြင်တဲ့ အသေးစားနဲ့ အလတ် စား စက်မှုလုပ်ငန်းရှင်တွေ ဖြစ်လာကြပါတယ်။

သောက်ရေသန့်လုပ်တဲ့ လုပ်ငန်းကို ကြည့်မယ်ဆိုရင် ရေသန့်ထုတ်တဲ့လူအတွက် ရေဘူး ဆိုတာ မရှိမဖြစ်လိုအပ်နေတဲ့အရာပါ။ ရေဘူးထုတ်တဲ့လူဟာ ရေသန့်လုပ်မယ့် လူကို ရအောင်ရှာဖွေ နိုင်ရပါမယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ များသောအားဖြင့် အလုပ်အားလုံးကို တစ်ဦးတစ်ယောက်တည်း က လုပ်ဆောင်နေတာ များပါတယ်။ ဒီလိုတွေ လုပ်ဆောင်တဲ့အတွက် ဈေးကွက်ချဲ့ထွင်မှုကို မစဉ်းစား နိုင်ကြတော့ဘဲ ကိုယ်လုပ်နေတဲ့လုပ်ငန်း ရပ်တည်နိုင်ရေးကိုသာ အဓိကထားပြီ ကြိုးစားနေကြရတယ်။

တိုင်းပြည်တွင်းမှာ ကုန်ပစ္စည်းထုတ်လုပ်တဲ့ အသေးစားနဲ့အလတ်စား စက်မှုလက်မှုလုပ် ငန်းတွေထက် နိုင်ငံခြားတိုင်းပြည်တွေ တင်ပို့ရောင်းချနိုင်မယ့် အရည်အသွေးရှိ ပစ္စည်းတွေကိုလည်း ထုတ်လုပ် သင့်ပါတယ်။ မိမိထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာ အခြားနိုင်ငံတစ်ခုက ထုတ်ကုန်အတွက် မရှိမဖြစ်လိုအပ်နေမယ့် ပစ္စည်းမျိုးကို စဉ်းစားပြီး ထုတ်လုပ်သင့်ပါတယ်။ ကျွန်တော်တို့အားလုံး သိနေ ကြတဲ့ ဟွန်ဒါကားကုမ္ပဏီဟာ ကိုယ်ပိုင်ကားကုမ္ပဏီမဖြစ်ခင် တိုယိုတာ ကုမ္ပဏီအတွက် နြမေငညါ တွေ လုပ်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူ အောင်မြင်လာတော့မှ ကားကုမ္ပဏီအဖြစ်ကို တစ်ဆင့် ချင်းပြောင်းလဲ လာခဲ့တာပါ။ ဒီလိုမျိုး မိမိရဲ့ထုတ်ကုန်စာ အခြားလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ခြင်းကို ှကစစူပ ခ့ငေည ထဲ ဝင်အောင်လုပ်ဆောင်ကြတယ်လို့ ပြောဆိုကြပါ တယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကြည့်မယ်ဆိုရင် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း ကို လုပ်ဆောင်နေကြတာ ပုံစံအမျိုးမျိုးနဲ့ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ များစွာရှိနေပါတယ်။ ဒါပေမယ့် အာဆီယံဒေသတွင်းက တိုင်း ပြည်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ အရမ်းကိုနည်းတဲ့ ပမာဏဖြစ်နေပါတယ်။ လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး တိုင်းပြည်စီးပွားရေးကိုတည်ဆောက်တဲ့ခေတ်က ကုန်နေပါပြီ။ ဒါကြောင့် အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေကို ဦးစားပေးပြီး ပြည်တွင်းအတွက်သာမက ပြည်ပအထိပါ တင်ပို့ နိုင်မယ့် ကုန်ပစ္စည်းမျိုးတွေကို ထုတ်လုပ်ဖို့ လိုအပ်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။

အသေးစားနဲ့အလတ်စား စက်မှုလက်မှုလုပ်ငန်းနဲ့ ှကစစူပ ခ့ငေည  ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံခြားရောက် မြန်မာလူမျိုးတစ်ယောက်အကြောင်း ပြောပြချင် ပါတယ်။

ကျွန်တော်ပြောပြချင်တဲ့အကြောင်းကတော့ မလေးရှားနိုင်ငံ (ကြမေ) မြို့ကို ရောက်ရှိနေ တဲ့ မြန်မာပြည်ဖွား အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းပိုင်ရှင် တစ်ယောက်အကြောင်းပါ။ သူ့နာမည်ကတော့ ကိုခင်မောင်လတ်လို့ ခေါ်ပါတယ်။ သူဇာတိက မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့က ဖြစ်ပါတယ်။ မြန်မာပြည်မှာ နေထိုင်စဉ်က မိဘတွေရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်တာတွေ ခေတ်စား လာတဲ့အခါ ကိုခင်မောင်လတ်လည်း သူငယ်ချင်းတွေရဲ့ အဆွယ်ကောင်းတာနဲ့ မလေးရှားနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

