လိုချင်တာရအောင်ယူနည်း

လိုချင်တာ ရအောင်ယူနည်း လူတွေမှာ စီးပွားရေးပဲလုပ်လုပ်၊

အားကစားပဲလုပ်လုပ် ၊အောင်မြင်အောင်ပဲလုပ်လုပ်၊ ဘယ်အလုပ်မဆို သူတို့က ထိပ်ဆုံးဆိုတာကို လိုချင်ကြတယ်။

ပိုင်ဆိုင်ချင်ကြတယ်။ လိုချင်တာ၊ ပိုင်ဆိုင်ချင်တာက လူတိုင်းရဲ့သဘာဝပါ။

လူတိုင်းမှာ ဖြစ်ချင်စိတ်၊ရချင်စိတ်၊လိုချင်စိတ်ရှိကြတယ် ဆိုတာကိုသိပြီးသားပါ။

ကိုယ်လိုချင်တဲ့အရာကို ရအောင်လုပ်လိုတဲ့ ခွန်အားတွေ၊ ဇွဲတွေ၊ လုံ့လ၊ဝီရိယတွေ ရှိတတ်ကြတယ်။

ကိုယ်ရချင်တဲ့အရာကို ကြိုးစားနေတဲ့အချိန်မှာ လူတွေနဲ့ဆက်ဆံတဲ့အခါ၊

လူတွေနဲ့ဆက်ဆံတဲ့အပိုင်းကိုရောက်လာတဲ့အခါ ကိုယ်လိုချင်တာတစ်ခုတည်းကို ရှေ့တန်းတင်လို့မရပါဘူး။

ကျွန်တော်တို့လိုချင်တာတစ်ခုခုရှိလာပြီဆိုရင် ကိုယ်လိုချင်တာကို အရင်ပေးရပါမယ်။

ဥပမာ သမီးရည်းစားနှစ်ဦးမှာဆိုရင် ကောင်လေးက ကောင်မလေးကို ပြန်ချစ်စေချင်တယ်ဆိုရင် ကိုယ်ကအရင် အချစ်ပေးရပါမယ်။

မိဘတွေအနေနဲ့ သားသမီးတွေက ကိုယ်ကိုပြန်ပြီးစောင့်ရှောက်စေချင်တယ်ဆိုရင် မိဘတွေက သူတို့ရဲ့အချစ်တွေ၊ဂရုဏာတွေကိုအရင်ပေးရတယ်။

စီးပွားရေးမှာလည်း ဒီလိုပဲ။ ရောင်းဝယ်မှုအပိုင်းမှာ ရောင်းသူက မိမိရဲ့ Products တွေကို Customers တွေဝယ်ချင်လာအောင် သူတို့ကို Service ကောင်းကောင်းလေး အရင်ပေးရတယ်။

ဒါမှသာ ရောင်းဝယ်မှု ဖြစ်မှာဖြစ်တယ်။

ဘယ်အရာပဲလုပ်လုပ် ကိုယ်ကအရင်ပေးဖို့ လိုအပ်တယ်။

သတ်မှတ်ချက်၊ စည်းကမ်းတစ်ခုအနေနဲ့ဆိုရင် ကိုယ်လိုချင်တာကို အရင်ပေးပါ။

ဒါမှသာ ပြန်ရလာမယ်။ ကိုယ်က အကြင်နာလိုချင်ရင် အကြင်နာပေးပါ။

ကိုယ်က လူတွေရဲ့ယုံကြည်မှုကို လိုချင်ရင် ကိုယ်ရဲ့ယုံကြည်မှုကို သူတို့အားအရင်ပေးပါ။

သူများတွေ ဥပမာကိုယ်ရဲ့အသင်း၊အဖွဲ့သား၊အလုပ်သမားတွေကို မိမိရဲ့အလုပ်မှာ အချိန်မှန်မှန်လုပ်စေချင်တယ်ဆိုရင်၊

ကြိုးစားစေချင်တယ်ဆိုရင်၊တိုးတက်စေချင်တယ်ဆိုရင် ကိုယ်ရဲ့အသင်း၊အဖွဲ့သား၊အလုပ်သမားတွေရဲ့ရှေ့မှာ ကိုယ်ကရှေ့ဆောင်လမ်းပြကောင်းဖြစ်အောင် အရင်လုပ်ပြရမယ်။

ကျွန်တော်ကို ပြောကြပါတယ်။ အပြောကတော့ လွယ်တယ်၊အလုပ်ကခက်တယ် ကိုသူရရေလို့။ ဟုတ်ပါတယ်။

အင်မတန်မှ ခက်ပါတယ်။ ကျွန်တော်က အခုလိုလူတွေကို ပြောတယ်ဆိုရင် ကျွန်တော်လည်း ကိုယ်တိုင်လိုက်လုပ် ရပါတယ်။

တကယ်လည်း ခက်ပါတယ်။ ခက်တာကိုလည်း နားလည်ပါတယ်။ အောင်မြင်တဲ့လူတိုင်းကလည်း အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။

ဒီနေ့ပြောချင်တဲ့အကြောင်းအရာက ကိုယ်လိုချင်တာရှိလာရင် အဲ့ဒါကို ကိုယ်ကအရင်ပေးပါ။ နောက်ပိုင်းမှကိုယ်က ပြန်ရလာမှာဖြစ်တယ်။

Add new comment

1 + 13 =