ရှင်ဖရန်စစ်အစီးစီ (သို့) ချမ်းသာစစ်ကိုရှာတွေ့ခဲ့သူ

ရှင်ဖရန်စစ်အစီးစီ (သို့) ချမ်းသာစစ်ကိုရှာတွေ့ခဲ့သူ

သူ့ကိုအစီးစီမြို့၏ ဆင်းရဲသားလေးဟုလည်းတင် စားလူသိများကြသည်။ သူ့ကို (၁၁၈၂) ခုနှစ်၊ အီတလီနိုင်ငံ၊ အစီးစီမြို့ ၌မွေးဖွားခဲ့ပါသည်။ ဖခင်ဖြစ်သူသည် အစီးစီမြို့၏လူချမ်း သာတစ်ဦးဖြစ် သည်။ ဖရန်စစ်သည် ပျော်ပျော်နေတတ်သူ၊ သဘာ၀ တရားကိုလည်း ခံစား တတ် သူဖြစ်ပြီး၊ မိတ်ဆွေပေါသူလည်းဖြစ်သည်။ သူ ၏မိတ်များတွင် လူချမ်းသာ သားသ မီးများ၊ ဂုဏ်သရေရှိလူကြီးများ၏ သား သမီးများဖြစ်ကြသည်။ သူသည် ရွှေလင်ဗန်းနှင့်အချင်း ဆေးခဲ့သူလည်းဖြစ်ပြီး၊ မိဘ၏စည်းစိမ်ကိုလည်း အတိုင်းအ တာတစ်ခုအထိ စံ စားခဲ့သူလည်းဖြစ် သည်။ လူငယ်သ ဘာ၀အတိုင်း အ သင်းအပင်းများနှင့် သောက်စား၊ ပျော် ပါးခြင်းနှင့်မကင်းနိုင်ခဲ့ပေ။

တစ်နေ့…. သူငယ်ချင်းများနှင့် ပျော်စေပျက်စေ အရွှမ်းဖောက်နေစဉ်း၊ ဖရန်စစ်အနားသို့ သူ ဖုန်းစားတစ်ယောက် စွန့်ကြဲပေး ကမ်းရန် တောင်းဆိုရင်း ချဉ်း ကပ်လားသည်။ အ လွန်ကြင်နာတတ်သောဖရန်စစ်သည် မိမိ၏အိတ်ကပ်ထဲ၌ ရှိသမျှသောငွေစများကို သူဖုန်းစားအားပေးလိုက်လေ ၏။ ဤသို့ပြုလိုက်သောကောင်းမူကြောင့် သူငယ်ချင်းများက သူ့အားပြောင်‌လှောင်ခဲ့ကြ သော်လည်း ဂရုမစိုက်ခဲ့ပေ။ အဆိုပါသူဖုန်းစား၏ အဖြစ်အခြေအနေသည်သူ့ ခေတ်ကာလ၏ကြေးမုံပြင်တစ်ခုဖြစ်နေသောကြောင့် ငွေစများကိုပို၍ပေးပစ်လိုက်သည်။ ဖခင်ဖြစ်သူက သားဖြစါသူ၏လုပ်ရပ်‌ ကြောင့် မိမိသားသည် မူမမှန်ဖြစ်သွားသောကြောင့် မိ မိ၏ဥစွာများကို ဖြုန်းတီးနေကြောင်းတွေးထင်ခဲ့သည်။