မလေးရှားရောက်တော့ ပွဲစားတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ ပရိဘောဂထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူလုပ်ရတဲ့ အလုပ်က ပရိဘောဂစ္စည်းအကြမ်းတွေ စက်နဲ့ကော်ပတ်စားတဲ့ အလုပ်ဖြစ်ပါတယ်။ စက်ကိုအသုံးပြုလို့မရတဲ့ နေရာတွေမှာတော့ လက်နဲ့ကော် ပတ်စားပေးရပါတယ်။ သူတို့ကော်ပတ်စားပြီးသား ပစ္စည်းတွေကို မလေးရှားလူမျိုး ကျွမ်းကျင်အလုပ် သမားတွေက ကုန်ချောအဖြစ် ထုပ်လုပ်တာဖြစ်ပါတယ်။ အလုပ်ကလည်း အချိန်ပြည့်အလုပ်မဟုတ်ဘဲ  ကုမ္ပဏီမှာ အလုပ်ရှိတဲ့နေ့တွေလောက်သာ အချိန်ပိုင်းပုံစံနဲ့ ဝင်ရောက်လုပ်ကိုင်ပေးရတာ ဖြစ်ပါတယ်။ ပရိဘောဂစက်ရုံမှာ အလုပ်မရတဲ့နေ့တွေမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နေပူမရှောင် မိုးရွာမရှောင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြရပါတယ်။

ဒီလိုနဲ့ အလုပ်ရတစ်ရက် မရတစ်ရက်နဲ့ နေထိုင်လာရင်း တစ်နှစ်ဆိုတဲ့အချိန်ကို ရောက် လာခဲ့ပါတယ်။ မလေးရှားမှာ တစ်နှစ်လောက်နေထိုင်ခဲ့တာဖြစ်လို့ မလေးစကားကိုလည်း ပြောဆိုနိုင်ပြီး မလေးရှားအကြောင်းလည်း နှံ့စပ်လာတဲ့သူတစ်ယောက်ဖြစ်နေပါပြီး။ တစ်နေ့မှာ သူတို့အလုပ်လုပ်တဲ့ ပရိဘောဂစက်ရုံမှာ ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး အလုပ်ရပ်နားကြရဖို့အတွက် ဖြစ်လာခဲ့ပါတယ်။

အဲဒါကတော့ ပရိဘောဂပစ္စည်းတွေမှာ အသုံးပြုတဲ့ အရောင်ဆီပြတ်လပ်မှုတွေ ဖြစ်လာ ခဲ့ပါတယ်။ သူတို့စက်ရုံကထုတ်တဲ့ ပရိဘောဂတွေအတွက် အရောင်တင်ဆီကို အခြားကုမ္ပဏီတစ်ခုကနေ ဝယ်ယူပြီး အသုံးပြုခဲ့ကြတာပါ။ အခုလို အရောင်တင်ဆီရောင်းတဲ့ ကုမ္ပဏီကပစ္စည်းတွေ မပို့တော့ဘူး ဆိုတော့ သူတို့ကုမ္ပဏီလည်း အရောင်တင်ဆီရောင်းတဲ့ ကုမ္ပဏီအသစ်တွေကို လိုက်ရှာနေပြီး အလုပ် တွေလည်း ရပ်ထားလိုက်ရပါတယ်။ ကုမ္ပဏီက အလုပ်ရပ်ထားလိုက်တဲ့အတွက် ကိုခင်မောင်လတ်တို့ မြန်မာအုပ်စု အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့ကုမ္ပဏီမှာ ကိုခင်မောင်လတ်အပါအဝင် မြန်မာအလုပ်သမား အယောက် ၂၀လောက်ရှိပါတယ်။ အမျိုးသမီးတွေလည်း ရှိနေတယ်။ အားလုံး အလုပ်လက်မဲ့ဖြစ်ပြီး နေပူမရှောင် မိုးရွာမရှောင်လုပ်ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို ပြန်ဝင်ရမှာမို့ အားလုံးစိတ်မသက်သာဖြစ်နေကြပါတယ်။

