သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်သည့် ရဟန္တာ ဂက်တာရီ တေခါဝီတာ (St. K‌ateri Tekakwitha)

သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်သည့် ရဟန္တာ ဂက်တာရီ တေခါဝီတာ (St. K‌ateri Tekakwitha)

 

ဇူလိုင် (၁၄): 

ကျွန်မနာမည်ကို ကြားဖူးကြမယ် ထင်ပါတယ်ရှင့်။ ကျွန်မကတော့ ဂက်တာရီ-တေခါဝီတာ ဖြစ်ပါတယ်။ ဒီနာမည်ကို စိန့်ကက်သရင်း (St. Catherine of Siena) နာမည် ယူထားတာပါ။ ကျွန်မက ၁၇ရာစု၊ မြောက်အမေရိကတိုက်မှာရှိတဲ့ မိုဟောက် ဆိုတဲ့ရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်မအမေက လူရိုင်းတွေဖမ်းပြီး သူတို့ခေါင်းဆောင်နဲ့ မပေးစားခင်မှာ ခရစ်ယာန်တစ်ယောက်ပါ။ အရင်က တောထဲမှာ ဘာပညာမှ မသင်ရတော့ ကျွန်မတို့ကို လူရိုင်းတွေလို့တောင် အခေါ်ခံခဲ့ရတယ်။

ကျွန်မ (၄)နှစ်အရွယ်တုန်းက ဆိုးဝါးတဲ့ကပ်ရောဂါကြောင့် မိဘနှစ်ပါးနဲ့ ညီးလေးကိုပါ ဆုံးရှုံးခဲ့ရပြီး ကျွန်မမျက်နှာလည်း ပျက်စီးသွားခဲ့ ပါတယ်။ ကျွန်မအရမ်းလည်းရှက်ခဲ့ပါတယ်။ (ကျွန်မမျက်နှာကို ပဝါနဲ့ခြုံပြီး ဖုံးထားလေ့ ရှိပါတယ်)။ ကျွန်မကို ရွာကိုဦးဆောင်တဲ့ ဦးလေးတစ်ယောက်က စောင့်ရှောက်ခဲ့ပေမယ့် ကက်သလစ် ယုံကြည်ခြင်းအကြောင်း ကျွန်မစိတ်မဝင်စားတာကို သူလုံးဝ မကြိုက်ပါဘူး။ တစ်နေ့ကျွန်မတို့ရွာကို ခဏခဏရောက်လာကြတဲ့ (ဂျက်ဇွစ်)သာသနာပြုတွေ ရောက်လာပြီး ကက်သလစ် ပုံပြင်တွေ ပြောပြတာကို ကျွန်မ အရမ်း သဘောကျခဲ့တယ်။

ကျွန်မအသက် (၁၉)နှစ်အရွယ်မှာ ဆေးကြောခြင်း ရခဲ့ပါတယ်။ ဦးလေးကိုယ်တိုင်က မကြိုက်တဲ့ ကက်သလစ် ဘာသာဝင် တစ်ယောက်အနေနဲ့ ရွာမှာနေရတဲ့ ကျွန်မရဲ့ဘဝက အရမ်းကို ခက်ခဲပါတယ်။ ဒါကြောင့် မိုင်(၂၀၀)ကျော်ဝေးတဲ့ မြောက်ဘက်က ခရစ်ယာန်ရွာလေးကို ကျွန်မပြောင်းသွားခဲ့ပါတော့တယ်။ အဲဒီမှာ ကျွန်မဘ၀ကိုသခင်ယေဇူးဆီအပ်နှံအစေခံ ဆုတောင်းပြီး အစာရှောင်ကာ ကြိုးစားကျင့်ကြံခဲ့ပါတယ်။ ကျွန်မ ချစ်သူက သခင်ယေဇူးတစ်ယောက်ထဲ ဖြစ်ပါတယ်။ သူ့ကို ဖြူစင်တဲ့ ကျွန်မဘဝတစ်ခုလုံး အပ်နှံထားပါတယ်။ ကျွန်မ သခင်ယေဇူးကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်၊ အထူးသဖြင့် သဘာဝအလှ တရားမှာပေါ့။ ဒါကြောင့် ကျွန်မကို မိုဟောက်စ်က နှင်းပန်းလို့ တောင်ခေါ်ကြပါတယ်။

သင်တို့လည်းကောင်းမွန်တဲ့သဘာဝအလှတရားမှာဖန်ဆင်းရှင် ဘုရားသခင်ကို ရှာတွေ့နိုင်ကြဖို့ ကျွန်မဆုတောင်းပေးပါတယ်။ ရဟန္တာ ဖြစ်ဖို့ ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး။ ရိုးရိုးသားသားနဲ့ သိသလောက်၊ ယုံကြည်သလောက် ကျင့်ကြံဖို့ပဲ လိုတာပါ။ ကျွန်မလို ဖြူစင်တဲ့ဘဝနဲ့ အမြဲဆုတောင်းပြီး ဘုရားသခင်နဲ့ လူတွေကို အစေခံနိုင်ကြပါစေလို့ အားလုံးကို ကျွန်မ ဆန္ဒပြု ဆုတောင်း ပေးလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်သည့် ရဟန္တာ ဂက်တာရီ တေခါဝီတာ၊ ကျွန်ပ်တို့အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။

Ref: Onlinewithsaint
 ထန်းဟာ, SJ

Add new comment

11 + 0 =