ဟန်ဂေရီနိုင်ငံမှ စိန့် အယ်လီဇဘက်

ဟန်ဂေရီနိုင်ငံမှ စိန့် အယ်လီဇဘက်

ပွဲနေ့-နိုဝင်ဘာလ၊ ၁၇ ရက်

သူတော်စင် ဘုန်းကြီးတွေ၊ သီလရှင်တွေ ဖြစ်ပါမှ ဖြူစင်ခြင်းပါရမီကို ကျင့်ကြံလို့ရတာမဟုတ်ပါဘူး။ အပြင်လောကမှာ‌နေရင်း အိမ်ထောင်သည်ဘဝနဲ့ ဖြူစင်ခြင်းပါရမီကို ကျင့်ကြံလို့ရတယ်ဆိုတာ ကနေ့ ပွဲနေ့ရှင်ဖြစ်တဲ့ "ဟန်ဂေရီ" ရဲ့ မင်းသမီးလေး "အယ်လီဇဘက်" က ကျွန်ုပ်တို့အတွက် အထူးသဖြင့် အိမ်ထောင်သည်များအတွက် ပုံသက်သေယူစရာ ဖြစ်ပါတယ်။

 

"ဟန်ဂေရီ" ရဲ့ မင်းသမီးလေး "အယ်လီဇဘက်" ဟာ ဘုရင် "အန်ဒရူး ၂" ရဲ့ သမီးတော်ဖြစ်တာကြောင့် သူမငယ်ရွယ်တဲ့အချိန်ကနေစပြီး နန်းတွင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေ တာဝန်ဝတ္တရားတွေကို ဆက်ခံခဲ့ရပါတယ်။ "အယ်လီဇဘက်" ဟာ ၁၂၀၇ ခုနှစ်၊ ပျိုရွယ်စဉ်အချိန်ကတည်းက အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရသူပါ။

 

အိမ်ထောင်သည်ဘဝကို ဖြတ်သန်းဖို့ ငယ်သေးပေမယ့် အဖေဘုရင်မင်းမြတ်ရဲ့ စီစဉ်ပေးမှုကြောင့် "သူရိန်ဂျီးယား (Thuringia)" က "လုဒ်ဝိ" ဆိုတဲ့ "ဂျာမာန်" လူချမ်းသာ လူငယ်တစ်ယောက်နဲ့ အိမ်ထောင်ဖက် ပြုခဲ့ရတယ်။ ဒီလိုစီစဉ်ပေးမှုကြောင့် မိဘရင်ခွင်ထဲကနေ ငယ်ငယ်လေးနဲ့ စွန့်ခွါခဲ့ရတာပေါ့။

 

အိမ်လွမ်းတဲ့စိတ်ဒဏ်ရာလေးက ပြေပျောက်လို့မပြီးခင်မှာ "အယ်လီဇဘက်" မိခင် "ဂျီထရုတ် (Gertrude)" ဟာ ၁၂၁၃ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတယ်။ ဒီလုပ်ကြံမှုဟာ သူမရဲ့ "ဂျာမန်" လူမျိုးတွေနှင့် "ဟန်ဂေရီ" ဘုရင်အကြား ပဋိပက္ခတွေ ဖြစ်စေခဲ့တယ်။ မိခင်ရဲဲ့ သေဆုံးမှုကို ရှုမြင်သုံးသပ်ပြီး "အယ်လီဇဘက်" တစ်ယောက် ရှင်သန်ခြင်းနှင့် သေခြင်းတရား အကြောင်းကိုလေးလေးနက်နက် ရှုမြင်ခဲ့ပြီး ဆုတောင်းခြင်းဖြင့် သူမကိုသူမ နှစ်သိမ့်ခဲ့ပါတယ်။

 