ဒီပရိဘောဂ အလုပ်ဆိုတာက ကိုခင်မောင်လတ်အတွက်ကတော့ ထမင်းစားရေသောက် အလုပ်တစ်ခုပါ။ မြန်မာပြည်မှ နေထိုင်စဉ်ကတည်းက မိဘတွေရဲ့ အလုပ်ကိုဦးဆောင်ပြီး လုပ်ခဲ့တဲ့သူ ဖြစ်လို့ဒီအလုပ်တွေက သူနဲ့ အကျွမ်းတဝင်ဖြစ်ပြီးသားတွေပါ။ အခု သူတိုကုမ္ပဏီမှ လိုအပ်နေတဲ့ အရောင်တင်ဆီစပ်တဲ့နည်းကိုလည်း ကိုခင်မောင်လတ် ကောင်းကောင်းကျွမ်းကျင်တဲ့ကိစ္စပါ။ ဒါနဲ့ပဲ ကုမ္ပဏီသူဌေးကို အရောင်တင်ဆီ သူလုပ်တတ်တဲ့အကြောင်းပြောတော့ သူဌေးက မယုံပါဘူး။ အလုပ် ပြုတ်သွားမှာစိုးလို့ ပြောတယ်ပဲ ထင်နေတယ်။ နောက်ဆုံး ကိုခင်မောင်လတ်က သူ့ပိုက်ဆံနဲ့သူ အရောင်တင်ဆီစပ်ခဲ့တယ်။ အစမ်းသုံးကြည့်ပြီး ကြိုက်မှဆက်သုံးပါလို့ ပြောမှ အဆင်ပြေသွားခဲ့တယ်။ ကိုခင်မောင်လတ် စပ်ပေးတဲ့အရောင်တင်ဆီက အရင်ကုမ္ပဏီက ဝယ်ရတဲ့ဈေးနှုန်းနဲ့ တစ်ဝက်လောက် သက်သာနေပါတယ်။ ဒါကြောင့်လည်း ကိုခင်မောင်လတ်ကို စမ်းသပ်ပြီး သုံးကြည့်ဖို့အတွက် ခွင့်ပြုလိုက် တယ်။ နောက်တစ်နေ့မှာ ကိုခင်မောင်လတ် အရောင်တင်ဆီမှာ အသုံးပြုရတဲ့ ပစ္စည်းတွေကို ဝယ်ပြီး အရောင်တင်ဆီကို စပ်တယ်။ ပြီးသွားတော့ ကုမ္ပဏီသူဌေးဆီကို သွားပြီး အရောင်တင်ဆီကို ပြလိုက် တယ်။ သူဌေးလည်း ကိုခင်မောင်လတ်စပ်ခဲ့တဲ့ အရောင်တင်ဆီကိုကြည့်ပြီး မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် သူအလုပ်အတွက် အဓိကလိုအပ်နေတဲ့ ပစ္စည်းကိုရလို့လည်း ဝမ်းသာသွားခဲ့တယ်။ အရောင် တင်ဆီကို စမ်းသပ်ပြီး သုံးကြည့်လိုက်တော့ မြန်မာလူမျိုးတွေ ကြိုက်တဲ့အရောင်နဲ့ သူတို့ကြိုက်တဲ့အရောင် က နည်းနည်းကွာနေတယ်။ ဒါကိုလည်း ကိုခင်မောင်လတ်က ပြန်ပြင်လိုက်နိုင်တယ်။ အရောင်တင်ဆီ စပ်တဲ့ ကုန်ကျစားရိတ်တွေကိုတော့ သူဌေးက ပြန်ပေးလိုက်ပါတယ်။

ဒီလိုနဲ့ပဲ သူတို့တစ်တွေ ပရိဘောဂစက်ရုံမှာ အလုပ်ဆင်းခွင့် ပြန်ရသွားခဲ့ပါတယ်။ ကိုခင် မောင်လတ်အတွက်ကတော့ အရောင်တင်ဆီစပ်ရတဲ့ အလုပ်တစ်ခု ပိုပြီးတိုးသွားခဲ့ပါတယ်။ အရင်လို အလုပ်ရှိမှ ခေါ်ခိုင်းတာမျိုး မဟုတ်တော့ပဲ နေ့တိုင်းအလုပ်ဆင်းပြီး အရောင်တင်ဆီစပ်တဲ့ အလုပ်ကို လုပ်နေရပါတယ်။ နိုင်ငံခြားသား သူဌေးတွေရဲ့ ထုံးစံအတိုင်း ကိုခင်မောင်လတ်ကို အချိုနဲ့စေခိုင်းစေခဲ့ ပါတယ်။ လစာကိုလည်း အရင်ပုံစံအတိုင်း အလုပ်ဆင်းရတဲ့ရက်နဲ့တွက်ပြီး ပေးတဲ့ နေ့စားပုံစံအတိုင်း ပေးခဲ့တယ်။