ဤသို့ဖြစ်ပျက် ပြီးနောက်းမကြာမီမှာပင် ဖရန်စစ်သည် အဖျားရောဂါတစ်မျိုးကြောင့်၊ အိပ်ယာထဲ၌လပေါင်း အ တော်ကြာလဲနေခဲ့ရသည်။ ထိုအဖျား ရောဂါကြောင့် သေ လုနီးပါးဖြစ်ခဲ့သည်။ ရောဂါကြောင့်အိမ် ရာထဲလှဲနေခဲ့သောအချိန်၌ သူသည်ပိုမိုဆုတောင်းဖြစ်ခဲ့ ရုံတင်မကဘဲ၊ မိမိ၏ အနာဂါတ်ဘ၀ဆုံး ဖြတ်ချက်ကိုလည်း၊ ပြတ်သားစွာချမှတ်နိုင်ရန် အလင်းကျေး ဇူးတော်ကိုလည်းတောင်းဆိုခဲ့သည်။ မိမိရှင်သန်ခဲ့သော ဘ၀ကိုလည်း ပြန် လည် နောင်တယူပြီး၊ ရိုးရှင်း၍ဂုဏ် ပကာသနကင်းသောဘ၀ကိုရှင်သန်ရင်း၊ လူ့အသိုင်းအဝိုင်းကိုအကျိုးပြုသူနှင့်ဘု ရားရှင်၏လက်ရာ တော်များကို ပြညွှန်သောသဘာ၀အလှကိုလည်း ထိန်းသိမ်းကာကွယ်ရန်၊ စိတ်ပိုင်းဖြတ်ခဲ့သည်။

သူပြန်လည်နေကောင်းလာသည်နှင့်၊ မိဘနှစ်ပါးအား၊ သူ၏ စိတ်ဆုံးဖြတ်ချက်ကိုဖွင့်ပြောလိုက်ပါတော့သည်။ ငယ်ထိပ်ပိုးထိသည်သို့နှယ်၊ မိဘများ မှာဆတ်ဆတ်ခါ၊ ပေါက်ကွဲပါတော့သည်။ ဆုံးဖြတ်ခဲ့သည့် အတိုင်းပင်၊ သူ၏ဘဝဟောင်းကိုခါဝါချလိုက်ပြီး၊ စျေးကြီးသော အ၀တ် အစား များ ကို၊ မရှိဆင်းရဲသားများအားပေးပစ်ခဲ့ပါသည်။ သူ့အနေဖြင့်၊ ပို၍အဖိုးအခကြီးသောဥစွာကို၊ စတင်ရှာဖွေပါတော့သည်။ ဖခင်းဖြစ် သူသည်၊ သားတော် မောင်၏လုပ်ရပ်အပေါ်ရှက်လည်းရှက်၊ ဒေါသ လည်းထွက်ခဲ့ရပါသည်။

“မင်းကျေးဇူးဆပ်တယ်ဆိုတာ ဒါလားကွ။ ငါပင်ပင်ပမ်းပမ်း လုပ်ပြီး၊ ရုန်းကန်ရှာဖွေခဲ့တဲ့ဥစွာကို၊ အသုံးမကျ၊ ကျောမွဲတဲ့လူတွေကို၊ မင်းကအဓိပ္ပါယ်မဲ့၊ ဖြုန်းတီး၊ ပေးပစ်နေတယ်ပေါ့လေ” ဟုဖခင်ဖြစ်သူ က မာန်ပါတော့သည်။ ဖရန်စစ်၏သူငယ်ချင်းများကလည်း၊ သူ့အားလော င်ပြောင်သ ရောကြပါသည်။ ဖခင်ဖြစ်သူကလည်း၊ အိမ်ပေါ်မှသူ့အားနှင် ချပါတော့သည်။ သူလည်းမမူ့။ သူဖုန်းစာတစ်ဦးနှယ်ရပ်တည်ပါသည်။ အရင်သူ၏ သူ ငယ်ချင်းများကသူ့ ကိုခဲများ၊ ရွှံများဖြင့်၊ ပစ်ပေါက်ေ လှာ င်ပြောင်ကြပါတော့သည်။ သို့သော်လက်တုန့်မပြန်ဘဲ၊ သည်းခံခဲ့ပါ သည်။ ရိုးရှင်းသောအ ၀တ် အစားကိုသာ၀တ်ဆင်ပြီး၊ သာမန်အစား အစာများကိုသာစားသောက်အသက်ရှင်ခဲ့ပါသည်။

