အတ္တဗဟိုပြုတဲ့အတွေးတွေကို ကျော်လွန်ပါ

“တစ်ယောက်ယောက်အပါ် ဆုံးဖြတ်ချက်ချမယ် မှတ်ချက်ပြုတော့မယ်ဆို သူ့ဘက်ကဘယ်လိုအခြေအနေရှိနေလဲဆိုတာ အရင်စဉ်းစားသင့်တယ်။”

အစချီတဲ့ စာစုလေးကို ဖတ်မိတော့ ရေးဖို့ ပိုသတိရသွားပါတယ်။

လိုရင်းကို ဆက်ရရင် လူတွေရဲ့ သဘောကိုက အတ္တလွှမ်းမိုးတာမလို့ တစ်ခုခုကို စဉ်းစားတဲ့အခါ ကိုယ့်ဖက်ကို အရင်ကြည့်တတ်ကြတာ သဘာဝပါ ….

ဒါပေမယ့် ကျွန်တော်တို့ တွေးတဲ့ အတွေးတွေကို သဘာဝကျမကျ၊ တရားမျှတ/ မမျှတ ဆိုတာကို ဦးနှောက်က ဆက်ပြီးတော့ အလုပ်လုပ် ထိန်းချုပ်ဖို့ လိုပါတယ်။

ကိုယ့်ဖက်ကို တွေးတယ်ဆိုတာက ဥပမာ … ကျွန်‌တော် လမ်းကူးတဲ့အခါ ကားက အလျင်စလိုမောင်းလာာတာတွေ့ရင် စိတ်ထဲက “ဘာတွေများ အလျင်လိုနေလဲမသိ စက်နဲ့မောင်းတာပဲ လမ်းကူးတဲ့သူကို ခဏ စောင့်ပေးလိုက် အရှိန်လျှော့ပေးလိုက်လို့ ဘာဖြစ်သွားမှာလဲလို့ “တွေးပါတယ်။

ဒီလိုပဲ ကျွန်တော် ကားမောင်းနေတဲ့ အချိန်ကျရင် “လူဖြတ်ကူးတဲ့အခါ စိတ်ထဲက ကူးစရာရှိတာကို မြန်မြန်ကူးတာမဟုတ်ဘူး …

လှုပ်တုပ်လှုပ်တုပ်နဲ့ ဘာလုပ်နေမှန်းမသိဘူး လို့” စိတ်ထဲက တွေးပြန်ပါတယ် တချို့ဆို “ကူးစရာရှိတာ ကူးတာမဟုတ်ဘူး ကားတိုက်ရင် ပရုပ်ဆီလိမ်းလို့မရဘူး ဘာ ညာ စသည်ဖြင့်”ဆဲတာ ကြိမ်းမောင်းတာတွေ တောင် တွေ့ဘူးပါလိမ့်မယ် … ။

ဒါက အတ္တကို ဗဟိုပြုပြီးတွေးတာ့ပါ၊ အဲဒါကိုမှ လမ်းကူးတဲ့အခါ အလျင်စလို မောင်းလာတဲ့ကားကို ဪ သူလည်း ဘာအရေးကြီးကိစ္စ ရှိလဲမှ မသိတာ ဆေးခန်းတွေ ဘာတွေ သွားပြတာလည်း ဖြစ်နိုင်သလို၊

ကောင်မလေးနဲ့ ချိန်းထားတာ နောက်ကျနေလို့လည်း ဖြစ်နိုင်တာပဲ စသည်ဖြင့် အခြားတစ်ဖက်ကို တွေးလိုက်ပြီးတော့ ခဏစောင့်လိုက်ရင်လည်း ဖြစ်တာပါပဲ …

