အောက်တိုဘာလ (၁၅) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

အောက်တိုဘာလ (၁၅) ရက်နေ့ ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်

အာဗီးလာမြို့မှစိန့်ထ ရေးဇာ (St. Theresa of Avila)

မွေး - (၁၅၁၅)၊ ပျံလွန် - (၁၅၈၂၊ အောက်တိုဘာလ၊ ၁၄)

ယ နေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင်မှာရှင် ကက် သလရင်းဖြစ်သည်။ သူ့အားစပိန်နိုင်ငံ၊ အာ ဗီလာမြို့၌ (၁၅၁၅) ခုနှစ် တွင်မွေးဖွားသန့်စင်ခဲ့သည်။ သူသည်ခရစ်ယာန်သင်း ကွဲများအမိကက် သလစ်သာသနာတော် ကြီးမှမခွဲထွက်မည်အချိန် အနည်းငယ်စော ၍မွေး ဖွားလာခဲ့သူဖြစ်သည်။ သူမွေးဖွားသောအချိန်ကာလသည်စပိန်နိုင်ငံ သား များနယ်သစ်ပယ်သစ်ရှာများကိုအငမ်းမရဖွေဖော်ထုတ်နေသောကာလဖြစ်သည်။ ထို့အတူထိုကာလသည်ဘာ သာရေး၊ စီးပွားရေး၊ နိုင်ငံရေးလုံးဝြငိမ် သက်မူမရှိသောကာလတစ်ဖြစ်နေခဲ့သည်။

သူ၌အလွန်ထင်ရှားသောအချက် (၃) ချက်ရှိသည်။ ၄င်းတို့မှာ (၁) အမျိုးသမီးဖြစ်ခြင်း၊ (၂) သာသနာအ တွင်းပြုပြင်ပြောင်းလဲသင့်သော အရာ များကိုမည်သည့်အရာကိုမျှမမူဘဲတက်ကြွစွာလုပ်ဆောင်ခဲ့ခြင်း၊ (၃) သူ သည်ဆု တောင်းခြင်းအသက်တာ၌အလွန်လေးနက် စွာအားထုတ်ကြိုး စား သူဖြစ်သည်။ သူသည်သီလရှင်တစ်ပါးဖြစ်သည့် အပြင်နက်နဲသော ဝိညာဉ် ရေးစာပေများကိုလည်းရေးသားခဲ့သူလည်းဖြစ်သောကြောင့်သူ့အားသာသ နာတော်၏ရှားပါး သောအမျိုးသမီးဓမ္မပညာရှင်အဖြစ်ဂုဏ်ပြုထားပါသည်။

အရွယ်ရောက်လာသောအခါကာမဲယ်လိုက်သီလရှင်အသင်းထဲသို့ဖ ခင်ဖြစ်သူ၏အလိုကိုလုံး၀ဆန့်ကျင်ကာ (၁၅၃၅) ခုနှစ်တွင်၀င်ရောက်ခဲ့ပါ သည်။ ခံယူချက်မှန်ကန်စွာ ဖြင့်၀င်ရောက်ခဲ့ခြင်းကြောင့်များ မကြာမီ ဝိညာဉ်ရေးအသက်တာဍ်ပြောင်းလဲတိုးတက်လာခဲ့ပါသည်။ ထို့အပြင်နက်နဲ သောရူပါရုံ ကိုလည်းမြင်တွေ့ခွင့်ရလာခဲ့ပါသည်။

သူသည်ပွင့်လင်းသည်၊ စိတ်အားထက်သန်သည်၊ အမြှော်အမြင်ထိုး ထွင်းဥာဏ်ရှိသည်၊ ပြတ်သားသည်၊ သတ္တိ ရှိသည်၊ လုပ်ရဲကိုင်ရဲသည်။ သူ ၏အသင်းအတွင်းပြုပြင်သင့်သောအချက်အလက်များကိုပြုပြင်ရန်အားထုတ်လုပ် ဆောင်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင်အလွယ်တကူ စည်းရုံး၍ လုပ် ဆောင်နိုင်ငံခဲ့ခြင်းမဟုတ်ဘဲအခက်အခဲများစွာကို ခိုင်မြဲသောစိတ် ဓာတ်ဖြင့် ခံထမ်းကျော်ဖြတ်ခဲ့ပါသည်။ သူသည်ခံထမ်းကျော်ဖြတ်ခဲ့ ရသော အလွန်ပြင်း ထန်သည့် အခြေ အနေများကြောင့်သော် လည်းကောင်း၊ အ လုပ်ကိုမနားမ နေလုပ်ဆောင်သောကြောင့်လည်းကောင်း၊ နောက်ပိုင်း၌ ကျန်းမာရေးချူချာလာသည်။ သူသည်ထရင့်အစည်းအ ဝေးကြီးအဆုံး သတ်ပြီးနောက်၊ နှစ် (၂၀)၊ သက်တော် (၆၇) နှစ် (၁၅၈၂၊ အောက်တို ဘာ လ၊ ၁၄) ခတွင်ပျံ လွန် တော်မူခဲ့ပါသည်။

သူ့အားစာပေဆိုင်ရာဒေါက်တာဘွဲ့ရ (သို့) ဆရာ၊ ဆရာမများ အားမှိုင်းမသောရန္တာမအဖြစ် (၁၉၇၀) ခုနှစ်တွင်တင်မြောက် ဂုဏ်ပြုပေး ခဲ့ပါသည်။ သူသည်ဘုရားသခင်၏လူ၊ ဆုတောင်းခြင်း ကိုကြီးစွာအားပြုရှင် သန်သူ၊ သူ့ခေတ်အခါကအမျိုးသားများနှင့်ရင် ဘောင်တန်းနိုင်ခဲ့သူ၊ သီလ ရှင်းများကိုလည်းဖွင့်လှစ်ပေးနိုင်ခဲ့သည်။ သူသည်ခရီးသွား၊ စာရေးသည်၊ ပြုပြင်ပြောင်းလဲ သင့်သောအပိုင်းများကိုပြောင်းလဲရ န်ရေးသားပြောဆို ခဲ့သည်။ သူရေးသားခဲသောစာများအနက် ‘The Way of Perfection and The Interior Castle’ စာအုပ်ကိုဖတ်ရူ့ခြင်းဖြင့်၊ သူ၏ဝိညာဉ်ရေးအသက် တာအဘယ်မျှလေးနက် မြင့်မားနေသည်ကိုသိနိုင်သည်။

 

Add new comment

16 + 2 =