အိမ်မှနှင်ချခံရပြီးနောက်၊ လှိုင်ဂူတစ်ခုထည်း၌နေ ထိုင်ရင်း ဆုတောင်းခြင်း၊ စဉ်းစားထောက်ရူ့ခြင်းတို့ဖြင့် (၂) နှစ်တာအချိန်ကိုဖြ တ်သန်းခဲ့သည်။ ကြင်နာတတ်သူများသည် သူ့အားစားစ ရာများကိုပေးလေ့ရှိသော်လည်း တစ်ခါ တစ်ရံစားစရာနထိဖြစ်နေတတ်သည်။ သူသည်ဘုရားရှင် ကိုချစ်ကြောက်ရို သေသကဲ့သို့ ဘုရား ရှင်၏ဖန်ဆင်းခံများကိုလည်းချစ်သည်။ သတ္တဝါများအားလုံးကိုလည်း ညီအစ်ကို မောင်နှမများကဲ့သို့ ချစ်ခင်တတ်သူဖြစ် သည်။ သူသည်တစ်ရွာ၀င်တစ်ရွာထွက်ပြီး၊ ဘုရားရှင်၏ ချစ်ခြင်းအကြောင်းများကို၊ လူသားများကိုသာမဟုတ်၊ တိရ စ္ဆာန်များကိုပါဟော ပြောလေ့ရှိသည်။ တစ်ခါက သိုးနှစ်ကောင်သည် လယ် သမားတစ်ဦး၏ပခုံးပေါ်တင်၍သား သတ်ရုံသို့သွားစဉ် အငြိမ်မနေသောကြောင့် ထုထောင်းရိုက်နက်ခံရပြီး၊ နောက်ဆုံး၌အသတ် ခံရတော့မည် ကံကြာမ္မာမှလည်းကယ်ထုတ်ပေးခဲ့ဖူးသည်။

သူ၏အစေခံ

ခြင်းလုပ်ငန်းများ၌ စိတ်၀င်စားသူများ၊ လာရောက်လုပ်ကိုင်နိုင်ကြောင်းကမ်း လှမ်းခဲ့ကြသည်။ အ စီးစီမြို့မှသူဋ္ဌေးမင်း ဘားနာဒ်သည် ဖရန် စစ်၏သန့်ရှင်းစင် ကြယ်သောဘ၀ကို အလွန်အားကျနေခဲ့ရာ နောက်ဆုံး၌ဖရန် စစ်၏လမ်းစဉ်ကိုလိုက်ခဲ့ပါတော့ သည်။ သူသည် မိမိ ၏ရှိသမျှဥစွာမျှကို ဘုရားပလ္လင်၌ပူဇော် လိုက်ပြီး၊ ဖရန်စစ် ၏ ဦးဆုံးသောလုပ်ဖေါ်ကိုင်ဖက်အဖြစ်ခံယူခဲ့သည်။ ထို့ နောက် စိန်ကလဲအ ပါအ၀င်အခြားသူ (၁၁) ဦးတို့သည်လည်း မိမိတို့၏ စည်းစိမ်ဥစွာများကို စွန်လွှတ်ချန်ထားခဲ့ပြီး၊ လူနာများကိုပြု စုခြင်း၊ အခြေအနေ မဲ့သူများကို ကူညီပေးခြင်းစသော ဖရန်စစ်၏လုပ်ငန်း

စဉ်များ၌ ပါ၀င်ကူ ညီလာကြပါတော့ သည်။ ဤအသင်း ဝင် (၁၁) ဦးသည် အီတလီတနံတလျှားသို့ သွားပြီး၊ တရား ဟောကြားခြင်း၊ လူ နာများအားပြုစု

စောင့်ရှောက်ပေးခြ င်း၊ ကောင်းကြီးများပေခြင်းများကို၊ မမောမပမ်းနိုင်အောင် လုပ်ဆောင်ခဲ့ကြသည်။

ကြင်နာတတ်သော၀မ်းမြောက်ဖွယ်သတင်းကောင်းနှင့်ဖရန်စစ်နှင့်အ ပေါင်းအပါတို့၏ ချစ်ခြင်းသည် တော မီးသဖွယ် အချိန်တိုအတွင်း ဥရောပတစ် ခွင်၌ပျံ့နှံ့ခဲ့ပြီး၊ သူ တော်စင်ဖရန်စစ်ဘွဲ့ကိုပင်အသက်ရှင်

