အလွန်ထူးခြားဆန်းကြယ်လွန်းသောဘုရားသခင်၏ခေါ်တော်မူခြင်း

စာရေးသူ ဖာသာရ် ကလေးမင်းအားတယ် (ကျိုင်းတုံ သာသနာ)

အလွန်ထူးခြားဆန်းကြယ်လွန်းသောဘုရားသခင်၏ခေါ်တော်မူခြင်း

မှတ်မိပါသေးသည်။ မြန်မာနိုင်ငံသို့ ကက်သလစ်သာသ နာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ပြည့် မဟာဂျူဗလီ ပွဲ၌၊ ယခင်ရန်ကုန် ဂိုဏ်းချုပ် (ယခုကာဒီနယ်) ဆရာတော်ချားလ်စ်မောင်ဘိုက ဘုရားအမူတော် ထမ်း ဆောင်နေသော တစ်အူတုံဆင်းညီအစ်ကိုမောင်နှမသုံး ယောက်နှင့်အ ထက်ရှိသော မိသားစုများ၏စာရင်းကိုကောက်ခံ၍ ဂုဏ်ပြုမှတ် တမ်းလွှာပေး အပ်ခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် မိသားစုတစ်စုမှ ဖာသာရ်၊ စစ္စတာရ်များ နှစ် ပါးထက်မကသောမိသားစုအတော်များများရှိနေသည်ကိုလည်းသတိထားမိပါသည်။

ထို့အတူစာရေးသူ၏သာသနာသို့ အီတလီနိုင်ငံမှသာသနာပြုရန် သာသနာပြုများရောက်ရှိလာခဲ့သည်။ ထိုသာသနာပြုများအနက် အချို့သည် နယ်မြေ၏ရာသီဥတုဆိုးရွားခြင်း၊ ဌက်ဖျားပြင်းထန်ခြင်းစသော အခြေအနေ များကြောင့် သာသနာပြုအတော်များများသည် စိတ်အား ထက်သန်ခဲ့ကြ သလောက် စောစီးစွာဖြင့်ဘုရားသခင်၏နိုင်ငံတော်သို့၀င်ရောက်သွား ခဲ့ကြ သည့်မှတ်တမ်းများကိုဖတ်ရူ့ရသောအခါ လွန်စွာ စိတ်မကောင်းဖြစ် ရပါ သည်။ ထိုစိတ်မကောင်းဖြစ်စရာအကြောင်းအရာများမှ ခွန်အားယူစရာ၊ အားကျစရာဖြစ်ရပ်များလည်းထပ်မံမှတ်တမ်း တင်ထားပါသည်။ ထိုအဖြစ် အပျက်ကား အစ်ကိုဖြစ်သူသည်သာသနာပြုရင်း သာသနာနယ်တစ် ခု၌ ဌက်ဖျားဖြင့်ပျံလွန်သွားကြောင်းကို အီတ လီရှိညီဖြစ်သူသည်သိ လိုက်ရ သောအခါ အစ်ကိုဖြစ်သူ၏နေရာတွင်အစားထိုးရန်ရည်ရွယ်၍ ပီးမေ သာသ နာပြုရဟန်းတစ်ပါးဖြစ်လာရန် ရ ဟန်းလောင်းကျောင်းသို့၀င်ရောက်ခဲ့ သည့်အကြောင်း၊ ဇွဲအားထက်သန်းသကဲ့သို့သင်ကြားရသည့်စာများ၊ တွေ့ ကြုံရသောအခက်အခဲများ ကိုလည်း အလွယ်တကူကျော်ဖြတ်ကာ သာသ နာပြုရဟန်းတစ်ပါးအဖြစ် ထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ သိက္ခာခံ ယူအပြီး၊ ရည်ရွယ် ထားခဲ့သည့်အတိုင်း မြန်မာနိုင်ငံ၏၊ သံလွင်အရှေ့ ဖက် ခြမ်းသို့သာသနာပြုရန်စေလွှတ်ပေးခဲ့သည့် သမိုင်းမှာအလွန်ကြည်ညိုလေး စားအားကျ သင့်လှပါသည်။ သို့သော်အစ်ကိုဖြစ်သူ Eliodoro Faronato (အေလီအိုဒိုးရိုဖာရိုနားတို) ၏နေရာတွင် အစားထိုးရန်ရောက်ရှိလာသော ညီဖြစ် သူ Antonio Faronato (အန်တော်ညိုဖာရိုနားတို) မှာ လည်း ရည် ရွယ်ထားခဲ့သည့်အတိုင်း အစ်ကိုဖြစ်သူအစားအတိုးချ၍ နှစ်ပေါင်းများ စွာ သာသနာပြုခွင့်မရခဲ့ဘဲ၊ အစ်ကိုဖြစ်သူဖောက်ခဲ့သောလမ်းသို့စိတ်မကောင်း စွာလျှောက်ခဲ့ရပြန်လေသည်။ မည်သို့ပင်ဆိုစေ ညီအစ်ကို ရင်း များဘုရား သခင်၏အမူ တော်ကိုရက်ရောစွာဆက်ကပ်ခဲ့ကြသကဲ့သို့ထိုဇာတ်လမ်း မျိုး သည် မကြာခဏမဟုတ်သော်လည်း ယနေ့မျက်မှောက် ခေတ်၌ လည်း ဆက် လက်ရှိနေသေးသည်ကိုအောက်ပါဆောင်းပါးကိုဖတ်ခြင်းဖြင့် ၀မ်းသာ ရ၊ ခွန်အားယူရပါသည်။

