#အားလ်စ်မြို့မှစိန့်ဟီလာရီ (မွေး - ၄၀၁၊ ပျံလွန် - ၄၄၉၊ မေလ၊ ၅)

#အားလ်စ်မြို့မှစိန့်ဟီလာရီ (မွေး - ၄၀၁၊ ပျံလွန် - ၄၄၉၊ မေလ၊ ၅)

ယနေ့ပွဲနေ့ရှင်အား (၅)ရာစုခန့်က ပြင်သစ်နိုင်ငံ၊ Arles မြို့၌ မွေးဖွား သန့်စင်ခဲ့သည်။ သူသည် ငွေကြေးပြည့်စုံ ကုံလုံသော မိသားစုမှ ဖြစ်သည်။ အတန်းပညာ သင်ကြားနေချိန်တွင် သူနှင့် အမျိုးတော်သော Honoratusနှင့် ဆုံဆည်းခဲ့သည်။ အမျိုးဖြစ်သူသည် ရသေ့တစ်ပါးဖြစ်ရာ ပွဲနေ့ရှင်အားလည်း သူနှင့်အတူ ရသေ့ဘ၀ကို ခံယူရန် အားပေး တိုက်တွန်းခဲ့သည်။ အားပေး

တိုက်တွန်းသည့် အတိုင်းလည်း ပွဲနေ့ရှင်သည် ရသေ့ဘ၀ကို ခံယူခဲ့သည်။ ပွဲနေ့ရှင်၏ အမျိုးဖြစ်သူသည် နောက်ပိုင်း၌ ဆရာတော် ဖြစ်လာရာ ပွဲနေ့ရှင်လည်း သက်တော် (၂၉)တွင် Arles မြို့၏ဆရာတော်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

ပွဲနေ့ရှင်သည် သက်တော် ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆရာတော် ဖြစ်လာခဲ့သော်လည်း ယုံကြည်မှု

အပြည့်ဖြင့် မိမိ၏အမှုတော်ကို ထမ်းဆောင်ခဲ့သည်။ သူသည် ချို့တဲ့နွမ်းပါး သူများအတွက် ရည်ရွယ်၍ ကျပန်းအလုပ်များကို ရှာဖွေလုပ်ခဲ့သည်။ ရိုးစင်းသော သင်္ကန်းကို အမြဲ၀တ်ဆင်ထားလေ့ ရှိသည်။ ထိုအချက်သည် သူ၏ ကောင်းကွက်များ ဖြစ်သည်။ အခြားတစ်ဖက်၌မှု ပွဲနေ့ရှင်သည် ဘ၀တူ ဆရာတော်များနှင့်မှု ဆက်ဆံရေး အဆင်မပြေလှ။ အထူးသဖြင့် ဆရာတော်တစ်ပါး၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ လုပ်ကိုင်ရာ၌ အခြေအနေ တင်းမာမှုများ ရှိခဲ့သည်။ သူတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ကျန်းမာရေး အလွန်ချူချာသော ဆရာတော် တစ်ပါးအား မပျံလွန်ခင်တွင် နေရာမှ ဖယ်၍ အခြားတစ်ပါးကို အစားထိုး တင်မြောက်ခဲ့သည်။ မကောင်းသည် မဟုတ်။ ကောင်းသော်လည်း တစ်ဦးတည်း၏ ဆုံးဖြတ်ချက်သာဖြစ်ပြီး မိမိထက် ဝါရင့်သော ဆရာတော်များနှင့် မတိုင်ပင်ဘဲ လုပ်ဆောင်ခဲ့ခြင်းသည် သူ၏အမှား ဖြစ်သွားခဲ့သည်။ ထိုစဉ်က ရဟန်းမင်းကြီး မဟာစိန့်လေအိုက သာသနာကို ဦးဆောင်နေသည်။ ရဟန်းမင်းကြီးက သူ၏လုပ်ရပ်ကို အပြစ်ဒဏ် ဆပ်ဖြေသည့် အနေဖြင့် ဆရာတော် တစ်ပါး၏ လုပ်ပိုင်ခွင့်အချို့ကို ပြန်ရုတ်သိမ်းခဲ့သည်။ ပွဲနေ့ရှင်သည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သက်တော် (၄၉)နှစ်တွင် ပျံလွန်တော်မူ သွားခဲ့သည်။ သူသည် အရည်အချင်း ရှိပြီး ဘုရားတရား အလွန်ကိုင်းရှိုင်းသည်။ သင့်တော်သည့် အချိန်၌ ဆရာတော်တစ်ပါး အဘယ်သို့ ပြုလုပ် ရွက်ဆောင်ရမည်ကို လေ့လာထားခဲ့သူ ဖြစ်သည်။ သို့သော် သက်ဆိုင်ရာ အာဏာပိုင် (ဘာသာရေး၊ နိုင်ငံရေး) အဖွဲ့အစည်း၏ အမိန့်အာဏာကို လေးစား လိုက်နာတတ်ရန်၊ ယနေ့ပွဲနေ့ရှင်က ကျွန်ုပ်တို့ကို သင်ကြားပေးနေသည်။ ရာထူး၊ နေရာ၌ အသက်အရွယ်သည် အဓိက မကျလှ။ ဆင်ခြင်တတ်ခြင်းနှင့် အမြှော်အမြင် ရှိခြင်းသည် ပို၍ အရေးကြီးပါသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

5 + 5 =