သံတာအာဂနက်

ဒီကနေ့ အတွက် သံတာ အာဂနက်ရဲ့ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။သိုးသူငယ်လို့အဓိပါယ်ရတဲ့နာမည်ပိုင်ရှင်သံတာအာဂနက်ဟာချောမောလှပတဲ့ရောမအမျိုးသမီးတစ်ဦးဖြစ်ပြီးသူမကိုသူမသခင်ခရစ်တော်ကိုအပ်နှံထားတဲ့အတွက်လက်ထပ်ထိမ်းမြားဖို့ရန်ငြင်းဆိုခဲ့ပါတယ်။

သူမကိုပိုးပန်းသူတွေကိုသူမဟာအပျိုကညာစင်ဘဝကိုလူ့မျက်စိနဲ့မမြင်နိုင်တဲ့ကောင်းကင်နိုင်ငံသတိုးသားဖြစ်တဲ့သခင်ခရစ်တော်ထံကိုအပ်နှံပူဇော်ထားပြီးဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

သူမရဲ့ခိုင်မာတဲ့သံဓိဌာန်ကိုမပြောင်းလဲစေနိုင်ကြောင်းကိုသိရတဲ့လူငယ်အများစုဟာနောက်ဆုံးမှာတော့သူမဟာခရစ်ယာန်တစ်ဦးဖြစ်ကြောင်းဖော်ထုတ်စွတ်စွဲခဲ့ကြပါတယ်။

အသက်(၁၂)နှစ်အရွယ်ရောက်တဲ့သက္ကရာဇ်၃၀၄ခုနှစ်မှာတရားသူကြီးရှေ့ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာရောမအစိုးရနဲ့ခရစ်ယာန်တွေကြားကဆက်ဆံရေးကိုအနည်းငယ်တင်ပြပေးချင်ပါတယ်။

ရောမအစိုးရအနေနဲ့ခရစ်ယာန်တွေကိုညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းဟာပြည်သူတွေအတွက်ပျော်ပွဲရွှင်ပွဲသက်သက်တာမကပဲနိုင်ငံရေးပြသနာတွေလဲပါပါတယ်။

ဘာဖြစ်လို့လဲဆိုတော့အဲဒီခေတ်အခါကနိုင်ငံရေးနဲ့ဘာသာရေးအတွေးအခေါ်နှစ်ခုဟာဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။

ရောမအစိုးရဟာဘာသာရေးကိစ္စတွေမှာစိတ်တိုင်းကျဥပဒေပြဌာန်းပိုင်ခွင့်ရှိတယ်လို့ယုံကြည်ထားကြပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တွေကတော့နိုင်ငံတော်ဥပဒေကိုထာဝရဘုရားရဲ့ပညတ်တော်နဲ့ဆန့်ကျင်ဘက်မဖြစ်မခြင်းလိုက်နာနာခံတတ်တဲ့နိုင်ငံသားကောင်ရတနာများဖြစ်ခဲ့ကြပါတယ်။

သူတို့တစ်တွေဟာဆင်ခြင်တုံတရားကိုအသုံးပြုပြီးအမှန်တရားကိုရှေ့တန်းတင်ကာဒုစရိုက်အမှုကိုရှောင်ကျဥ်ကြပါတယ်။

ဘယ်လိုပဲဖြစ်စေကာမူအလင်းနဲ့အမှောင်တစ်နေရာတည်းမှာတစ်ချိန်တည်းမှာမရှိနိုင်သလိုပဲအတွေးအခေါ်ပဲဖြစ်စေကျင့်စဥ်ဆိုင်ရာပဲဖြစ်စေဆန့်ကျင်ဘက်ဖြစ်နေတဲ့နိုင်ငံရေးနဲ့ဘာသာရေးနှစ်ခုကိုအတူတကွရှင်တွဲထားနိုင်ဖို့ရန်အတွက်နေရာမရှိဘူးဆိုတာအမှန်ပဲဖြစ်ပါတယ်။

ဒါ့အပြင်ရောမပြည်သူတစ်ယောက်အနေ့နဲ့အမိအင်ပါယာနိုင်ငံတော်နဲ့ဧကရာဇ်မင်းဟာအထွဌ်မြတ်ဆုံးဖြစ်ပြီးသူတို့အတွက်အသက်ရှင်ရမယ်။သူတို့အတွက်သေရမယ်ဆိုပြီးဖြစ်ပါတယ်။သို့ပေမဲ့လို့လဲခရစ်ယာန်တစ်ယောက်အတွက်ကတော့ရောမအင်ပါယာအတွက်လဲမဟုတ်ဘူး။

ဧကရာဇ်မင်းအတွက်လဲမဟုတ်ဘူး။ဘုရားသခင်တစ်ပါးတည်းအတွက်ပဲအထွဌ်မြတ်အမှန်တရားဖြစ်ပါတယ်။

သေသည်ဖြစ်စေရှင်သည်ဖြစ်စေဧကရာဇ်ဘုရင်မင်းမြတ်ကိုထာဝရဘုရားသဖွယ်ကိုးကွယ်ဦးညွတ်ခြင်းကိုငြင်းပယ်ရှောင်ဖယ်ရတာဟာပညတ်တရားတော်ပဲဖြစ်ပါတယ်။

