သန့်ရှင်းတဲ့အလိုဆန္ဒ (သို့)  ကောင်းသောစိတ်စွမ်းအား

သန့်ရှင်းတဲ့အလိုဆန္ဒ (သို့)  ကောင်းသောစိတ်စွမ်းအား

*လူတိုင်းမှာ သန့်ရှင်းတဲ့အလိုဆန္ဒကို ဘုရားသခင် ပေးထားပါတယ်။ ချစ်ခင်စာနာတတ်တယ်။ ကူညီအစေခံတတ်တယ်။ ကောင်းမြတ်သန့်ရှင်းတဲ့အလိုဆန္ဒကိုလည်း ကြိုးစားအကောင်အထည် ဖော်တတ်တယ်။ ရှင်လုကာကျမ်း( ၉း၇-၉)ထဲမှာ ဟေရုဒ်မင်းကြီးဟာ သခင်ယေဇူးကို တွေ့ဖို့အလို ဆန္ဒပြင်းထန်ခဲ့တယ်။ ကောင်းတဲ့ဆန္ဒတွေရှိနေပေမယ့် သူဘာကြောင့် တွေ့ချင်တာလဲ သေချာမသိရပါဘူး။ လက်တွေ့မှာ သခင်ယေဇူးကို သွားမရှာဘူး။ သန့်ရှင်းတဲ့ အလိုဆန္ဒကောင်း ရှိခဲ့ပေမယ့် ဘာမှမလုပ်တော့ ဘာမှ ဖြစ်မလားဘူး။ သခင်ယေဇူးကို တကယ်ယုံကြည်တဲ့ ကျွန်ုပ်တို့ကော် သူ့ကို ဘယ်လိုရှာနေကြပါသလဲ။ ယုံကြည်တဲ့အတိုင်း၊ ကောင်းတဲ့အလိုဆန္ဒအတိုင်း လိုက်မကျင့်သင့်ဘူးလား။

*ဟေရုဒ်မင်းက ဆေးကြောခြင်းပေးတဲ့ ရှင်ယောဟန်ကိုလည်း သူအရမ်းအားကျပြီး အတုယူလိုတဲ့ ဆန္ဒရှိခဲ့ပါတယ်။အဲဒီဆန္ဒက သန့်ရှင်းကောင်းမွန်ပါတယ်။ ဒါပေမယ့် သူလက်တွေ့ အကောင်အထည် မဖော်ခဲ့ဘူး။ စိတ်နှလုံးသားထဲက ဘုရားသခင်ရဲ့ အသံကို နားထောင်မယ့်အစား အပြင်က လူတွေရဲ့ ချီးမွမ်းမှုကိုသာ ဦးစာပေးခဲ့လို့ ဆိုးကျိုးပဲ ရခဲ့တယ်။ သူအားကျတဲ့၊ ကြောက်ရွံ့ရိုသေတဲ့ ရှင်ယောဟန်ကို သတ်ခဲ့တယ်။ ဒီကျမ်းစာထောင်ရှုရင်းနဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း၊ ကောင်းတဲ့ဆန္ဒကို ဘယ်လို အသုံးပြု၊ ကျင့်ကြံနေကြသလဲ ဆိုတာ ပြန်လည်သုံးသပ် နိုင်ပါတယ်။

*လူတိုင်းမှာ ဘုရားသခင်ဆီကလာတဲ့ ကောင်းတဲ့ စိတ်စွမ်းကား (သန့်ရှင်းတဲ့အလိုဆန္ဒ၊ လှုံ့ဆော်မှု) ရှိသလို နတ်ဆိုးကနေလာတဲ့ မကောင်းတဲ့ စိတ်စွမ်းအားဆိုတာ ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့နေစဥ်အသက်တာမှာ ဘယ်တစ်ခုကို နားထောင် ကျင့်ကြံမလဲ။ ဟေရုဒ်မင်းဆီကနေ သင်ခန်းစာယူကြပါစို့။ ဝိညာဥ်တော်ဘုရားရဲ့ အလင်းကျေးဇူးနဲ့ သန့်ရှင်းတဲ့အလိုဆန္ဒ (သို့) ကောင်းသော စိတ်စွမ်းအားကို လက်တွေ့ လိုက်နာ ကျင့်ကြံအားထုတ် နိုင်ဖို့ ဘုရားသခင်ထံမှာ ကျေးဇူးတောင်းခံကြပါစို့။

Thang Ha SJ

Photo from Google

 

Add new comment

2 + 1 =