ဒီလိုပါပဲ ကားမောင်းတဲ့အခါလည်း သူက လမ်းကူးနေရတာ ကိုယ်က စက်နဲ့မောင်းတာ ခဏလေ အရှိန်လျော့ပေးလိုက်လို့ ဘာမှ မဖြစ်ပါဘူးလို့ တွေးလိုက်မယ်ဆိုရင် သူ့ဖက်ကိုလည်း တွေးပေးလိုက်တဲ့အတွက် အဆင်ပြေပါတယ်။

ဆိုကြပါစို့ တစ်ချို့က တိလေးတွေကို ချစ်ကြတယ် ခွေးလေး မွေးထားတယ်ပဲ ဆိုပါတော့၊

အဲဒီ ခွေးကို သားလေး၊ သမီးလေး စသည်ဖြင့် ခေါ်မယ် ပြောမယ် ဒါကို ခွေးမချစ်တတ်တဲ့ တနည်းအားဖြင့် တိမချစ်တတ်တဲ့သူက “ဟွင်း အကဲပိုနေတယ် ခွေးက ခွေးပေါ့ … ဘာသားလဲ .. ဘာသမီးလဲ ..” လဲ စသည်ဖြင့် သွားပြောလို့ မဖြစ်ပါဘူး ….

ဘာလို့လဲဆိုတော့ အဲဒီ သူတို့က တိကို ချစ်တတ်လို့ပါ။

ထို့အတူ ကိုယ်က တိမချစ်တတ်ဘူးဆိုပါတော့ ကိုယ်က သူငယ်ချင်းအိမ်ကိုသွားလည်တယ် သူငယ်ချင်းက တိ ချစ်တတ်တယ် ခွေးလေးမွေးထားတယ်ပဲ ဆိုပါတော့

အဲဒီခွေးက ကိုယ်လာရင် ပါးယက်နားယက် လုပ်တတ်တာကို မကြိုက်ဘူးဆိုရင် သူငယ်ချင်းကလည်း “ငါ့သားလေး/ ငါ့သမီးလေးကိုများ သူက ရွံတာလား ဘာလား” စသည်ဖြင့် တွေးလို့/ ပြောလို့တော့ မရပါဘူး …

လူရဲ့သဘောက ကိုယ့်ဖက်ကို စပြီးတွေးတတ်တာမှန်ပေမယ့် ကျွန်တော်တို့က လူသားတွေ ဖြစ်တဲ့အတွက် ဦးနှောက်က ဘာကတော့ ဖြစ်သင့်တယ်၊ ဘာကတော့ မဖြစ်သင့်ဘူး စသည်ဖြင့် ပြန်လည်ထိန်းချုပ်ကြရတာပါ၊

ဒါတောင်မှ တစ်ခါတစ်လေ လွှတ်ကနည်း ပြောမိတာတွေ၊ မှားသွားတာတွေ ဖြစ်တတ်ပါသေးတယ်။

အမှန်နဲ့အမှား၊ ဖြစ်သင့်တာနဲ့ မဖြစ်သင့်တာကို ဦးနှောက်က အလုပ်လုပ် ဆုံးဖြတ်နိုင်မှသာ အတ္တဗဟိုပြု အတွေးကို ကျော်လွန်နိုင်မယ်ဆိုရင်တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကျွန်တော်တို့က လူသားတွေ ဖြစ်နေသေးတဲ့အတွက် အတ္တတွေ .. မာန်မာနတွေ … အမှားတွေက ရှိနေကြဦးမှာပါပဲ … အရေးကြီးတာက ဦးနှောက်က သတိလေးနဲ့ ထိန်းချုပ်နိုင်ဖို့ပါပဲ ….

ဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့ အတ္တတွေကို ရှေ့တန်းတင်မယ်လုပ်တိုင်း ဦးနှောက်က သတိလေးထားပြီးတော့ ထိန်းချုပ်ရင်း ပိုမိုကောင်းမွန်တဲ့ လောကကြီးကို အတူတူတည်ဆောက်ကြရအောင်ပါ…

Add new comment

8 + 6 =