အောက်တိုဘာ(၁၂) - # သူတော်စင်ဂျွန်ဘေစင် ပွဲနေ့

အောက်တိုဘာ(၁၂) - # သူတော်စင်ဂျွန်ဘေစင် ပွဲနေ့

(Blessed John Beyzym, S.J.,) ဂျက်ဇွစ်ဘုန်းတော်ကြီး ဂျွန်ဘေစင် (၁၈၅၀-၁၉၁၂) ဟာ ယူကရိန်း Ukranian မှာ မွေးဖွားခဲ့ ပါတယ်။

သူတော်စင် ဂျွန်ဘေစင်ဟာ ကပ်ရောဂါဖြစ်ပွားချိန်မှာ စောင့်ရှောက်တဲ့ သူရဲကောင်းဖြစ်ပါတယ်။ သူဟာ အသက် (၂၂) နှစ်အရွယ်မှာ ဂျက်ဇွစ်အသင်းဂိုဏ်းကို ၀င်ရောက်ခဲ့ပါတယ်။ ဂျက်ဇွစ် ကျောင်းသားဘ၀မှာ ၀မ်းရောဂါဒဏ် ခံစားနေရတဲ့ ဒေသခံရွာသားများကို ကြည့်ရှုဖို့ လုပ်အားပေးခဲ့ပါတယ်။

ရဟန်းသိက္ခာတင်ပြီး ဂျက်ဇွစ်တွေဖွင့်တဲ့ ဘော်ဒါကျောင်းမှာ စာသင်သင်ကြားနေချိန် ဆင်းရဲဒုက္ခရောက်နေသူများနဲ့အတူ နေထိုင်ဖို့ သူ့စိတ် ဆုံးဖြတ်ခဲ့ပါတယ်။ ဆင်းရဲသားများနဲ့ တခြားသူတွေကို ကူညီချင်တဲ့ သူ့ရဲ့ပြင်းပြတဲ့ စိတ်ကြောင့် သူ့အကြီးအကဲကို စတင်ဖွင့်ဟ ပြောပြ ခဲ့ပါတယ်။ သူရဲ့ ဆန္ဒကို (၁၈၉၈)ခုနှစ်၊ အနာကြီး ရောဂါသည်များကို အစေခံဖို့ မာဒါဂက်စကာသို့ သာသနာပြုရင်း စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ဘုန်းတော်ကြီး ဂျွန်ဘေစင်ဟာ ဆင်းရဲသားတွေရဲ့ လူ့ဂုဏ်သိက္ခာကို အသိအမှတ်ပြုပြီး သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်လာ ခဲ့ပါတယ်။ သူတို့ကို အဖော်ပြု ကူညီပေးခဲ့တယ်။ အဲဒီအချိန်က အနာကြီးရောဂါပျောက်ကင်းအောင် ကုသတဲ့ဆေးမရှိတာကြောင့် ရောဂါသည်များကို လူ့အဖွဲ့အစည်းကနေ နှင်ထုတ်တဲ့ အချိန်ဖြစ်လို့ အစာငတ်သေခဲ့ကြပါတယ်။

ဘုန်းတော်ကြီးဂျွန်ဟာ ဂျက်ဇွစ်အသင်းရဲ့ ကျင့်စဥ် ဖြစ်တဲ့ ဆင်းရဲဒုက္ခရောက်နေသူများနဲ့ မတရားဖိနှိပ်ခံရသူများကို ကာကွယ် စောင့်ရှောက်ရာမှာ သူ့အလုပ်နဲ့ သက်သေပြခဲ့တဲ့ သူရဲကောင်း ဖြစ်ပါတယ်။ နောက်ဆုံးမှာ သူကိုယ်တိုင် အနာကြီး‌ရောဂါ ကူးစက်ခံရပြီး ပျံလွန်တော်မူခဲ့ပါတယ်။ ဘုရားသခင်နဲ့ လူအများကို ချစ်တဲ့စိတ်ကို အလုပ်နဲ့ သက်သေပြပြီး အသက်ပါပေးခဲ့တဲ့ သူတော်စင်တစ်ပါး ဖြစ်ပါတယ်။

ယခုလို ကပ်ရောဂါအချိန်မှာ ကျွန်ုပ်တို့အတွက်ဆုတောင်းပေးဖို့ သူတော်စင် ဂျွန်ဘေစင်ကို ဆုတောင်း အားယူ ကြပါစို့။

Fr John Beyzym wrote: “One’s country is where the greater service of God and help of the souls is found. It does not matter where you live: at the equator or at the North Pole. What really matters is to die in the service of the Lord Jesus as a member of our holy Society. I beg this grace as much as for our dear Province as for myself.

Source: https://www.jesuits.global/saint.../blessed-john-beyzym/

Photos from google

 

Add new comment

2 + 1 =