သူတော်စင်ဘောင်ဝင်တဲ့ မောင်နှမ (သို့) ပေးဆပ်သူတို့ရဲ့ပျော်ရွှင်ခြင်း

သူတော်စင်ဘောင်ဝင်တဲ့ မောင်နှမ (သို့) ပေးဆပ်သူတို့ရဲ့ပျော်ရွှင်ခြင်း

ဘုရားသခင်ရဲ့ အကြံအစည်တော်ကို ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒါကြောင့် မိသားစုတစ်စုထဲကနေ သူတော်စင်ဘောင် ဝင်ကြတဲ့ မောင်နှမ တွေလည်း အများပါပဲ။ ဒါပေမယ့် ဒီခေတ်မှာတော့ သူတော်စင်ဘောင်ကို ဝင်တဲ့သူတွေက အာရှတိုက်မှာ ပိုးအားကောင်း လာလို့ အရင်ခေတ်နဲ့ ပြောင်းပြန် သူတော်စင် အသင်းသူ၊ အသင်းသားတွေကို အနောက်နိုင်ငံ ပြန်ပို့ရတဲ့ ခေတ်ပါ။ ဒါကြောင့် အနောက်နိုင်ငံကနေ မိသားစုထဲက သူတော်စင်အတူ ဝင်ရောက်သူတွေ့ရင် ထူးခြားသတင်းလို ဖြစ်လာပါတယ်။ တကယ်တော့ အာရှမှာလည်း ဘုရားရှင်ရဲ့ သာသနာတော်ကို လုပ်ဆောင်ဖို့ အရည်အချင်းရှိတဲ့ စေတနာ့ ဝန်ထမ်းများ၊ ဆက်ကပ်လူငယ်များနဲ့ သူတော်စင်ဝင်တွေ အများကြီး လိုအပ်လျက်ရှိပါတယ်။  

ယခုလည်း အနောက်နိုင်ငံက ဂျိုးဇက်ရယ်လီဂိုနဲ့ မဟန်နာတို့ မောင်နှမ နှစ်ယောက် ၂၀၁၉ခုနှစ်မှာ သူတော်စင်ဘောင်ထဲကို ဝင်ရောက်ခဲ့ကြတယ်။ မဟန်နာက "မယ်တော့် သမီးများအသင်း"မှာ ဝင်ပြီး ရယ်လီဂိုကတော့ စိန့်ဂျိုးဇက်ရဟန်းဖြစ် ကော်လိပ်ကို ဝင်ခဲ့ပါတယ်။ ဒီလမှာတော့ မဟန်နာက စစ္စတာရ် မေရီအဂ္ဂနက်စ် နာမည်ခံတဲ့ သီလရှင် တစ်ပါးဖြစ်လာတယ်လို့ သိရပါတယ်။ သူတို့သတင်းဖတ်ရင်းနဲ့ ကျွန်တော် ငယ်ငယ်တုန်းက အိမ်မှာ နေ့စဥ် မိသားစုအတူ ဆုတောင်းရင်း မိသားဝင်တွေထဲက အနည်းဆုံး စစ္စတာရ်တစ်ပါးနဲ့ ဘုန်းကြီးတစ်ပါး ခေါ်တော်မူခြင်းခံရဖို့ ရည်ရွယ်ချက်ကို ပြောပြောနေခဲ့တဲ့ အဖေ့အသံကို စိတ်ထဲ ပြန်မြင်ရောင် မိပါတယ်။ မိသားစုအတူ ဆုတောင်းဖို့လည်း အရေးကြီးတယ် မဟုတ်ပါလား။

၂၀၁၃ခုနှစ်မှာ ပုပ်ရမင်းကြီး ဖရန်စစ်က "လူငယ်တွေ၊ သူတော်စင်အသင်းဝင်တွေနဲ့ ရဟန်းဖြစ်သင်ကျောင်းသားတွေက သူတို့ဘဝကို ဆက်ကပ်သူတွေ ရှိတဲ့ နေရာတိုင်းမှာ ဝမ်းမြောက်ပျော်ရွှင်ခြင်း အမြဲရှိပါတယ်။" လို့ မိန့်ကြားခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းကို အားရရွှင်လန်းစွာ လက်ခံသူတွေထဲက အတုယူထိုက်သူကတော့ အမိမယ်တော်သခင်မပဲ ဖြစ်ပါတယ်။ ရှင်လုကာ (၁း၄၆-၄၇)မှာ " မာရိယာက မြွက်ဆို သည်ကား ငါ၏ ဝိညာဉ်သည် ထာဝရ ဘုရားသခင် ကို ချီးမွမ်း၏။ ငါ၏ စိတ်နှလုံးသည်လည်း ငါ၏ ကယ်တင်ရှင် ဘုရားသခင်၌ ရွှင်လန်း ဝမ်းမြောက် ခြင်းရှိ၏။"လို့ မယ်တော်ကနေ ဧလိဇဘက်ကို မိန့်ဆို ခဲ့ပါတယ်။ မောင်နှမနှစ်ယောက်ရဲ့ ရွှင်လန်း ဝမ်းမြောက်တဲ့ မျက်နှာတွေ ကြည့်ရင်း လူအများအတွက် လုပ်ဆောင် ပေးဆပ်ကာ ပျော်ရွှင်နိုင်ကြပါစေ။

“Wherever there are consecrated people — seminarians, men and women religious, young people — there is joy, there is always joy.”

(Pope Francis)

To read more about and support the DVM:

www.daughtersofthevirginmother.com/?page_id=317

To read more about and support SJCS:

https://stjosephcollegeseminary.org/

Ctto: St Mark Catholic Church

Crd, Katoliko ako blog

Add new comment

9 + 4 =