ဝက်သားဟင်းစောမစားသင့်ပါ

အကြော်စုံကို တစ်နေ့ (၃)သိန်းဖိုး ရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီး အိမ်ပိုင်တာတို့၊

ငပိရည် ကြက်သားသုပ်ရောင်းပြီး တိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီး နိုင်ငံခြားမှာ သားသမီးကို ကျောင်းထားတာတို့၊

ဘေထုတ်ရောင်းပြီး ကား၀ယ်တာတို့ ...စတာတွေကို လိုင်းပေါ်မှာချီးကျူးတာထက် ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်.......

၊ Express ကားစီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့ ...

ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှ အကုန်ကြားနေရတာ၊

ဒရိုင်ဘာက ငြီးငြူနေတာ ငါတစ်လ(၁၅)သိန်းကျော်ရတယ် အခုထိအဖတ်တင်တာဘာမှမရှိဘူးတဲ့ ငါ့စပယ်ယာက တလ (၁)သိန်းခွဲဘဲရတယ်

အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ၀ယ်ပြီးပြီတဲ့၊ အဲ့‌ဒီကောင်ကွာ နဲနဲနောနောတွက်ကပ်တဲ့ကောင် မဟုတ်ဘူးတဲ့၊

ဒီ‌ကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး၊ အပြင်မုန့်ပဲသရေစာ ဘာမှမစားဘူး၊ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်၊

ဂိတ်ရောက်ရင်‌ကျွေးတာ စားတယ်၊ ရယ်ဒီမိတ်ကော်ဖီ တစ်ထုတ်(၂)ခါခွဲသောက် တယ်တဲ့၊ အပြင်အ၀တ်အစား မ၀ယ်ဘူးတဲ့ ဒါကကိုယ်တွေ့ နားနဲ့ကြားခဲ့တာ...

နောက်စတိုရီတစ်ပုဒ်ကတော့ ကြားဖူးနား၀ပါ ဘာလဲဆိုတော့ ရွာတရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သားမိသားစု (၂)စုရှိတာပေါ့

နှစ်တွေအတော်လေး ကြာလာတော့လယ် လုပ်သားမိသားစု တစုကတိုက်နဲ့တာနဲ့ အိမ်ဆိုင်အကြီးကြီးနဲ့ ရုတ်တရက်ကြီး ဖြစ်လာတာပေါ့

အဲ့ဒါနဲ့ဆင်းရဲမြဲ ဆင်းရဲဆဲအိမ်က အရမ်းသိချင်လာတော့ အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေး၀ယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့၊

မင်းတို့နဲ့ ငါတို့နဲ့အတူတူ နှစ်တွေဖြတ်သန်းလာတာ၊ မင်းတို့ကဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း၊ ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့…..

အဲ့ဒီမှာ သူဌေးကဘယ်လို ဖြေလိုက်လဲဆိုတော့ "မင်းတို့က၀က်သားဟင်း စော စားခဲ့ကြတာ‌ကိုးတဲ့"

အဲ့ဒီမှာ သူဆင်းရဲလယ်သမားက ဒါလဲဟုတ်ပေတာဘဲ ငါတို့နေ့တိုင်းရသမျှ ငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ၀ယ်ခြမ်းစားသောက် နေတဲ့အချိန်မှာ

သူတို့အိမ်ကလယ်ကန်သင်းက ကန်‌ဇွန်းရွက်လေးခူးကြော်၊ ငပိထောင်းလေးနဲ့ နေခဲ့ကြတာဘဲလေတဲ့၊ ဒါကကြားဖူးနား၀ ဘယ်က‌စတယ်တော့ မသိပေမယ့်

"မင်းက ၀က်သားဟင်း စော စားခဲ့တာကိုး"ဆိုတဲ့စကားကို ကြိုက်လို့ မှတ်ထားတာ........

 သူတစ်ပါးအောင်မြင် ဖြစ်ထွန်းသွားတဲ့အခါ ရုတ်တရက်ကြီး ချမ်းသာလာတာလား၊ ဖြစ်ကိုမဖြစ်နိုင်ဘူး၊

မဟုတ်တာ လုပ်စားလို့၊ ဖြတ်လမ်းနည်းနဲ့လုပ်လို့ရလာတာလို့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့မရဘူး

သူတို့ဘယ်လို ဒုက္ခခံ၊ဘယ်လို အငတ်ခံ၊ အခက်အခဲတွေကြားဘယ်လိုဖြတ်သန်းခဲ့သလဲ၊

လူ့စည်းစိမ်ကို တစ်ပါးသူတွေခံစားနေချိန်မှာ သူတို့မနက်(၄)နာရီထပြီး ဈေးပေါပေါပဲပဲကုန်စိမ်းတွေ လိုက်ကောက်၊

တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊

ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊

နားလည်နိုင်စွမ်း ရှိရမယ်။ လူ့စည်းစိမ်ကို လူတိုင်း ၀ယ်စား ၊ကြိုက်တယ်၊

စားချင်တာလေးတွေ လုပ် မယ်မယ်ရရ မရှိဘဲဖုန်းသုံး၊ တီဗီကြည့် ..

စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊ တစ်ခုခုလုပ်ဖို့ အားထည့်မယ် မကြံသေး ဘူး၊နားအုန်းမယ် ၊ နားချင်ပြီ ။

အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား ၊လုပ်ချင်ပါတယ်၊ လုပ်လို့လည်း ကောင်းပါတယ်၊

ဒါပေမယ့် အဲ့လိုလူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်.....

ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့၊ သင့်တင့်မျှတအောင် မစားဘဲနဲ့ nutrition out ပြီး စုဆောင်းထားသမျှ

ဆေးရုံမှာကုန်တယ် ဆိုတာလည်း မဟုတ်သေးဘူး၊ ဒါပေမယ့် ကိုယ်မလိုချင်တဲ့ ဘ၀တစ်ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့

မလုပ်ချင်လည်းလုပ်၊မတွက်ကပ်ချင်လဲ တွက်ကပ်ရတော့မယ့် အရာတွေ ရှိလာတတ်တယ်၊ ငွေပေါ်ငွေဆင့်ပြီး ရှာဖို့လည်း

အရင်းအနှီးမရှိရင်တော့ ကပ်စေးနဲ တဲ့ နည်းလမ်းကိုရွေးချယ်တာ အသင့်တော်ဆုံးပါ..... အာဟာရ သင့်တင့်မျှတအောင် စားပြီးစုနိုင်ဆောင်းနိုင်ကြပါစေ…… ။

Add new comment

15 + 5 =