သာသနာပြုဓမ္မအာဇာနည်များ စိန့်ဂျွန်ဒေဘရူဗို့ဖ်၊ အိုက်ဇက်ဂျို့နဲ့ အပေါင်းအဖော်များ (Sts. John de Brrbeuf, Isaac Jogue and Companions)

သာသနာပြုဓမ္မအာဇာနည်များ စိန့်ဂျွန်ဒေဘရူဗို့ဖ်၊ အိုက်ဇက်ဂျို့နဲ့ အပေါင်းအဖော်များ (Sts. John de Brrbeuf, Isaac Jogue and Companions)

(၁၇) ရာစုမှာ အထူးချွန်ဆုံး ပြင်သစ်နိုင်ငံရှိ ဘုန်းတော်ကြီးတွေထဲမှာ ဂျက်ဇွစ်ဘုန်းတော်ကြီး (၈)ပါး ဖြစ်ပြီး တရားတော်အတွက် ရက်စက်စွာ အသတ်ခံခဲ့ ကြရသူတွေကတော့... Isaac Jogues, John de Brébeuf, Gabriel Lalemant, Noel Chabanel, Charles Garnier, Anthony Daniel, Rene Goupil နဲ့ John de Lalande တို့ ဖြစ်ကြပါတယ်။

၁၆၃၂ ခုနှစ်မှာ သာသနာပြု ဘုန်းတော်ကြီးတွေဟာ တောင်အမေရိကတိုက်၊ ကနေဒါနိုင်ငံ၊ ကွိဘန်ခ် (Quebec) ဒေသမှာ (Huron) ဟူရွန်လူမျိုးတွေ နေထိုင်တဲ့ ရွာ စုစုပေါင်း (၃၀)ရွာက လူပေါင်း ၂၀၀၀၀ ယောက်ကို ကြည့်ရှု စောင့်ရှောက်ရင်း သာသနာပြုဌာနဖွင့်လှစ် ခဲ့ကြပါတယ်။ သူတို့ဟာ အအေးဒဏ်နဲ့ အပူဒဏ်ကို ခံစားခဲ့ရပြီး အရင်က လူရိုင်းလို့ သတ်မှတ်ခံထားကြရတဲ့ ဟူရွန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို မရင်းနှီး ခဲ့ကြပါဘူး။ Black robes "အနက်ရောင် သင်္ကန်း" ဝတ်ဆင်ကာ ရောက်လာကြတဲ့အခါ ဟူရွန်လူရိုင်း ကလေးများဟာ ဘုန်းတော်ကြီးတွေကို မှော်ဆရာတွေ ထင်ပြီး ကြောက်ခဲ့ကြတယ်။ ဘုန်းတော်ကြီးတွေ တွေ့တာနဲ့ သူတို့အမေဆီကို ပြေးခဲ့ကြတယ်။ သာသနာပြုများသည်ကျောက်ရောဂါကပ်ရောဂါကြောင့်အပြစ်တင်ခံရသည်။ ဘုန်းတော်တွေက ဟူရွန်လူမျိုးတွေကို ယုံကြည်ခြင်း ရအောင်သင်ကြားပေးတဲ့အပြင် ပညာပေးခြင်း၊ ဆေးဝါးနဲ့ စိုက်ပျိုးရေး ဆိုင်ရာကျွမ်းကျင်မှုများကို သင်ကြားပေးခဲ့ ကြပါတယ်။

ဘုန်းတော်ကြီး ဂျွန်ဒေဘရူဗို့ဖ် John de Brébeuf ဟာ စာသင်ကျောင်းတွေကို တည်ထောင်ခဲ့ပြီး ဟူရွန် ဘာသာစကားနဲ့ သူတို့ကို ဘုရားစကား သင်ကြားပေးခဲ့ပါတယ်။ ဟူရွန်ဘာသာနဲ့ အဘိဓာန် စာအုပ်ကိုလည်း ရေးသားခဲ့ပါတယ်။ တချို့လူတွေက သူ့ကို တစ်ချိန်က အသေသတ်ချင်ခဲ့ပေမဲ့ သူ့ရဲ့ စကားအပြောအဆို လိမ္မာပါးနပ်မှုကြောင့် အသက်ချမ်းသာရာ ရခဲ့ပါတယ်။

ဘာသာစကား ပါမောက္ခတစ်ဦး ဖြစ်သူ ဘုန်းတော်ကြီး နိုအဲလ်ချာပါနဲလ် Noel Chabanel ကတော့ ဟူရွန် စကားစုတွေကို အထစ်အငေါ့နဲပဲ ပြောဆိုနိုင်ခဲ့တယ်။ ဟူရွန်တွေရဲ့ စားဝတ်နေရေးနဲ့ ဘဝက သူ့အတွက် အရမ်း ခက်ခဲနေမဲ့လည်း သူအဲဒီမှာပဲ ဆက်နေဖို့ ကတိပြုခဲ့ပါတယ်။ သူတို့နဲ့အတူ သာသနာပြုဆရာ Rene Goupil နဲ့ John de Lalande တို့နှစ်ယောက်လည်း ဘာလုပ်ခ လစာမှ မယူဘဲ သာသနာပြု အလုပ်ကို လုပ်ဆောင် ခဲ့ကြပါတယ်။ ဘုန်းတော်ကြီး ချာလ်စ် ဂါနီရာ Charles Garnier ကတော့ တစ်ခါတလေ ကလေးတစ်ယောက်ထဲကို ဆေးကြောခြင်းပေးဖို့အတွက် မိုင် (၄၀) ကျော် လမ်းလျှောက် သွားရပါတယ်။

