လူတိုင်းမှာရှိသင့်သောအချက်ကလေးများ

ဒီကနေ့အတွက် လူတိုင်းမှာရှိသင့်သောအချက်ကလေးတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။လှည့်စား၊သစ္စာမဖောက်ပါနဲ့အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။မမုန်းပါနဲ့ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။စိတ်မပူပါနဲ့ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။အကောင်းမြင်တတ်အောင် ကြို းစားပါ။လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။
ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။အမြင့်ဆုံးမှန်းပါခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျို းပဲ။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါကိုယ်မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်မလာရင် ကိုယ်ပဲနာကျင်တတ်တယ်။ပြီးတော့ တစ်ဖက်သားကိုလဲ မျော်လင့်ချက်တွေပေးပြီးပြန်မရုတ်သိမ်းပါနဲ့။အကြီးမားဆုံး ရန်သူကို သင်ရတတ်တယ်။ရိုးစင်းစွာ ရှင်သန်ပါတန်ဖိုးကြီး နာရီ၀တ် ၊ ကားစီးနိုင်မှ လူရာ၀င်တာ မဟုတ်ဘူး။ရထားတဲ့ဘ၀ကို ပျော်ပျော်နေ ၊ကျေးဇူးတင်တတ်ပါစေ။ရွေးချယ်မှုတိုင်းကို ပျော်ရွှင်ခြင်းနှင့် အရင်တိုင်းတာ။ရွေးချယ်မှုဆိုတာ တစ်ခါပဲ ဖြစ်တယ်။ ဒါကြောင့် တန်ဖိုးထား ပါ။ဂန္ဒီဟာ အခြားနိုင်ငံတစ်ခုကို ရောက်သွားတဲ့အခါ... လက်ဝတ်ရတနာဆိုင်ဘေးက ဖြတ်လျှောက်မိပါသတဲ့...
ပြထားတဲ့ လက်ဝတ်ရတနာတွေကို ကြည့်မိတော့ ဆိုင်ရှင်က နာမည်ကျော် ဂန္ဒီကြီးဆိုတာသိတဲ့အတွက် ဆိုင်ထဲဖိတ်ခေါ်လိုက်တယ်... ရတနာတွေကို လိုက်လံပြသပြီး စျေးနှုန်းတွေလည်း ရှင်းပြတယ်... မဟတ္တမ ဂန္ဒီကြီးသာ ဆန္ဒရှိပါက ဆိုင်ထဲက နှစ်သက်ရာကို တောင်းဆိုနိုင်ကြောင်း လက်ဆောင်အဖြစ်ပေးပါမည့်အကြောင်း ပြောသတဲ့...
ဂန္ဒီက ..." ကျေးဇူးတင်ပါတယ်... ဒီဟာတွေမလိုချင်ပါဘူးဒါပေမယ့် အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်... ပျော်ရတာတခြားမဟုတ်ပါဘူး... ဒီလောက်တန်ဖိုးကြီးတဲ့ရတနာတွေ မရှိဘဲလည်း ကျူ ပ်အသက်ရှင်နေနိုင်တာ သိရတဲ့အတွက်ပါ.."လို့ပြန်ပြောလိုက်ပါသတဲ့....အသက်ရှင်နေထိုင်ဖို့ မရှိလည်းဖြစ်တဲ့အရာတွေကို ရှာဖွေရင်း တန်ဖိုးရှိတဲ့ဘဝကို မဖြုန်းတီးလိုက်ပါနဲ့...များများပေးကမ်းပါဒါဟာ လူ့ကျင့်၀တ်တစ်မျို းဖြစ်တယ်။ခင်မင်ရင်နှီးမှုမှာ များစွာမှာ ပေးကမ်းခြင်းပါပြီး သစ္စာရှိတဲ့မိတ်ဆွေတွေကို သင်ပြန်ရတတ်တယ်။အမြဲတမ်းပြုံ းပါဒါဟာ ပတ်၀န်းကျင်နှင့် သင့်အကြားက တံခါးပဲ ဖြစ်တယ်။လက်မလျှော့နဲ့ဆင်ခြေမပေးပါနဲ့။မတွေးနဲ့။လူကို နုံးပန်းစေသွားနိုင်တာဟာ ဆင်ခြေဆင်လက်တွေ ဖြစ်တယ်။ စတဲ့ခရီးကို အဆုံးထိသွားနိူင်အောင်ကြို းစားပါ။ပေးဆပ်မှုတိုင်းမှာ ကောင်းမွန်တဲ့ အဖူးအပွင့် ရှိတတ်တယ်။လက်လွှတ်တတ်ပါ။ဖူးစာမှားကြီးကို ဆက်တွယ်ထားနေသ၍တော့ ဖူးစာမှန်ကိုတွေ့မှာမဟုတ်ဘူး။အခွင့်အရေးဟာ နှစ်ခါ မရကြောင်း နားလည်ပါလူတိုင်းဟာ ဒုတိယအခွင့်အရေးနှင့်တော့ ထိုက်တန်ပါတယ်။ဒါပေမဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ ကိုယ့်ဘ၀ကိုနှစ်ကြိမ်စုံကန် နင်းထွက်သွားပြီ ဆိုရင်တော့သူဟာနောက်တစ်ကြိမ် ဒီလို လုပ်ဖို့ ၀န်လေးမှာ မဟုတ်ဘူး။ဝေဖန်ခြင်းကို လက်ခံတတ်ပါတဖက်သားရဲ့ မိမိအပေါ်အမြင်ဟာ အရေးမကြီးပါဘူး။သို့သော် သူတို့ရဲ့ ဝေဖန်ချက်ဟာ တစ်ခါတစ်လေ အမှားကို ထောက်ပြတတ်တယ်။အချိန်ကို နေရာပေးပါ၊၊မစောင့်ပါနဲ့အချိန်ဟာ အရာအားလုံးနီးပါးကို ဖြေဖျောက်ပေးနိုင်ပါတယ်။ဒါပေမဲ့ အချိန်ကို မစောင့်ပါနဲ့။ လုပ်စရာ ရှိတာကို ထလုပ်ပါ။တွေးတောနေတာထက် အကောင်အထည်ဖော်ရင် အိပ်မက်ဟာပို ပီပြင်လာပါလိမ့်မယ်။

Add new comment

12 + 2 =