ဒါပေမဲ့ ၁၂၂၁ ခုနှစ်ကစပြီး သူမဟာ ပျော်ရွှင်စွာ လက်ထပ်ခဲ့ပါတယ်။ "သူရိန်ဂျီယားနိုင်ငံ" ၏ မင်းများထဲမှ တစ်ဦးဖြစ်လာတဲ့အထိ ခင်ပွန်းဖြစ်သူ "လုဒ်ဝိ" ဟာ ဇနီးသည် "အယ်လီဇဘက်" ကို သူ့ရဲ့ တော်ဝင်နန်းတော်အတွင်းမှာ ဧဝံဂေလိ တရားတော်၏ သွန်သင်ချက်များနှင့်အညီ ရှင်သန်အားထုတ်ရန် ထောက်ခံအားပေးခဲ့သည်။ "အယ်လီဇဘက်" ဟာ "ဖရန်စစ်ကင်" အသင်းဂိုဏ်းကို တည်ထောင်ခဲ့သူ၏ ခေတ်အချိန်အခါအတွင်း ဖွံ့ဖြိုးစ "ဖရန့်စစ်ကင်" အသင်းဂိုဏ်းနဲ့ တွေ့ဆုံခဲ့ပြီး သူတို့၏ ဂရုဏာရေး အသင်းဂိုဏ်း တိုးတက်စေရန် ဘုရင်မအဖြစ် ရာထူးကို အသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

"လုဒ်ဝိ" ဟာ ဇနီးသည်ရဲ့ ဆုံးဖြတ်ချက်ကိုသဘောတူခဲ့ပြီး နိုင်ငံရေး၌ တန်ခိုးကြီးတဲ့ ဇနီးမောင်နှံတွေဟာ ဆင်းရဲသားတွေအပေါ် မှာ ထူးထူးခြားခြား ရက်ရောတဲ့ဘဝကို ထွေးပိုက်ခဲ့ကြပါတယ်။ ဒီဇနီးမောင်နှံဟာ ကလေးသုံးယောက် ပိုင်ဆိုင်ထားခဲ့ကြပေမယ့် နှစ်ယောက်မှာတော့ နန်းတွင်းသားများအနေဖြင့် နန်းတော်ထဲမှာပဲ ကြီးပြင်းခဲ့ကြပြီး သူတို့ထဲမှ တစ်ယောက်က ကလေးဘဝကပင် ဆုံးပါးသွားခဲ့ပါတယ်။ တတိယမြောက်ကလေးက‌တော့ ဘာသာရေးကိုင်းရှိုင်းတဲ့ "ဂျာမန် ခရစ်ယာန်သီလရှင် ကျောင်းဆရာ" တစ်ပါး ဖြစ်လာခဲ့ပါတယ်။

 

၁၂၂၆ ခုနှစ်၊ "လုဒ်ဝိ" ဟာ "အီတလီနိုင်ငံ" ရဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို တက်ရောက်နေစဉ် "အယ်လီဇဘက်" ဟာ ရောဂါနှင့် ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရသူများနှင့် ထိခိုက်နစ်နာသူများကို အကူအညီပေးခဲ့ပါတယ်။ "အယ်လီဇဘက်" ဟာ တော်၀င်မိသားစုရဲ့ အဝတ်အစားများနှင့် ဥစ္စာပစ္စည်းများကို စွန့်လွှတ်ရန် လိုအပ်သည့်တိုင် ဆင်းရဲ‌သားတွေကို ဂရုစိုက် ပြုစုခဲ့ပါတယ်။ "အယ်လီဇဘက်" က ဆေးရုံတစ်ရုံ ဆောက်လုပ်ရန် စီစဉ်ခဲ့ပြီး နေ့စဉ် ဆင်းရဲသား လူထောင်ပေါင်းများစွာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တယ်။

 

