သြဂုတ်(၁၀) စိန့်လောရန့်စ် ပွဲနေ့

သြဂုတ်(၁၀) စိန့်လောရန့်စ် ပွဲနေ့

(St. Lawrence, Deacon & Martyr)

 

စိန့်လောရန့်စ်ဟာ စိန်ပီတာနဲ့ စိန့်ပေါ်တို့လိုပဲ ရောမမြို့ကို စောင့်ရှောက်တဲ့ ရဟန္တာဖြစ်ပြီး ရှေးဦးကက်သလစ် အသင်းတော်မှာ အကြည်ညိုခံရဆုံး ရဟန္တာများထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ရှင်ယောဟန်ကျမ်း ၁၂း၂၄-၂၆မှာ ဖော်ပြထားတဲ့ ဂျုံစပါးစေ့တစ်စေ့ လောက်သာရှိတဲ့ ယုံကြည်ခြင်း မျိုးစေ့နဲ့ အသက်ပေးပြီး မျိုးစေ့ကို မြေပေါ်ကျကာ အပျက်စီးခံတဲ့ ဓမ္မအာဇာနည်တွေထဲမှာ စိန့်လောရန့်စ်လည်း ပါတယ်။ သခင်ယေဇူးက "မိမိအသက်ကို ချစ်သောသူသည် အသက်ကို ဆုံးရှုံးလိမ့်မည်" ဆိုထားတာကြောင့်လည်း စိန့်လောရန့်စ် ထာဝရအသက် ရဖို့ပဲ ကြိုးစားပေးဆပ် ခဲ့သူဖြစ်ပါတယ်။

တစ်နည်းအားဖြင့် သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့အတွက် အသက်စွန့်ခဲ့သလိုပဲ ကျွန်ုပ်တို့လည်း ညီအစ်ကိုများအတွက် မျိုးစေ့ငယ်လို မြေပေါ်ကျခံပြီး အသက်ကိုစွန့်ရမယ်ဆိုတာ စိန့်လောရန့်စ် ကောင်းကောင်း သိခဲ့တယ်။ ဒါကြောင့် စိန့်သြဂုတ်စတင်းက "ငါ့ညီ၊ လောရန့်စ်ဟာ ဤအရာကို နားလည်ပြီး လုပ်ဆောင်ခဲ့တာပါ။ သူရဲ့ ဘ၀မှာ ခရစ်တော်ကို ချစ်မြတ်နိုး ခဲ့တယ်။ သူသေတဲ့အခါမှာလည်း သခင်ခရစ်တော်ရဲ့ ခြေရာအတိုင်း လိုက်ကျင့်ခဲ့ပါတယ်။" လို့ စိန့်လောရန့်စ်ရဲ့ပွဲနေ့မှာ မိန့်ကြားခဲ့ပါတယ်။

လောရန့်စ်ကို ပုပ်ရဟန်းမင်းကြီး Sixtus II လက်ထက်မှာ ဦးပဥ္စင်းကြီး သိကွာခံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး အသတ်ခံရပြီးနောက် သူဟာ အသင်းတော်မှာ အရေးပါတဲ့ ဘဏ္ဍာရေးမှုး ဖြစ်လာခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး အသတ်ခံနိုင်တာကို သိတာကြောင့် သူ့မှာရှိသမျှ ငွေတွေနဲ့ အသင်းတော် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းပြီး ဆင်းရဲသားတွေကို ပေးကမ်းခဲ့ပါတယ်။ အသင်းတော်ပိုင်ဆိုင်တဲ့အရာတွေပြဖို့ ရှင်ဘုရင်ကြီးက တောင်းဆိုလာတဲ့အခါ ဆင်းရဲသား၊ မသန်စွမ်းသူ၊ မျက်မမြင်သူ၊ အနားကြီးရောဂါသည်၊ မိဘမဲ့ကလေးများနဲ့ မုဆိုးမတွေပြပြီး "(These are the treasure of the Church) သူတို့တွေဟာ အသင်းတော်ပိုင်တဲ့ စည်းစိမ်ရတနာတွေ ဖြစ်ပါတယ်" လို့ဆိုခဲ့ပါတယ်။ အဲဒါကြောင့် ရှင်ဘုရာဟာ အမျက် ဒေါသထွက်ပြီး သူ့ကို မီးလျှံထဲမှာ ပစ်ချစေခဲ့တယ်။ သူ့ရဲ့ပုံပြင်အရ မီးလျှံထဲမှာ အကြာကြီး တင်ရှို့ခံရပြီး (It is well done, Turn me over) "ကျွန်တော် အသားတွေ ကျက်နေပါပြီး တစ်ဖက်လှည့်ပေးပါ" လို့ တောင်းဆိုကာ "ဟာသ"လုပ်ခဲ့​တယ်လို့ ဆိုကြပါတယ်။

လောရန့်စ်ဟာ (၂၅၈)ခုနှစ်၊ အသင်းတော်ရဲ့ ရတနာတွေကို ပိုင်ဆိုင်ချင်ခဲ့တဲ့ ဘုရင်ကြီး ဗာလဲရီယန်လက်ထက်က တခြားဘုန်းတော်ကြီးတွေနဲ့ အတူ ညှဉ်းပန်းနှိပ်စက်ပြီး သြဂုတ်လ (၁၀)ရက်နေ့မှာ မီးရှို့သတ်ခံခဲ့ ရပါတယ်။ သူ့ရဲ့ သင်္ချိုင်းဂူ ပေါ်မှာတည်ဆောက်ထားတဲ့ ဘုရားကျောင်းတော်ကြီးဟာ ရောမမြို့မှာ သွားလည်ပတ်သူများရဲ့ အနှစ်သက်ဆုံး ဘုရားကျောင်း ခုနှစ်ကျောင်းထဲမှာ ပါဝင်ပါတယ်။

Ref: CNA & Catholic Online

Happy Feast Day to all, especially those who bear his name!!!

စိန့်လောရန့်စ်၊ ကျွန်ပ်တို့အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။

( ထန်းဟာ, SJ)

 

Add new comment

4 + 5 =