လီမာမြို့သူစိန့်ရို့စ် (St Rose of Lima)

လီမာမြို့သူစိန့်ရို့စ် (St Rose of Lima)

သြသဂုတ် (၂၃)ရက်နေ့မှာ လီမာမြို့သူစိန့်ရို့စ်ရဲ့ ပွဲနေ့ကို ကျင်းပကြပါတယ်။ သူမဟာ ၁၅၈၆ခုနှစ်၊ တောင်အမေရိကတိုက်မှာရှိတဲ့ ပီးရူး(Peru)နိုင်ငံ၊ လီမာမြို့တွင် နေထိုင်ကြတဲ့ စပိန်မျိုးနွယ်စုကနေ မွေးဖွားခဲ့ပါတယ်။

သူမဟာ မိဘများကို အလွန်ကျိုးနွံသူဖြစ်ပြီး ဆီအယ်နာမြို့သူ စိန့်ကက်သရင်းရဲ့ ဝိညာဉ်ရေးကျင့်စဉ်တွေကို အားကျအတုယူ ခဲ့ပါတယ်။ သခင်ယေဇူးကို ချစ်တဲ့ စိတ်နဲ့ သူမအား ခိုင်းသမျှကို ပြုံးရွှင်စွာ လက်ခံဆောင်ရွက်ခဲ့ပါတယ်။ လူအများအတွက် အမြဲကြိုးစားပြီး ကူညီခဲ့တယ်။ ဒါ‌ကြောင့် သူမရဲ့ ချမ်းသာတဲ့ မိဘဆွေမျိုးတွေက သူမကို လှောင်‌ပြောင် ခဲ့ကြတယ်။ စိန့်ရို့စ်ဟာ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် သူမကို မြင်သူတိုင်း ငေးမောကြည့် ခဲ့ကြတယ်။ သူမ၏မိခင်က သူမအား လှပတဲ့ အဝတ်အစားတွေကို ဝတ်ဆင်စေလိုသော်လည်း "နှလုံးသားလှဖို့က ပိုပြီးအရေးကြီးပါတယ်အမေ"ဟု သူမပြန်ပြော ခဲ့ပါတယ်။ သူမရဲ့ အလှတရားက လူတွေကို အနှောက်အယှက် ဖြစ်စေတယ်လို့ ခံစားမိတာ‌ကြောင့် သူမအလှပျက်အောင် ပူလောင်တဲ့ ငငြုပ်ကောင်းမှုန့်တွေကို သူမရဲ့ မျက်နှာမှာ ပွတ်လူးခဲ့တယ်လို့ ဆိုပါတယ်။ ချမ်းသာတဲ့ လူငယ်တစ်ဦးက သူမအားလက်ထပ်ပြီး ခမ်းနားတဲ့ အိမ်တစ်လုံးနဲ့ အချွေအရံများစွာ လက်ဖွဲ့အဖြစ် တင်တောင်းခဲ့သော်လည်း သူမက လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

သူမဟာ Third Order of St. Dominic အသင်းကို ဝင်‌ေရာက်ခဲ့ြပီး သခင်ယေဇူးကိုသာ လုံးလုံးလျားလျားချစ်ပြီး ဘုရားသခင်ကိုသာ အစေခံဖို့ ဆန္ဒရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် သခင်ယေဇူးရဲ့ ဆူးဗောင်သရဖူနဲ့ တူတဲ့ပန်းခွေကိုသာ သူမရဲ့ ဦးခေါင်းမှာ စွပ်ထား တတ်ပါတယ်။ သူမရဲ့ အိပ်ချိန်ကို လျှော့ကာ အစာရှောင်ပြီး ပိုဆုတောင်း ခဲ့ပါတယ်။ ကပ်ရောဂါ‌ကြောင့် သူမရဲ့ မိသားစု ဆင်းရဲလာတဲ့အခါ သူမ နေ့စဉ်အပြင်ထွက်အလုပ်ရှာဖွေ လုပ်ကိုင်ပြီး ညဘက် အိမ်တွင် စက်ချုပ်ခြင်းအားဖြင့် မိဘများကို ကူညီခဲ့ပါတယ်။ ရို့စ်ဟာ ဆင်းရဲသားများအိမ်သို့ သွားရောက်ပြီး အားပေးစကားပြောကြားခြင်း၊ အစားအသောက်များ ပေးဝေခြင်းတို့ကိုလည်း ကြိုးစားလုပ်ပြုခဲ့တယ်။

ဘုရားသခင်ထံမှာ သူမရင်ဆိုင်နေရတဲ့ အခက်အခက်၊ ဒုက္ခပြဿနာများသာမက ဆင်းရဲခြင်းနဲ့ ကောင်းမှုကုသိုလ်တွေကို အပြစ်ရှိသူများအတွက် ပူဇော်ခဲ့ပါတယ်။ ဒါ‌ကြောင့် သခင်ယေဇူးဟာ ကလေးအသွင်နဲ့ သူမအား မကြာခဏ ထင်ရှားပြပြီး သူမရဲ့ စေတနာမေတ္တာ ထားကာ ပြုလုပ် ဆောင်ရွက်ချက်များအတွက် အလွန်ကျေနပ်မိတယ်လိုု့ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ နေမကောင်ဖြစ်ပြီး ၁၆၁၇ ခုနှစ် အသက်(၃၁)နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူမဟာ အမေရိကတိုက် တစ်ခုလုံးအတွက် ပထမဆုံးသူတော်စင်အဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ်ပါတယ်။

လီမာမြို့သူစိန့်ရိုစ့်၊ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးမူပါ။ အာမင်။

လိုအပ်ချက် Sourc:The Biography of Saints & CNA

Add new comment

15 + 0 =