အကောင်းမြင်ပါ

ဒီကနေ့အတွက် " အကောင်းမြင်ပါ " ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ ဘဝမှာအဆင်ပြေတာ 80% ရှိပြီးအဆင်မပြေတာ 20% ရှိပါတယ်တဲ့။ဒါပေမယ့် လူတိုင်းလိုလိုဟာ အဆင်မပြေတဲ့ 20% ကို အချိန် 80% လောက် ခံစားပြီးအဆင်ပြေတဲ့ 80% ကိုတော့ အချိန် 20% လောက်သာ ခံစားပါတယ်။ဒီလိုကနေ လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အဆင်မပြေတာက များတယ်အဆင်ပြေတာက နည်းတယ်လို့ ထင်ပြီးပိုပြီး ပင်ပန်းပူလောင်ကြရပါတယ်။ဒါကတော့ ဆရာတော်ရဲ့ 80/20 theory ဖြစ်ပါတယ်။ ဒါလေးသိရပြီး ကျွန်တော်ကတော့ အတွေးအမြင်တွေ တော်တော်ပြောင်းသွားတာပါပဲ။အရင်ကဆို ကျွန်တော်က အတော်ဆိုးဆိုး ..Negative ဘက်ကိုပဲ အာရုံစိုက်တဲ့ သူတစ်ယောက် ..
လူတစ်ယောက်က ကျွန်တော့်ကို မကြည်ဖြူဘူး၊ မနှစ်သက်ဘူးဆိုတာမျိုး သိရရင်ကျွန်တော် အင်မတန် ခံစားရတယ်။ရက်ပေါင်းများစွာ အတွေးလွန်ရတယ်။ကိုယ့်မှာ ဘာမကောင်းတာရှိလို့လဲ ဆိုတာမျိုးပဲအဖြေရှာနေမိခဲ့ပါတယ်။ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေ၊ကိုယ့်ကို ချစ်တဲ့သူတွေကို သတိမရဘဲမကြိုက်မနှစ်သက်တဲ့ သူတစ်ယောက်ကိုယ့်ကို ကြိုက်နှစ်သက်လာစေမယ့်အဖြေမျိုးပဲ ရှာနေမိတော့ဘယ်လိုလုပ် ပျော်ရွှင်ရပါတော့မလဲ။အများကြီး ပင်ပန်းပူလောင်စရာ ဖြစ်ခဲ့ပါတယ်။ကိစ္စအတော်များများမှာ အဲ့လိုပါပဲ။ကျွန်တော့်ကို လူတစ်ယောက်က ချီးကျူးပြီဆိုရင် ခဏတော့ပျော်ရွှင်ရပြီး သိပ်မကြာခင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားပါတယ်။ အယ် .. လူတစ်ယောက်က ကဲ့ရဲ့ပြီဆိုရင်တော့ ရက်ပေါင်းများစွာ စိတ်ထိခိုက်ရပါတော့တယ်။ ကိုက လူတစ်ယောက်ကို စကားနှစ်ခွန်း ပြောလိုက်မယ်။ တစ်ခွန်းက အင်မတန်ချီးကျူးတဲ့ စကားဖြစ်ပြီး နောက်တစ်ခွန်းက ပယ်ပယ်နယ်နယ် အပြစ်တင်တဲ့ စကားဆိုပါတော့။ အိမ်ပြန်တဲ့အခါ ဘယ်အရာက နားထဲစွဲနေမယ် ထင်ပါသလဲတဲ့။ Negative ဖြစ်တဲ့အရာကိုပဲ ကျွန်တော်တို့က ကြားယောင်နေမှာပါ။
လူတိုင်းလိုလိုပါပဲ။ပျော်ရွှင်စရာဆို ခဏ ပျော်ရပြီးဝမ်းနည်းစရာဆို အကြာကြီး ဝမ်းနည်းရတယ်။အောင်မြင်တာဆို ခဏ ဂုဏ်ယူရပြီးကျရှုံးတာဆို အကြာကြီး စိတ်ထိခိုက်ရတယ်။အဆိုးတွေကို ဘက်လိုက်တတ်တဲ့ လူ့သဘာဝ ..Negativity Bias ဖြစ်နေကြတာပေါ့။ဒါလေးကို aware ဖြစ်မိပြီဆိုရင်ဒီနေ့ကစလို့ ကောင်းတာတွေ ပိုတွေးလို့ ရပါပြီ။ပျော်စရာဆို အကြာကြီး ပျော်ကြည့်အောင်မြင်တာဆို အကြာကြီး ဂုဏ်ယူကြည့်Negative တွေကို ခဏလောက်ပဲ လက်ခံကြည့်Positivity Bias အဖြစ် ကူးပြောင်းကြည့်ဘဝက ပိုလို့ အဓိပ္ပာယ်ရှိလာပါလိမ့်မယ်။ အကောင်းဘက်ကို အလေးပေးတဲ့အခါကောင်းတာတွေ ပိုဖြစ်လာပါလိမ့်မယ်။ပိုလို့ ပျော်ရွှင်ရပါလိမ့်မယ်။ပိုလို့ အောင်မြင်ရပါလိမ့်မယ်။

Add new comment

9 + 6 =