#သူတော်စင် မိုက်ကယ် (မွေး - ၁၄၂၅၊ ပျံလွန် - ၁၄၈၅၊ မေလ၊ ၄) 

#သူတော်စင် မိုက်ကယ် (မွေး - ၁၄၂၅၊ ပျံလွန် - ၁၄၈၅၊ မေလ၊ ၄) 

#ယနေ့သာသနာကအမှတ်ရကျင်းပသောပွဲနေ့ရှင် 

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

ယနေ့ပွဲနေ့ရှင်သည် ရဟန္တာ(စိန့်)အဆင့် မဖြစ်သေးဘဲ သူတော်စင် (ဘလက်ဆက်) သာရှိသေးသည်။ သူ၏လောက အသက်တာ၌ ကာယ‌ဝေဒနာကို လည်းကောင်း၊ အာရုံပိုင်းဆိုင်ရာ‌ ဝေဒနာကို လည်းကောင်း ပြင်းထန်စွာ ခံစားခဲ့ရသည်။ ထိုပြင်းထန်သော‌ ဝေဒနာများသည် သူ့အား သန့်ရှင်းခြင်းသို့ ရောက်ရှိရန် ကြိုးစားလိုစိတ်ကို မဟန့်တားနိုင်ခဲ့ပေ။

ယနေ့ပွဲနေ့ရှင်အား လီသူးနီးယားနိုင်ငံ၊ ဗီးလ်နီအုစ်မြို့၌ မွေးဖွား သန့်စင်ခဲ့သည်။ သူသည် မွေးရာပါ ကိုယ်ခန္ဓာ မသန်စွမ်းသောသူ တစ်ဦးဖြစ်သည်။ သူသည် ပုကွကွ ဖြစ်နေပြီး သူ၏ခြေတစ်ဖက်ကိုသာ အသုံးပြုနိုင်သည်။ သူ၏ကာယပိုင်းဆိုင်ရာ ချို့တဲ့မှုနှင့် ကျန်းမာသန်စွမ်းခြင်း မရှိသောကြောင့် မိသားစုနှင့် ရှိစဉ်က ပညာသင်ကြားရာတွင် ကောင်းစွာ မသင်ကြားနိုင်ခဲ့ပေ။ အချိန် ကြာလာသည်နှင့် အတန်းပညာရေး၌ မထွန်းပေါက် လှသော်လည်း သူသည် သတ္တုများဖြင့် ပြုလုပ်ရသော အလုပ် (ကြေး၊ ငွေ)၌မူ ပါရမီ သန်လှသည်ကို သတိထားမိလာသည်။ ထိုအတတ်ကို အခြေခံ၍ သူသည် မစ္ဆားပူဇော်ရာတွင် အသုံးပြုရသော သွေးတော်ခွက် ဖလားများ၊ ကိုယ်တော်မြတ် ဖလားတော်များကို သွန်းလုပ်ပေးခဲ့သည်။

သူသည် ပိုလန်နိုင်ငံ၊ ခရာကိုမြို့သို့ အရောက်သွားပြီး ဩဂုတ်စတီးနီးယံ ရသေ့တစ်ပါး ဖြစ်လာရန် ကြိုးစားခဲ့သည်။ သူ၏ စိတ်အားထန်သန်ခြင်း၊ ကြိုးစား အားထုတ်မှုတို့ကြောင့် သူ့အား ရသေ့တစ်ပါးအဖြစ် ရာသက်ပန် ဆက်ကပ် ရှင်သန်ရန် ခွင့်ပြုချက် ရခဲ့သည်။ သူသည် သူ၏ တစ်နေ့တာကို ဆုတောင်းခြင်း၊ ဝါရှောင်ခြင်း၊ အသားရှောင် ကျင့်ကြံ အားထုတ်ခဲ့သည်။ သူ၏ ဘ၀တစ်လျှောက်၌ မွေးရာပါ အခြေအနေကြောင့် ထင်သလောက် လူ့ဘ၀ကို ခရီးပေါက်အောင် မလျှောက်နိုင်ခဲ့သော်လည်း ဘုရားပေးလာသော အခြေအနေကို အဘယ်သူအားမျှ အပြစ်တင် အပြစ်ဖို့ခြင်း၊ မကျေမချမ်းဖြစ်ခြင်း မရှိ။ အကောင်းဆုံး လက်ခံ ရှင်သန် ဖြတ်သန်းခဲ့သည်။ သူ၏ ပြည့်၀လှသော ဝိညာဉ်ရေး အသက်တာသည် သူ့အား နှစ်သိမ့်မှု၊ ဖြေသိမ့်မှုများစွာ ပေးခဲ့သည်။ သူသည် ကာယပိုင်း မသန်စွမ်းလှသော်လည်း ဘုရားရိပ်၊ တရားရိပ်၌ မွေ့လျှော် ပျော်စံသူဖြစ်၍ သက်တမ်းစေ့အောင် နေထိုင်သွားခဲ့ရပြီး (၁၄၈၅) တွင် သူသီတင်းသုံးရာ ပိုလန်နိုင်ငံ၊ ခါရာကို၌ပင် ပျံလွန်သွားခဲ့သည်။

သူပျံလွန်ပြီး နှစ်ပေါင်း (၅၀၀)ကြာမှ ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂)က ပိုလန်နိုင်ငံသို့ ပြန်ကြွသွား၍ ရဟန်းမင်းကြီး ရုံးတော်၏ လက်အောက်ရှိ သီဩလိုဂျီ သင်တန်းကျောင်းတွင် မိန့်ခွန်းပြောကြားရာ ပိုလန်နိုင်ငံ၊ ခါရာကိုမြို့သည် လွန်ခဲ့သော (၁၅)ရာစုခန့်က ရဟန္တာများ မွေးထုတ်ပေးသောရာစု ဖြစ်ခဲ့သည်။ ၄င်းတို့အနက် ယနေ့ပွဲနေ့ရှင်လည်း တစ်ပါးအပါအ၀င် ဖြစ်သည်ဟု ဂုဏ်ယူစွာ ကိုးကား မိန့်ကြားခဲ့သည်။ ယနေ့ခေတ် ကာလ၏ မသန်စွမ်းသူ အတော်များများသည် ဝေဒနာများ၊ ခွဲခြားဆက်ဆံခြင်း၊ နှိမ်ချဆက်ဆံခြင်းများကို ခံနေရ၊ ကြုံနေရသည်။ ယနေ့ပွဲနေ့ရှင်၏ ထပ်ဆင့် ဆုတောင်းခြင်းကို တောင်းခံ၍ ကာယ မသန်စွမ်းမှုကြောင့် ခွဲခြား၊ နှိမ့်ချ ဆက်ဆံခံနေရသော သူများသည် လူမှုအသိုင်းအဝိုင်း၏ လှိုက်လှဲပျူဌာစွာ နေရာပေး ဆက်ဆံခြင်းကို ခံရရန် ဆုတောင်း ပေးကြပါစို့။ ယနေ့ပွဲနေ့ရှင်သည် မသန်စွမ်းသော သူများအား မှိုင်းမသော သူတော်စင် ဖြစ်သည်။

#Fr.ကလေးမင်း(အားတယ်) (ဘာသာပြန်)

Add new comment

4 + 4 =