#အဗီးလာမြို့မှစိန့်ဂျွန် (Saint John of Avila) (မွေး ၁၅၀၀၊ ပျံ - မေလ၊ ၁၀၊ ၁၅၆၉)

#အဗီးလာမြို့မှစိန့်ဂျွန် (Saint John of Avila) (မွေး ၁၅၀၀၊ ပျံ - မေလ၊ ၁၀၊ ၁၅၆၉)

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ယနေ့ပွဲနေ့ရှင်ကို စပိန်နိုင်ငံ၊ Castile ဒေသတွင် မွေးဖွားခဲ့သည်။ အသက်(၁၄)နှစ်တွင် Salamanca တက္ကသိုလ်တွင် ဥပဒေပညာကို သင်ကြားရန် စေလွှတ်ခံခဲ့ရသည်။ ထို့နောက် ရဟန်းတစ်ပါး ဖြစ်လာရန်အတွက် Alcalaသို့ ပြောင်းသွားပြီး ထိုနေရာ၌ ဖိလောဆိုဖီနှင့် သီဩလောဂျီ ဘာသာရပ်ကို ဆက်လက် သင်ကြားခဲ့သည်။

မိဘနှစ်ပါး ဆုံးပါးသွားသောအခါ သူသည် မိဘတို့၏ ဥစ္စာရှိသမျှကို တစ်ဦးတည်းသော အမွေစားအမွေခံ ဖြစ်ခဲ့သည်။ သူသည် ထိုဥစ္စာများ၌ သာယာနစ်မွန်းမနေဘဲ ချို့တဲ့နွမ်းပါးသူများအား ကူညီပေးခဲ့သည်။ ထို့နောက် (၁၅၂၇)တွင် Seville သို့ ခရီးထွက်သွားပြီး မက်ဆီကိုသို့ သာသနာပြုရန် ရည်မှန်းခဲ့သည်။ သို့သော် ထိုသာသနာပိုင် ဆရာတော်က သူ့အား မြေခြားရေခြားသို့ သာသနာပြုရန် သွားမည်ထက် လက်ရှိနိုင်ငံ Andalusia တွင် သာသနာပြုရန် သူ့အား တိုက်တွန်းခဲ့သည်။ ကိုးနှစ်ခန့် သာသနာပြုပြီးနောက် သူ၏အဟောအပြော၌ ကောင်းသတင်းသည် ကျော်ကြားလာသောကြောင့် ဝိညာဉ်ရေးလမ်း ညွှန် ဘုန်းတော်ကြီး၊ အာပတ်ဖြေ နားထောင်ပေးသော ဘုန်းတော်ကြီးအဖြစ် အမှုတော် ထမ်းဆောင်ခဲ့ရသည်။ သူသည် Baeza တက္ကသိုလ်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဤတက္ကသိုလ်သည် သာသနာပိုင် ဘုန်းတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်နိုင်ခဲ့သော ပထမဦးဆုံး တက္ကသိုလ် ဖြစ်သည်။ ဤတက္ကသိုလ်၌ စာများသင်ကြားပေးခြင်း၊ ဝိညာဉ်ရေး၌ လမ်းညွှန်မှု လိုအပ်နေသူများအား လမ်းညွှန်မှုပေး၍ ထိန်းကျောင်းခြင်းများကို ပြုလုပ်ခဲ့သည်။ သူသည် စိန့်ဖရန်စစ် Borgia၊ လောယိုလာမြို့မှ စိန့်အီညှားရှို၊ ဘုရားသခင်၏ စိန့်ဂျွန်၊ Alcantara မှ စိန့်ပီတာ၊ အဗီးလာမြို့မှ စိန့်ထရေးဇာတို့၏ သူငယ်ချင်း ဖြစ်သည်။

ယနေ့ပွဲနေ့ရှင်သည် ဂျက်ဆွီအသင်းနှင့်လည်း အလုပ်အတူ တွဲလုပ်ခဲ့ဖူးသည်။ သူ၏ အလွန်ခက်ခဲ နက်နဲသော စာအရေးအသားများသည် ဘာသာစကားများစွာသို့ ပြန်ဆိုခဲ့ကြသည်။ သူ့အား (၁၈၉၄) ခုနှစ်တွင် သူတော်စင်အဖြစ် တင်မြောက်ခဲ့ပြီး၊ (၁၉၇၀)တွင် ရဟန္တာအဖြစ် တင်မြောက်ခဲ့သည်။ (အောက်တိုဘာလ၊ ၇၊ ၂၀၁၂) ခုနှစ်၌ သာသနာတော်ကြီး၏ ဓမ္မပါရဂူအဖြစ် ဂုဏ်ပြု ကြေငြာခံခဲ့ရသည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

7 + 11 =