စဉ်၌ပင်ရရှိခဲ့သည်။ ထို့အတူလူများကသူ့အား အစီးစီမြို့မှ ကျောမွဲလေးဟုချစ် စနိုးခေါ် ကြသည်။ သူသည်စိတ်တူကိုယ်တူရှိသော လုပ်ဖေါ်ကိုင်ဖက်များစွာ ၏အကူအညီဖြင့် ဆွမ်းခံကြွရသော

ဖရန်စစ်၏ အသင်း ၀င်သူများ၊ အသင်း အဖွဲ့ကိုလည်းတည် ထောင်နိုင်ခဲ့သည်။ အဆိုပါအသင်းသို့ ၀င်လျှင် ရိုးရှင်းသောဘ၀ကိုရှင်သန်ရပြီး၊ အိမ်ထောင် ရေးဘ၀များကိုစွန်လွှတ်ရသည်။ ချစ်ခြင်းနှင့်နာခံတတ်ခြင်းပါရမီကိုဆည်း ပူးရသည်။ ဖရန်စစ်သည် (၁၂၂၈) တွင် ပျံလွန်တော်မူခဲ့သည်။

ဖရန်စစ်၏ ကောင်းသတင်းကျော်ကြားမူမှာ ယ နေ့တိုင်ဖြစ်ပြီး၊ သူ ၏အသက်တာနှင့် သွန်သင်ချက်များ သည် ယနေ့ကျွန်ုပ်တို့လူမူအသိုင်းအ ဝိုင်းကြုံတွေ့နေရသော အခြေအနေ

နှင့်လုံး၀ဆက်နွယ်နေသည်။ အထူးသဖြင့် သဘာ၀ပတ် ၀န်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျှင်း၍ ပိုမိုပေါ်လွင်သော အ ချက်ဖြစ်သည်။ ဖရန်စစ်သည်သူ့ခေတ်အခါ၌ ဖြစ်ပျက်နေခဲ့သော လူတန်းစားခွဲခြားခြင်း၊ ဆင်းရဲချမ်းသာကွာဟမူကြီးမားခြင်း၊ ရုပ်၀ တ္ထု၏လွမ်းမိုးမူလွန်ကဲ့ခြင်းများအား၊ ကူစားပေးရန်၊ ဆေးမီး တိုလေးဖြစ်ခဲ့သည်။ ယနေ့ကျွန်ုပ်တို့ခေတ်၌အားကောင်းလာချေရှိသော အ ယူအဆကို ဖရန်စစ်သည် ပရောဖက်ညာဏ်ဖြင့်သိနေလေ

ရော့သလားဟုပင်ထင်မှတ်ရမလိုဖြစ်ပါသည်။ သဘာ၀တ ရားနှင့်သတတ္တဝါတို့ဆက်စပ်သည်ကို ဖရန်စစ်၏သွန်သင် ချက်များ၌တွေ့ရသော်လည်း၊ ခေတ် သစ်နည်းပညာများ သည် သဘာ၀တ ရားနှင့်လူသားတို့ဘာမျှစမဆိုင်သကဲ့ သို့ ဖြုန်းတီးနေခြင်းကြောင့်၊ သဟဇာတ အဖြစ်အခြေအနေသည် ပျက်သုန်းနေရခြင်းဖြစ်သည်ကိုတွေ့မြင်၊ ကြုံတွေ့နေရခြင်းဖြစ်သည်။ ထို့ကြောင်ဖရန်စစ် သည် ထိန်းညှိပေး ရန်အစွမ်းကုန်ကြိုး စားခဲ့သည်။ ဖရန်စစ်သည် ဝိညာဉ်ရေး စိမ်းလန်းစိုပြေရန်အားထုတ်ရင်း၊ သ ဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကို လည်းမီးမောင်းထိုးပေးခဲ့သော၊ သဘာ ၀ပတ်၀န်းကျင်ထိန်း သိမ်းသောတမန်တော်ပင်ဖြစ်ပါ သည်။

Add new comment

6 + 3 =