 

အလွန်ထူးခြားသော နူးယော့စီးတီး၏ ရဟန်းသိက္ခာတင်ပွဲ

အမေရိကန်နိုင်ငံ၊ နူးယော့စီးတီးပြည်နယ်၊ မဟာတန်၏တစ်ခုသောမ နက်ခင်းသည် အလွန်သာယာနေပါသည်။ အဘယ်ကြောင့်ဆို သော် တရိပ် ရိပ်ဖြင့်မှေးမှိန်နေရာမှ စူးရှတောက်ပစွာ ထိုးထွက်လာနေသောနေမင်းကြီး သည် တစ် ညလုံးလွှမ်းမိုးနေခဲ့သော အမှောင်ထုကို မောင်းထုတ်ပစ် လိုက် ပါတော့သည်။ ထိုနေရောင်သည် မြင်နေကျမြင်ကွင်းဖြစ် သော အမှတ် (၅) လမ်းမပေါ်ရှိ ရှင်ပတ်ထရစ်ဘုရား ကျောင်း တော်ကြီး၏ မြင်ကွင်းကိုရှင်း လင်းစွာမြင်တွေ့စေပါသည်။ လူတို့သည်လည်း ကောင်းပေ့၊ စတိုင်လ်ကျ ပေ့ဆိုသည့် ၀တ်ကောင်းစာလှများကို ၀တ်ဆင်၍ ပြုံးပြုံးရွှင်ရွှင် ရီမောနှုတ် ဆက်နေကြ၊ စကားစမြည်ပြောရင်း အမေရိကန်သာသနာအုပ်စုသို့သွား နေကြသည်။

ထိုနေ့ကား (၂၀၁၈၊ မေလ၊ ၂၆) တနင်္ဂနွေနေ့ဖြစ်သည်။ အဖိုးအဖွား၊ မိဘ၊ မောင်နှမများ၊ ဆွေမျိုးသားချင်း များ၊ မိတ်ဆွေများရှေ့ တွင် အရွယ် ရောက်လူငယ် (၉) ဦးတို့သည် ဧဝံဂေလိတရားတော်အတွက် အမူတော် ထမ်းရန် ထာ၀ရကက်သလစ်ရဟန်းအဖြစ် ဘ၀ကို၀ ကွက်အပ်နှံရန်ပြင် ဆင်နေကြသည်။ ထိုညီအစ်ကိုနှစ်ဦးမှာဖာသာရ်အင်းနိုဆင်း မွန်ဂိုမရီ (Fr. Innocent Montgomery C.F.R) ဖြစ်ပြီး၊ သူ သည်အစ်ကိုဖြစ်သည်။ ညီဖြစ်သူမှာ ဘာရာသာရ်အန်း ဂျေလုစ်အင်မာကုလားတာ (Bro. Angelus Immaculata Montgomery C.F.R) ဖြစ် သည်။ အစ်ကိုဖြစ်သူကညီဖြစ် သူအားသင်္ကန်းဆင်မြန်းပေးနေသည့်ပုံတစ်ပုံကိုသာလိုချင်ကြောင်းပြော ကြားခဲ့သည်။ သူ၏ညီဖြစ်သူသည် ရ ဟန်းသိ က္ခာခံယူမည့် ရဟန်းလောင်း ကိုရင်များအနက်တစ်ပါးဖြစ်သည်။ တစ်အူတုံဆင်းညီအစ်ကိုရင်း အမွှာညီ အစ်ကိုတို့သည် မကြာမီယေ ဇူးသခင်၏ထာ၀ ရရဟန်းအဖြစ်တော် ၌အ တူတကွပါ၀င်ပေါင်းစပ်ကြတော့မည်ဖြစ်သည်။

 

 

မှတ်ချက်။ ။ပုံ ၁၊ ၂ သည်ဆောင်းပါးပါအမွှာညီအစ်ကိုနှစ်ဦးဖြစ်ပြီး၊ ပုံ ၃ မှာ စာရေသူတို့၏ကျိုင်းတုံသာသနာတွင်အရိုးချသွားသောညီအစ်ကိုရဟန်း အနက်အကြီးတစ်ပါး၏ပုံဖြစ်သည်။