ကိုခင်မောင်လတ်က စိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိတ်ဆွေတွေ အလုပ် ပြန်ရတာကိုပဲ သူဌေးကို ကျေးဇူးတင်နေပါတယ်။ တစ်ရက်မှာ သူတို့နေတဲ့အဆောင်ကို မလေးရှားလူမျိုး တစ်ယောက်ရောက်လာပြီး ကိုခင်မောင်လတ်ကို သူတို့ကုမ္ပဏီမှာ အလုပ်လာလုပ်ရင် လခများများ ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတယ်။ လုပ်ပေးရမယ့် အလုပ်က အခုကုမ္ပဏီမှာ လုပ်နေတဲ့အတိုင်း အရောင်တင်ဆီစပ်ပေးရမယ်လို့ ပြောလာတယ်။ ကိုခင်မောင်လတ်က သူ လက်ရှိအလုပ်က ထွက်လိုက် ရင် ကျန်နေတဲ့ မြန်မာတွေ ဒုက္ခရောက်မှာ စိုးရိမ်တဲ့အတွက် ပိုက်ဆံဘယ်လောက်ရရ သူ အခုအလုပ် က မထွက်နိုင်ပါဘူးလို့ ပြောလိုက်တယ်။ လာပြောတဲ့ မလေးရှားလည်း ငွေနဲ့ များလိုမရတဲ့အတွက် ကိုခင်မောင်လတ်ကို အရောင်တင်ဆီစပ်ပေးဖို့ ကမ်းလှမ်းလာတယ်။ နောက်ဆုံးမှာ ကိုခင်မောင်လတ် အားတဲ့အချိန်မှာ အရောင်တင်ဆီတွေ စပ်ပေးဖို့ သဘောတူလိုက်တယ်။

အခုလိုဖြစ်လာတာဟာ ခင်မောင်လတ်ရဲ့ဘဝအပြောင်းအလဲဖြစ်ဖို့အတွက် လမ်းစတစ်ခု ပဲ ဖြစ်ပါတယ်။ မနက်ပိုင်းလက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာပဲ ဆက်ပြီးတော့ လုပ်ပါတယ်။ ညဘက် အဆောင်ပြန်ရောက်တဲ့အခါ အခြားကုမ္ပဏီအတွက် အရောင်တင်ဆီတွေစပ်ပေးတယ်။ ဒီလိုနဲ့ ကိုခင် မောင်လတ်အပိုဝင်ငွေတွေ ရရှိလာခဲ့တယ်။ ကိုခင်မောင်လတ်ဟာ အလုပ်အပေါ် သစ္စာရှိသူတစ်ဦး ဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုစလုံးအတွက် သူစပ်ပေးတဲ့ အရောင်တင်ဆီအချိုးအစားတွေကို အတူတူပဲ လုပ်ပေးခဲ့တယ်။

ပရိဘောဂကုမ္ပဏီနှစ်ခုက မလေးရှားမှာ အပြိုင်အဆိုင်ကုမ္ပဏီတွေဖြစ်နေကြပြီး အရောင် တင်ဆီစပ်ပေးတဲ့သူက တစ်ယောက်တည်းဖြစ်နေတယ်။ အခုလိုတစ်ခြားကုမ္ပဏီအတွက် အရောင်တင်ဆီ တွေစပ်ပေးနေတယ်ဆိုတာ လက်ရှိသူဌေးသိသွားတော့ သူ့ကို ပြဿနာလုပ်လာတယ် လစာပိုပေးပြီး ဒုတိယကုမ္ပဏီနဲ့ ဆက်ပြီးအလုပ်မလုပ်ဖို့ ပြောလာတယ်။ ဆက်လုပ်နေရင် သူ့ကုမ္ပဏီက မြန်မာတွေ အကုန်လုံးအလုပ်က ထုတ်ပြစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့တယ်။ ကိုခင်မောင်လတ်ကလည်း ကုမ္ပဏီ နှစ်ခုစလုံး သူ့ရဲ့ကျေးဇူးရှင်ဖြစ်လို့ ဆက်လုပ်ပေးခွင့် တောင်းခဲ့တယ်။ နောက်ဆုံးမှာတော့ ကျန်တဲ့မြန်မာ တွေကို အလုပ်ဆက်ပေးဖို့ သူဌေးနှင့် သဘောတူညီမှုရယူပြီး ကိုခင်မောင်လတ် အလုပ်မှ ထွက်လိုက် ပါတယ်။

အလုပ်ထွက်လိုက်ပြီး ပရိဘောဂနှစ်ခုစလုံးအတွက် အရောင်တင်ဆီတွေကို သူ့စိတ်ကြိုက် ဈေးနဲ့ ရောင်းရင်းနဲ့ အရောင်တင်ဆီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးအဖြစ် ရောက်ရှိသွားခဲ့တယ်။ တစ်ခြား ပရိဘောဂလုပ်ကိုင်တဲ့ ကုမ္ပဏီတွေက ဖောက်သည်တွေ ထပ်ရလာလို့ ကိုခင်မောင်လတ်ဟာ အောင်မြင် တဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Add new comment

11 + 6 =