သာသနာပြု ဘုန်းတော်ကြီးတွေဟာ ကွိဘန်ခ်မှာ နှစ်ပေါင်းများစွာ ကြာအောင် သာသနာပြုပြီး ယုံကြည်ခြင်းရပြီး ဆေးကြောခြင်းခံလာကြသူ သာသာဝင် စုစုပေါင်း နှစ်ထောင်ခန့် ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြင်သစ်လူမျိုးများကို မုန်းတီးပြီး ဟူရွန်လူမျိုးတွေရဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အီလိုကွေးစ် Iroquois လူမျိုးများက ခရစ်ယာန် သာသနာပြုများကို ဖမ်းဆီး နှိပ်စက် ခဲ့ကြပါတယ်။ ဘုန်းတော်ကြီး ရီနယ်ဂိုဥဘေး Rene Goupil ဟာ ကလေးကို ဆေးကြေခြင်း ပေး‌ဖို့ ကြိုးစားစဉ် ပုဆိန်နဲ့ အသတ် ခံခဲ့ရတယ်။ ဘုန်းတော်ကြီး ‌အန်ထော်နီဒါနီအဲလ် Anthony Daniel ဟာလည်း မစ္ဆားတရားဟောကြားနေချိန်မှာ မြှားနဲ့အပစ်ခံရပြီး မီးထဲကို ပစ်ချ ခံခဲ့ရပါတယ်။ ဘုန်းတော်ကြီး အိုက်ဇက်ဂျို့ Isaac Jogues ကို ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ပြင်သစ်မှာ ပြန်လည် လွတ်မြောက်လာခဲ့တယ်။ သူရဲ့ ဘယ်ဘက်လက် အဖြတ်ခံ ခဲ့ရပေမဲ့ ပုပ်ရဟန်းမင်းကြီး အုဘန် (၈) Pope Urban VIII က "ခရစ်တော်ရဲ့ အာဇာနည် တစ်ဦးက ခရစ်တော်ရဲ့ အသွေးတော်ကို မသောက်ဘဲနေခြင်းဟာ ရှက်စရာ ကောင်းပါလိမ့်မယ်။" ဟုဆိုက သူ့ကို မစ္ဆားတရား ဆက်ဟောဖို့ ခွင့်ပြု ခဲ့ပါတယ်။

ဘုန်းတော်ကြီး အိုက်ဇက်ဂျို့ Isaac Jogues ဟာ အမေရိရှိ ကနေဒါကို နောက်ထပ် ပြန်သွားခဲ့ ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးမှူးအတွက် အီလိုကွေးစ် Iroquois လူမျိုးတွေဆီကို ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ မစ်ရှင်တစ်ခုမှာ သူ့ကို ဆိုးရွားမှုကို ‌ဖြစ်စေသူလို့ စွပ်စွဲခဲ့ကြတယ်။ အီကွေးစ် Iroquois ‌လူမျိုးတွေက သူ့ရဲ့ ဘာသာရေး အသုံးအဆောင် သေတ္တာထဲမှာ ပလိပ်ရောဂါ ရှိတယ်လို့ ထင်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူ့ကို တိုက်ခိုက်ပြီး ရက်စက်စွာ သတ်ဖြတ် ခဲ့ကြပါတယ်။ သူ့ကို အဓိက ဦးဆောင်ပြီး သတ်ခဲ့ လူရိုင်းဟာလည်း နောက်ပိုင်းမှာ ခရစ်ယာန်အဖြစ် ဆေးကြောခြင်း ခံယူရင်း ဘုန်းတော်ကြီးကို လေးစား အတုယူတဲ့အနေနဲ့ သူ့နာမည်ကို အိုက်ဇက် လို့ပဲ ခံယူခဲ့ပါတယ်။ ယုံကြည်ခြင်း အားကောင်းတဲ့ အမိကက်သလစ် အသင်းတော်က သာသနာပြုများရဲ့ ဆင်းရဲဒုက္ခများဟာ အသင်းတော်ရဲ့ မျိုးစေ့တွေဖြစ်လာပါတယ်။

✍ထန်းဟာ, SJ✍

Source: https://bit.ly/3G4yqe7

For more reading: http://livingspace.sacredspace.ie/f1019s/

#canadianmartyrs #martyrs

#Jesuits #JesuitSaints #AMDG

Add new comment

5 + 5 =