သင့်ကိုမျှော်လင့်ချက်ရင့်သန်စေမဲ့အရာ(၈)ခု

သင့်ကိုမျှော်လင့်ချက်ရင့်သန်စေမဲ့အရာ(၈)ခု

သင့်ကိုမျှော်လင့်ချက်ရင့်သန်စေမဲ့အရာ(၈)ခု

American Got Talent မှာယှဥ်ပြိုင်ခဲ့ပြီး Its OK သီချင်းခေါင်းစဥ်နဲ့ရွှေခေါင်းလောင်းဆုရရှိခဲ့တဲ့ Nightbride လို့ခေါ်တဲ့ Jane Marczewski ဟာ ခရစ်တော်၌ အိပ်ပျော်သွား သည့်အတွက် ဝမ်းနည်းမိပါတယ်။ သူမရဲ့ ကင်ဆာရောဂါကနေ လွတ်မြောက်ဖို့ (၂) ရာခိုင်နှုန်းသာရှိပေမယ့် ဘုရားသခင်အပေါ်ထားရှိတဲ့ သူမရဲ့ ယုံကြည်ခြင်းဟာ သူမအား မျော်လင့်ခြင်းတွေနဲ့ ပြည့်နှက်စေခဲ့သလို သင့်မျှော်လင့်ချက်တွေကို ရင့်သန်စေမယ့် Nightbirde ဆီမှ နှိုးစော်ချက် (၈) ချက်ကတော့

(၁) တချို့သူတွေက ဘုရားသခင်ကိုမတွေ့ကြဘူး။ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှိမ့်ကျတဲ့နေရာကိုမကြည့်ကြလို့။ ဒါကြောင့် နှိမ့်ကျတဲ့နေရာကို လိုက်ကြည့်ပါ။

(၂) သနားကြင်နာခြင်းကို သစ်ပင်ရဲ့အနားကွပ်တွေမာ တောက်ပနေတဲ့ နေရောင်ခြည်နဲ့ ထူဆိုင်းနေတဲ့ ဖုန်တွေကြားထဲမှာတွေ့သလိုကျွန်မ အမေရဲ့ ကြမ်းတမ်းတဲ့ လက်တွေမှာ တွေ့တယ်။ သူငယ်ချင်းက ချန်ထားပေးတဲ့ စောင်မှာတွေ့တယ်။ တယုတယ တညီတညာ နဲ့ တိုက်ခိုက်နေတဲ့လေပြေတွေကြားထဲမှာ တွေ့တယ်။ဒါဟာ ကျွန်မ တောင်းတတဲ့ သနားကြင်နာခြင်းမဟုတ်ခဲ့ပေမဲ့ ဒါဟာ သနားကြင်နာခြင်းဖြစ်နေတယ်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ဆုတောင်းမေတ္တာအသစ်တစ်ခုကို သင်ယူခဲ့တယ်။ ကျွန်မရည်မှန်းထားတဲ့ဆုတောင်းမေတ္တာတော့မဟုတ်ဘူး။ ဒါပေမယ့် ဆုတောင်းမေတ္တာဖြစ်လာတဲ့အထိ အကြိမ်ကြိမ်ရွတ်ဆိုတယ်။

(၃) ဘဝအဆင်ပြေ ချောမွေ့သွားတဲ့အထိ စောင့်နေဖို့မဖြစ်ဘူး ပျော်အောင်နေမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပါ။သင့်ဘဝမှာ အဆိုးတွေဖြစ်နေတာထက် သင်ဟာပိုပြီး တန်ဖိုးရှိတယ်။

(၄)ဒီနာကျင်မှုတွေနဲ့ကြုံရတိုင်းမှာ ဘုရားသခင်က ဒီနာကျင်မှုတွေကို ယူပစ်ဖို့လုပ်လေ့မရှိဘူး။ ပိုပြီးတောင်မှ နာကျင်မှုတွေကို ပေါင်းထည့်ပေးသေးတယ်။ သူဟာဆိုရင် ရယူတဲ့သူမဟုတ်ဘဲ ပေးကမ်းတဲ့သူဖြစ်တယ်။ သူက ကျွန်မရဲ့အမှောင်အမိုက်ကို မဖယ်ရှားပေးဘဲ အလင်းကိုပေါင်းထည့်ပေးတယ်။သူက ရေငတ်တာကို မဖယ်ရှားဘဲအဲ့ဒီအစား ရေယူလာပေးတယ်။ သူက ကျွန်မရဲ့ အထီးကျန်မှုကိုမကုသပေးပေမယ့် သူကိုယ်တိုင်ပဲ ကျွန်မအနီးအနားကိုလာတယ်။ဒါကြောင့် ကျွန်ုပ်တို့တွေက ဒုက္ခအခက်အခဲတွေ ကြုံနေရတဲ့ အခါမှာ ဘုရားသခင်ကအဝေးကြီးမှာရှိနေတယ်ဆိုတာ ဘာလို့ ယုံကြည်နေတာလဲ?

(၅)ကျွန်မဘဝမှာ ဖြစ် နေတဲ့ မကောင်းမှုတွေထက် ကျွန်မက ပိုတန်ဖိုးရှိတယ်။

(၆)ဝမ်းနည်းကြေကွဲမှုတွေနဲ့ စိုစွတ်ပီး နစ်မြောနေတယ်။ ကျွန်မကဆက်လက်ပြီးတောင်းခံနေတယ်။ စျေးဆစ်နေတယ်။ ပျောက်ကွယ်လုနီးဖြစ်နေတယ်။ အနီးအနားကို ဆွဲခေါ်နေတဲ့ ဘုရားသခင်ကိုကျေးဇူးတင်ဖို့ရန်အတွက်အကြောင်းပြချက်များစွာရှိတယ်ဆိုတာ ကျွန်မထင်တယ်။

(၇)ကျွန်မကအောက်ထပ်မှာနေတဲ့ ဘုရားသခင်ရဲ့ အိမ်နီးနားချင်းဖြစ်တယ်။သူ့ရဲ့ အိမ်ရှေ့တံခါးဆီကို နေ့တိုင်းသွားပြီး တံမြက်စည်းတစ်ချောင်းနဲ့ အိမ်ခေါင်မိုးမျက်နာကျက်ကိုအကြိမ်ကြိမ် ရိုက်ခတ်တယ်။ တစ်ခါတလေဆိုရင် သီချင်းတွေယူသွားတယ်။ တစ်ခါတလေတောင်းဆိုညည်းညူတယ်။ တစ်ခါတလေ တောင်းပန်ဖို့ရန် သွားတယ်။ တစ်ခါတလေ မေးခွန်းထုတ်ဖို့သွားတယ်။ တစ်ခါတလေ လက်ဆောင်ယူသွားတယ်။ တချို့သောအချိန်၌ အိမ်ရှေ့တံခါး မှာ ရှိတဲ့ ခြေသုတ်အဝတ်အောက်က သော့ကို ယူပြီး ကိုယ့်အိမ်မဟုတ်လည်း အထဲကိုဝင်လေ့ရှိတယ်။တစ်ခါတလေကျလည်း တံခါးမဖွင့်မချင်းအထိ တံခါးအပြင်မှာပဲ သည်းတွားပြီးစောင့်လေ့ရှိတယ်။

(၈) လူတွေက သူတို့ရဲဘဝမှာ တစ်ခုခုမျှော်လင့်ဖို့ရန်အတွက်တောင်းတနေကြတယ်။ဒါပေမဲ့ မျှော်လင့်ဖို့ရန်ကြောက်တတ်ကြပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/35lwikd

Add new comment

16 + 0 =