ဒါကြောင့်မို့လို့အဲဒီလိုပုဂ္ဂိုလ်တွေဟာရောမဥပဒေအရနိုင်ငံတော်ရဲ့ရန်သူတစ်ယောက်ဖြစ်ရုံတာမကပဲနိုင်ငံတော်ရဲ့ဦးခေါင်းဖြစ်တဲ့ဧကရာဇ်ဘုရင်မင်းမြတ်ကိုသစ္စာဖောက်သူဖြစ်ပါတယ်။

အဲဒီခေတ်အခါတုံးကဥပဒေဆိုတာဟာရောမအစိုးရဒါမှမဟုတ်ဧကရာဇ်မင်းကိုယ်တိုင်လိုအပ်သလိုစိတ်တိုင်းကျရေးဆွဲတဲ့ပြဌာန်းထားတဲ့ဥပ‌ဒေပဲမြင်တွေ့နိုင်ပါတယ်။

အဲ့ဒီကြောင်းကြောင့်တွေကြောင့်ပဲရောမအမျိုးသမီးတစ်ဦးဖြစ်တဲ့သံတာအာဂနက်ဟာလဲခရစ်ယာန်တစ်ဦးဖြစ်တဲ့အတွက်တရားသူကြီးရှေ့မှောက်ကိုခေါ်ယူစစ်ဆေးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။

တရားသူကြီးမင်းဟာသံတာအာဂနက်ကိုကြင်နာစွာနဲ့ချော့မော့၍သော်လည်းကောင်းခြောက်လှန့်၍သော်လည်းကောင်းစည်းရုံးသိမ်းသွင်းပေမဲ့လို့လဲသူမရဲ့သံဓိဌာန်ဟာမပြောင်းလဲခဲ့ပါဘူး။

မီးတောက်မီးလျှံတွေနဲ့ညှင်းပန်းနှိပ်စက်ရာမှာသုံးတဲ့ပစ္စည်းပေါင်းစုံကိုပြသပြီးခြောက်လှန့်ပေမဲ့လို့လဲသံတာအာဂနက်ဟာယုံကြည်ခြင်းရဲရင့်ခြင်းတို့နဲ့ကြံကြံခံနိုင်ခဲ့ပါတယ်။

ဒါ့အပြင်သူမကိုမကောင်းတဲ့ပြည့်တန်ဆာအိမ်ကိုပို့ဆောင်စေခဲ့ပါတယ်။သူမကိုထိတွေ့ဖို့ရန်ကြိုးစားတဲ့လူငယ်တစ်ဦးဟာမျက်စိကန်းသွားခဲ့ပါတယ်။

နောက်မကြာမီမှာပဲသူမကိုခေါင်းဖြတ်သတ်ခဲ့ပြီးလူမန်ဒန်နာလမ်းမှာရှိတဲ့ဥမင်လှိုင်ခေါင်းသင်ချိုင်းထဲမှာမြုပ်နှံသဂြိုလ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့သူမကိုဂုဏ်ပြုသောအားဖြင့်ဘုရားကျောင်းတစ်ကျောင်းကို၃၅၀ခုနှစ်မှာဆောက်လုပ်ခဲ့ပါတယ်။

သံတာအာဂနက်ကငါ့ရဲ့သွေးနဲ့သင်တို့ရဲ့ဓားကိုအစွန်းထင်သွားနိုင်ပေမယ့်သခင်ခရစ်တော်ကိုဆက်ကပ်ပူဇော်ထားတဲ့ငါ့ရဲ့ခန္တာကိုယ်ကိုတော့မင်းတို့တွေဘယ်တော့မှညစ်ညမ်းအောင်လုပ်လို့မရဘူးလို့သူမကိုမကွတ်မျက်မည်ပြောဆိုခဲ့ပါတယ်။

အစဥ်အလာအရသူမရဲ့ပွဲနေ့ဖြစ်တဲ့ဇန်နဝါရီ၂၁ရက်နေ့မှာရောမမှာရှိတဲ့သူမရဲ့ကျောင်းတော်ကြီးမှာသိုးနှစ်ကောင်ကိုသိဌိတင်လေ့ရှိပါတယ်။

အဲဒီသိုးနှစ်ကောင်ရဲ့သိုးမွှေးတွေကိုတော့ဂိုဏ်းချုပ်ဆရာတော်ကြီးတွေရဲ့ဂုဏ်ထူးဆောင်လည်ဆွဲတွေအဖြစ်ယက်လုပ်ပြီးသံပေတရူးနဲ့သံပေါလူးတို့ရဲ့ပွဲနေ့အကြိုညနေမှာစိန်ပီတာဘုရားကျောင်းရဲ့ပင်မဘုရားစင်ပေါ်မှာတင်ထားလေ့ရှိကြပါတယ်။

အဲဒီဂုဏ်ထူးဆောင်လည်ဆွဲတွေကိုသံပေတရူးနဲ့သူ့ရဲ့အရိုက်အရာကိုဆက်ခံသူတွေကဆင်းသက်လာတဲ့အုပ်စိုးစီရင်ပိုင်ခွင့်အာဏာအမှတ်လက္ခဏာအဖြစ်ဂိုဏ်းချူပ်ဆရာတော်ကြီးတွေကိုပေးအပ်နှင်းလေ့ရှိပါကြောင်းတင်ဆက်ပေးလိုက်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Add new comment

13 + 1 =