ပုံ ၄ မှာမိုင်းယောင်းသာသနာအုပ်စု ၌အရိုးချသွားသောသူရဲကောင်းညီအစ်ကိုနှစ်ပါး၏အုတ်ဂူတွင်နှစ်စဉ် အောက်မေ့ဘွယ်ဆုတောင်းခြင်းကို မိုင်းယောင်းမှဘာသာတူများနှင့် ကျောင်းသူကျောင်းသားများ၀တ်ပြုဆုခြင်းပုံရိပ် ...

https://bit.ly/3kYYuyV 

 

မှာမိုင်းယောင်းသာသနာအုပ်စု ၌အရိုးချသွားသောသူရဲကောင်းညီအစ်ကိုနှစ်ပါး၏အုတ်ဂူတွင်နှစ်စဉ် အောက်မေ့ဘွယ်ဆုတောင်းခြင်းကို မိုင်းယောင်းမှဘာသာတူများနှင့် ကျောင်းသူကျောင်းသားများ၀တ်ပြုဆုခြင်းပုံရိပ် ...

စာရေသူတို့၏ကျိုင်းတုံသာသနာတွင်အရိုးချသွားသောညီအစ်ကိုရဟန်း အနက်အကြီးတစ်ပါး၏ပုံဖြစ်သည်။

အလွန်ထူးခြားသော နူးယော့စီးတီး၏ ရဟန်းသိက္ခာတင်ပွဲ

အမေရိကန်နိုင်ငံ၊ နူးယော့စီးတီးပြည်နယ်၊ မဟာတန်၏တစ်ခုသောမ နက်ခင်းသည် အလွန်သာယာနေပါသည်။ အဘယ်ကြောင့်ဆို သော် တရိပ် ရိပ်ဖြင့်မှေးမှိန်နေရာမှ စူးရှတောက်ပစွာ ထိုးထွက်လာနေသောနေမင်းကြီး သည် တစ် ညလုံးလွှမ်းမိုးနေခဲ့သော အမှောင်ထုကို မောင်းထုတ်ပစ် လိုက် ပါတော့သည်။ ထိုနေရောင်သည် မြင်နေကျမြင်ကွင်းဖြစ် သော အမှတ် (၅) လမ်းမပေါ်ရှိ ရှင်ပတ်ထရစ်ဘုရား ကျောင်း တော်ကြီး၏ မြင်ကွင်းကိုရှင်း လင်းစွာမြင်တွေ့စေပါသည်။ လူတို့သည်လည်း ကောင်းပေ့၊ စတိုင်လ်ကျ ပေ့ဆိုသည့် ၀တ်ကောင်းစာလှများကို ၀တ်ဆင်၍ ပြုံးပြုံးရွှင်ရွှင် ရီမောနှုတ် ဆက်နေကြ၊ စကားစမြည်ပြောရင်း အမေရိကန်သာသနာအုပ်စုသို့သွား နေကြသည်။

ထိုနေ့ကား (၂၀၁၈၊ မေလ၊ ၂၆) တနင်္ဂနွေနေ့ဖြစ်သည်။ အဖိုးအဖွား၊ မိဘ၊ မောင်နှမများ၊ ဆွေမျိုးသားချင်း များ၊ မိတ်ဆွေများရှေ့ တွင် အရွယ် ရောက်လူငယ် (၉) ဦးတို့သည် ဧဝံဂေလိတရားတော်အတွက် အမူတော် ထမ်းရန် ထာ၀ရကက်သလစ်ရဟန်းအဖြစ် ဘ၀ကို၀ ကွက်အပ်နှံရန်ပြင် ဆင်နေကြသည်။ ထိုညီအစ်ကိုနှစ်ဦးမှာဖာသာရ်အင်းနိုဆင်း မွန်ဂိုမရီ (Fr. Innocent Montgomery C.F.R) ဖြစ်ပြီး၊ သူ သည်အစ်ကိုဖြစ်သည်။ ညီဖြစ်သူမှာ ဘာရာသာရ်အန်း ဂျေလုစ်အင်မာကုလားတာ (Bro. Angelus Immaculata Montgomery C.F.R) ဖြစ် သည်။ အစ်ကိုဖြစ်သူကညီဖြစ် သူအားသင်္ကန်းဆင်မြန်းပေးနေသည့်ပုံတစ်ပုံကိုသာလိုချင်ကြောင်းပြော ကြားခဲ့သည်။ သူ၏ညီဖြစ်သူသည် ရ ဟန်းသိ က္ခာခံယူမည့် ရဟန်းလောင်း ကိုရင်များအနက်တစ်ပါးဖြစ်သည်။ တစ်အူတုံဆင်းညီအစ်ကိုရင်း အမွှာညီ အစ်ကိုတို့သည် မကြာမီယေ ဇူးသခင်၏ထာ၀ ရရဟန်းအဖြစ်တော် ၌အ တူတကွပါ၀င်ပေါင်းစပ်ကြတော့မည်ဖြစ်သည်။

Add new comment

12 + 3 =