ဒါပေမယ့် နောက်တစ်နှစ်မှာတော့ "အယ်လီဇဘက်" ရဲ့ ယုံကြည်ခြင်းဟာ "ဆဋ္ဌမခရူးဆိတ်စစ်ပွဲ" မှာ ရောမအင်ပါယာကြီး အုပ်ချုပ်ရသူ "ဖရက်ဒဲရစ် ၂ (Frederick 2)" ကို ကူညီပေးဖို့ ကတိပြုခဲ့ပေမယ့် "ဂျေရုဆလင်" ကို သွားတဲ့ လမ်းခရီးမှာ ဖျားနာပြီး သေဆုံးမှုနှင့် အစမ်းသပ် ခံခဲ့ရပါတယ်။ ဒါပေမဲ့ "လုဒ်ဝိ" သေဆုံးမှုကြောင့် "အယ်လီဇဘက်" ဟာ မည်သူ့ကိုမျှ အိမ်ထောင်ဖက်မပြုဖို့ ကတိသစ္စာ ပြုခဲ့ပါတယ်။ သူမရဲ့ ကလေးများကို ထားခဲ့ပြီး သူမရဲ့ ဆွေမျိုးတွေက သူမပြုတဲ့ ကတိသစ္စာကို ပယ်ဖျက်ချဖို့ ဖိအားပေးခဲ့ကြတယ်။

 

ထိုမျှမကသေး "အယ်လီဇဘက်" ဟာ သူမမှာ ကျန်ရှိနေသေးတဲ့ ငွေနဲ့ အခြားဆေးရုံတစ်ရုံ တည်ဆောက်ဖို့ အသုံးပြုခဲ့တယ်။ သူမရဲ့ အစေခံများကို ပြန်လွှတ်လိုက်ပြီး သူမကိုယ်တိုင်မှာတော့ "ဖရန့်စစ်ကင်" လမ်းစဉ်သွယ် ၃ မှာ ဝင်ရောက်ခဲ့ပြီး အသင်းဂိုဏ်းကို တည်ထောင်သူ၏ ပုံသက်သေကို အတုယူရန် ကြိုးစားခဲ့တယ်။ သူမရဲ့ နောက်ဆုံး အသက်တာကုန်လွန်ခါနီးမှာ သူမဟာ တဲငယ်လေး တစ်ခုထဲမှာနေပြီး သူမ၏ ကိုယ်ပိုင်အဝတ်များဖြင့် ချည်ထားခဲ့တယ်။

 

ပြင်းထန်သောဖျားနာသူ လူနာများနှင့်အတူ အဆက်မပြတ် အလုပ်လုပ်နေတဲ့ အချိန်မှာပဲ "အယ်လီဇဘက်" ဟာ ၁၂၃၁ ခုနှစ်၊ နိုဝင်ဘာလတွင် ကိုယ်တိုင် နာမကျန်း ဖြစ်ခဲ့ရပါ‌တော့တယ်။ သူမသေဆုံးပြီးနောက် မကြာမီတွင် ဆေးရုံအနီးရှိ သူမ၏သင်္ချိုင်းတွင် အံ့ဩစရာကောင်းတဲ့ ရောဂါကုသမှုတွေ စတင်ဖြစ်ပွားခဲ့ပြီး နောက်လေးနှစ် အကြာမှာတော့ သူမဟာ သူတော်စင်အဖြစ် ကြေငြာခံခဲ့ရတယ်။

 

ပုပ်ရဟန်းမင်းကြီး "ဘင်နီဒစ် ၁၆" က သူမကို “အခွင့်အာဏာရှိသူများအတွက်စံပြ” အဖြစ် ချီးမြှောက်ခဲ့ပါတယ်။ သူသည် ဘုရားသခင်ကိုချစ်သော ချစ်ခြင်းမေတ္တာနှင့် ဆင်းရဲသားများ၊ ဖျားနာသူများ အမှုပြု၍ ပြည်သူလုပ်ဆောင်မှုများကြားတွင် အဆက်မပြတ် ရှိနေတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

# # # # # # # # # # # # # # # # #

ကြယ်စင်လေး (SJA)

Ref: CNA

 

Add new comment

10 + 8 =