သက်ကြီးရွယ်အိုများသည်နူးညံ့သိမ်မွေ့မှုကိုသင်ကြားပေးသူများဖြစ်သည်

သက်ကြီးရွယ်အိုများသည် နူးညံ့သိမ်မွေ့မှု့ကို သင်ကြားပေးသူများပင်ဖြစ်ကြောင်း ချီးမြှင့်ပြောဆို ဒုတိယအကြိမ်မြောက် ကမ္ဘာ့ "အဖိုးအဖွားနှင့် သက်ကြီးရွယ်အိုများနေ့" ၌သတင်းစကားပြောကြားရာတွင် မိမိတို့​၏အဖိုးအဖွားနှင့် သက်ကြီးရွယ်အိုများအတွက် ကက်သလစ်ဘာသာဝင်များမှ ဆုတောင်းပေးကြပါရန် တိုက်တွန်းလျက် သူတို့ကို သိမ်မွေ့နှိမ့်ချခြင်းကို သင်ကြားပေးသူများအဖြစ် ပုပ်ရဟန်းမင်းကြီးက ခေါ်ဆိုလိုက်ပါတယ်။ သက်ကြီးရွယ်အိုများသည် ကျွန်ုပ်တို့လူ့အသိုင်းဝိုင်းအတွက် သက်ကြီးရွယ်အိုများသည် အရေးကြီးသူများပင်ဖြစ်ကြောင်း ပါပါးဖရန်စစ်က အလေးပေး ပြောကြားခဲ့ပါတယ်။ ကက်သလစ်ဘာသာဝင်များကလည်း သူတို့ကို အထူးစောင့်ရှောက်ပေးကြပြီး သူတို့အတွက်ဆုတောင်းပေးကြပါရန်လည်း ပါပါးက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုများတွင် ဂရုစိုက်ခံရခြင်း၊ပြန်လည်သုံးသပ်တတ်ခြင်းနှင့် ချစ်မြတ်နိုးခံရခြင်းတို့အပေါ် အလွယ်တကူခံစားသိရှိနိုင်သည့် စွမ်းအင်ရှိပြီး လူ့အသိုင်းဝိုင်းအတွက် များစွာသော လက်ဆောင်မွန်များကို ယူဆောင်ကမ်းလှမ်းပေးနိုင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။ " သူတို့ရဲ့ပညာဉာဏ်နှင့် အတွေ့အကြုံများကို ဝေမျှခြင်းဖြင့် လူငယ်များအား တာဝန်ယူ တတ်ပြီးအနာဂါတ်အတွက် မျှော်လင့်ချက်များ ဖြစ်လာစေ၍ သိမ်မွေ့မှု့ကို သင်ကြားပေးနိုင်ရန် "သူတို့တွေအတွက်ဆုတောင်းပေးကြပါစို့ဟု ပါပါးက ထပ်ဖြည့် ပြောခဲ့ပါတယ်။ "ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးဟာ ကြမ်းတမ်းခက်ထန်မှု့ များနှင့် ပြည့်နှက် နေသဖြင့် မှန်ကန်သော တော်လှန်ရေးဖြစ်သည့် သိမ်မွေ့ခြင်းကို ဖော်ဆောင်ရာတွင် သက်ကြီးရွယ်အိုများသည် ကြမ်းတမ်းခက်ထန်မှု့များကို လျှော့ချရာ၌ အကူညီပေးကောင်းပေးနိုင်ပါမည်"ဟုလည်း ပါပါးက ထုတ်ဖော်ပြောဆိုပါတယ်။ သက်ကြီးရွယ်အိုများ အသက်ရှည်စွာနေထိုင်နိုင်ပါစေကြောင်း ယုံကြည်သူများမှ ဆုတောင်းပေးကြပါရန်နှင့် သို့မှသာ သူတို့ရဲ့ဗဟုသုတ နှင့် အသိပညာတို့သည် လူငယ်များအတွက် တာဝန်ယူတတ်မှု့နှင့် အကောင်းမြင်တတ်ခြင်းဖြင့် အနာဂါတ် ကိုမျှော်ကြည့်ရန်ခွန်အား ဖြစ်စေ မည် ဟု ပုပ်ရဟန်းမင်းကြီးက ထောက်ပြ ပြောဆိုပါတယ်။ ထို့အပြင်စွန့်ပစ်ခြင်း ဓလေ့ကို ဆန်ကျင်တွန်းလှန်ရန် အလွန်အ​ရေးကြီးကြောင်း ၊အစွန်ပစ်ခံ တဦးတည်း ကြမ်းတမ်းခက်ခဲမှု့ဖြင့် အချိန်ကြာမြင့်စွာ ရုန်းကန်လှုပ်ရှားနေရသူများအား ညွှန်းဆိုထောက်ပြလျက် ပါပါးက တောင်းဆိုခဲ့ပါတယ်။ ယေဇူးရှင်​၏ အဖိုးနှင့်အဖွားဖြစ်သည့် စိန့်ဂျိုကင်းနှင့်စိန့်အာနားတို့​၏ ပွဲနေ့နှင့် အနီးကပ်ဆုံး ဖြစ်သည့် ဇူလိုင်လစတုတ္ထပါတ် တနင်္ဂနွေနေ့ကို "ကမ္ဘာသက်ကြီးရွယ်အိုများနှင့် ဖိုးဖွားတို့နေ့" အဖြစ် ကျင်းပရန် ပုပ်ဖရန်စစ်က သတ်မှတ်ပေးခဲ့ပါတယ်။ ဤကြေငြာချက်သည်လည်း ၂၀၂၁ ခုနှစ် မတ်လ၁၉ရက် မယ်တော်​၏ခင်ပွန်တော် စိန်ဂျိူး ဇက်ပွဲနေ့တွင် အစပြုခဲ့သည့် "မိသားစုများနှစ်" နှင့်လည်း တိုက်ဆိုင်ထပ်တူကျခဲ့ပါတယ်။ထို နှစ်ကို၂၀၂၀ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် ကမ္ဘာ့မိသားစုများတွေ့ဆုံစည်းဝေးပွဲတွင် ပိတ်သိမ်းခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် " ကမ္ဘာ့သက်ကြီးရွယ်အိုများနှင့် အဖိုးအဖွားတို့ နေ့" သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျရောက်ပါတယ်။ ယခုနှစ်​၏ ဆောင်ပုဒ်မှာ " အသက်ရွယ်ကြီးရင့် ချိန်တိုင် သူတို့သည် သီးပွင့်ကြလိမ့်မည်" ( ဆာလံ: ၉၂:၁၅) ဟုဖြစ်ပါတယ်။ဤဆောင်ပုဒ်က ထောက်ပြ အလေးပေးပြောကြားလိုသည်မှာ " ကျွန်ုပ်တို့ရဲ့အဖိုးနှင့်အဖွား တို့သည် လူ့အသိုင်းအဝိုင်း နှင့် အမိအသင်းတော်အတွက် ကောင်းချီးမင်္ဂလာပင်ဖြစ်ကြောင်း" ပင်ဖြစ်သည်။ အာဗီအေ ဘာသာပြန်- မာကုစ်ညီညီထွန်း

Add new comment

13 + 2 =